Saturday 4 June 2011

ဂျပ်စတင်းဘီဘာနှင်. အဆိုတော် ဆီလီနာဂိုမက်ဇ်တို.၏ အချစ်ဇတ်လမ်း

                                              


  အမေရိကန်နိုင်ငံ လက်ဗီးဂတ်စ်မြို.မှာ မေလ 20 ရက် ညပိုင်းက ဘေလ်ဘုတ်တေးဂီတဆု ချီးမြှင်.ပွဲကြီး
ကျင်းပခဲ.ပါတယ်။ ဒီတေးဂီတဆုဟာ ဂရမ်မီဆုပြီးရင် အကြီးကျယ်ဆုံးသော ဂီတဆုချီးမြှင်.ပွဲကြီး တစ်ရပ်
ဖြစ်ပါတယ်။ ဒီဘေလ်ဘုတ် တေးဂီဆုပေးပွဲများမှာ အမေရိကန် ရက်(ပ်) အဆိုတော် အီမီနမ်နဲ. ကနေဒါလူ
ငယ်ပေါ.ပ်အဆိုတော် ဂျပ်စတင်းဘီဘာ တို.ဟာ အကောင်းဆုံး ခြောက်ဆုဆီ ဆွတ်ခူးနိုင်ခဲ.ကြပါတယ်။ အ
ဆိုတော် အီမီနမ်ကတော. တစ်နှစ်တာ အကောင်းဆုံးဂီတဆု  ဆွတ်ခူးနိုင်ခဲ.ပါတယ်။ ဂျပ်စတင် ဟာ အကောင်းဆုံး မျက်နှာသစ် အဆိုရှင်ဆု၊ အကောင်းဆုံး ပေါ.ပ်အယ်လ်ဘမ်ဆုများ အပါအဝင် ဆုခြောက်ဆု ဆွတ်ခူးနိုင်ခဲ.တယ်လို. သိရပါတယ်။ 
      ဒီဂီတဆုပေးပွဲမှာ အမေရိကန် နာမည်ကျော်သရုပ်ဆောင်အဆိုတော်မလေးဆီလီနာမာရီဂိုမက်ဇ်လည်း
တက်ရောက်ခဲ.ပါတယ်။ သူမအသက်က ၁၈ နှစ်ပဲ ရှိသေးပါတယ်။ တက္ကဆက်သူ ဂိုမက်ဇ်ဟာ Wizards of Waveerly Place အယ်လ်ဘမ်နဲ. ဂီတလောကကို ၂၀၀၇ ခုနှစ်က စတင်ဝင်ရောက်လာ သူဖြစ်ပါတယ်။ 
    ယခုသူနဲ. ကနေဒါ ပေါ.ပ်အဆိုတော်လေး ဂျပ်စတင်း ဘီဘာတို.ဟာ အဲ.ဒီဆုပေးပွဲမှာ ဆုံစည်းရာက ချစ်သူတွေ ဖြစ်သွားကြပြီလို.သိရပါတယ်။ သူတို.နှစ်ဦးဟာကိုယ်ရံတော်တွေ နှစ်ဦးစီရှိတဲ.ကြားကနေချစ်သူ
တွေဖြစ်ကြတာလို.သိရပါတယ်။ကိုယ်ရံတော်တွေရဲ. အောင်သွယ်မှုကြောင်.လား နှစ်ဦးလုံးရဲ.အချစ်စွမ်းအားကို ကိုယ်ရံတော်တွေက မတားဆီးနိုင်ခဲ.တာလား။ ယခုအထိ ဘယ်သူမျှ မပြောနိုင်ကြသေးပါဘူး။။ ဂျပ်စတင်းဘီဘာက ယခုမှ အသက် ၁၈ နှစ်ပြည်.ခါစ။ ဆီလီနာ က လည်း      ၁၈ နှစ်ဆိုတော.အသက်ချင်းလည်းတူ၊ဘဝချင်းလည်းတူ၊ဝါသနာချင်းကလည်းတူ၊တကယ်.ကို နေနဲ.လ ရွှေနဲ.မြပါပဲ။ 
       ဒီလူငယ်အဆိုတော်လေးဟာ  တကယ်.ပါရမီရှင် ပါ။ ကမ္ဘာက သူ.ကိုသိကြပါတယ်။ သူဟာကနေဒါ
နိုင်ငံ အွန်တာရီယိုပြည်နယ် စထရန်းဖို.ဒ်မှာ ကြီးပြင်းခဲ.သူပါ။       အသက် ၁၂ နှစ်အရွယ်    ကတည်းက ဂီတလောကထဲ  ဝင်ရောက်လာသူပါ။   ၂၀၀၉ ခုနှစ်  ဇူလိုင်လမှာတော.    One Time    လို.အမည်ရတဲ. ပထမဆုံး တေးအယ်လ်ဘမ် ထွက်ခဲ.ပါတယ်။ ကနေဒါ နဲ.အမေရိကန်မှာ ရောင်းအားအကောင်းဆုံးဖြစ်ခဲ.
ပါတယ်။ နောက်ပိုင်းMyWorldအမည်ရှိတဲ.အယ်လ်ဘမ်သစ်ထွက်ခဲ.ပါတယ်။ဒီတေးအယ်လ်ဘမ်ဟာ ဘေလ်ဘုတ်ရဲ. အရောင်းရဆုံး တေးအယ်လ်ဘမ် ဖြစ်ပါတယ်။ 

                                 မေလ 26  ရက်နေ.ထုတ် မြန်မာ.အလင်းသတင်းစာထဲမှ  မြင်.မောင်စိုး ရေးသား
ထားတာကိုပြန်လည် ကောက်နှုတ် ဖော်ပြခြင်း ဖြစ်ပါတယ်။

1 comments:

Tommy Girl said...

ကလေးကလားဆန်တယ်လို.ဘဲ ပြောချင်ပြော.. JB က ကျွန်တော့် အကြိုက်ဆုံး အဆိုတော်ဗျ...း)
သူ.သီချင်းလေးတွေက ချစ်ဖို.ကောင်းတယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။