Saturday 7 May 2011

ကံဆိုတာ စေတနာပါပဲ

      အော် ကျနော်လည်း စာတွေနဲ.လုံးပန်းပန်းနေတာ(ချက်တင်တက်နေတာ မပါဘူးနော် :D)  ပို.စ်အသစ်မတင်ဖြစ်တာတောင် ကြာနေပြီ။ ဒီတစ်ပါတ် တော.တင်ဖြစ်အောင်တော. လုပ်ရမယ် ဖတ်နေကြ စာအုပ်လေးတွေ ပြန်ဖတ်ကာ ကောင်းနိုးရာလေးတွေကို လိုက်ရှာ တော.  တွေ.ပါပြီ ။ ကျနော်. အမြဲလိုလို ဖတ်ဖြစ် တဲ. ဆရာချစ်နိုင်စိတ်ပညာ ရေးသားထားသော အောင်မြင်သူတို.ရဲ. အပြုအမူ စာအုပ်လေးထည်းမှ ကံဆိုတာ စေတနာ ပါပဲ ဆိုတဲ. ဆောင်းပါတိုလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။
   
        လူတစ်ယောက် ယနေ.ဖြစ်တည်နေတဲ. အခြေအနေဟာ တကယ်အရမ်းစစ်ရင် သူပြုခဲ.သမျှ ကောင်းမှု၊ မကောင်းမှု၊အကြံအစည်၊အတွေးအမြင်၊အသိအဆင်ခြင်ကနေပြီးထွက်ပေါ်လာတဲ.အပြောအဆို (ဝစီကံ)၊အပြုအမူ(ကာယကံ) တွေကြောင်.ရောက်ရှိလာတာပဲ။စံစားရတာဘဲ ဖြစ်ဖြစ်၊ ခံစားရတာဘဲ ဖြစ်ဖြစ်၊ အကြောင်းရင်းတရားကတော. ဘယ်သူမပြု မိမိမှုဆိုတဲ. စကားလိုပဲ။မိမိရဲ. ကံသုံးပါးအပေါ် အခြေခံပြီး ထွက်ပေါ်လာတဲ. ရလဒ်တွေချည်းပေါ.။ 
      ကောင်းတာတွေ ပြုပေမယ်. အဆိုးတွေ ရနေပါတယ်။ ဆိုးတာတွေလုပ်နေပေမယ်. ကောင်းတာတွေ ရနေကြတာကောဘာပြောဦးမလို.လဲလို.စောဒကတက်ချင်သေးပါသလား။အဆိုးတွေရနေတာကတော.မိမိ
မသိရမမြင်ရတဲ.အတိတ်တစ်ချိန်ချိန်မှာပြုခဲ.မှုတွေကြောင်.ပဲ။ယခုဆိုးတာတွေပြုမူနေပေမယ်. ဇိမ်ကျနေပါ.ဗျား ဆိုသူဟာ ယခင်အတိတ်က ကောင်းတဲ.အကြောင်းများရှိဖူးလို. လက်ရှိ ဇိမ်ကျနေရတာ ဖြစ်ပေမယ်. နောင်အခါ သူပြုတဲ.ကံက သူ.ကို မုချမသွေ စီရင်ဦးမှာပါ။
    အကြောင်းအကျိုးကွင်းဆက်တွေက ထင်ရှားတာ လည်းရှိ၊ ဥာဏ်နဲ.ဆင်ခြင် သုံးသပ်ကြည်.မှ သိနိုင်တာမျိုး လည်းရှိ၊ သာမန်ကာလျှံကာဆိုရင် မမြင်တွေ.နိုင်တာတွေ လည်း ရှိပါတယ်။ အသိဥာဏ်ရင်.သန်အောင် ချင်.ချိန်နှိုင်းဆ ပြီးကြည်.စေလိုပါတယ်။
   ကောင်းတာလုပ်ရင်ကောင်းတာ ဖြစ်တယ်။ မကောင်းတာ လုပ်မိရင် မကောင်းတာဖြစ်မှာပဲဆိုတာ ခံယူနားလည် မိပြီ သေသေချာချာ သဘောပေါက်ပြီဆိုရင် အဲ.ဒါကို ကမ္မ သကာ သမ္မဒိဋ္ဌိတဲ. မှန်ကန်တဲ. အသိအမြင် ရှိပြီလို. ခေါ်ရပါသတဲ.။ တန်ဖိုးရှိတဲ. အချက်မို. သတိပြုပြီး တွေးခေါ်ကြည်.နော်။
      ကျနော်.တို ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ ကံ ကံ ၏အကျိုးကို ယုံကြည်.ကြပါတယ်။ ဒါပေမယ်. ကံဆိုးတာ၊ကံကောင်းတာတွေဘာကြောင်.ဖြစ်လာသလည်းဆိုတာမသိတဲ.လူတွေ၊သတိမထားမိတဲ.သူတွေ အများကြီး ပါ။  တစ်ချို.တွေ ကံများကောင်းနေကြသော်လည်း ဘယ်လိုအသုံးချရမှန်းမသိတော.  ကံမရှိ ဥာဏ်ရှိတိုင်းမွဲဆိုတဲ. စကားပုံလေးကို အမှတ်ရမိတယ်။ အတိတ်ဘဝက ပြုခဲ.မိတာတွေကြောင်. မိမိလက်ရှိဘဝ ကံမကောင်းနေသေးဘူးဆိုရင်လည်း  မိမိရဲ.အတွင်းစိတ်ထားလေးကိုကောင်းအောင်လုပ်  ရိုးရိုးသားသားနဲ. ကြိုးစား မိဘဆရာတွေကို သိတတ် ကျေးဇူး ရှိတဲ.သူတွေကိုမမေ.ဘူးဆိုရင် မမြင်ရတဲ.အတိတ်ကံကုန်တာ နဲ.  ကံကောင်းခြင်းတွေ အစုလိုက်အပြုံလိုက်မွေးဖွားလာမှာ ဖြစ်ပါတယ်။  မိမိရဲ. အတွင်းစိတ်ထည်းမှ နှိုးဆော်၍ ဖြစ်ပေါ်လာသော စိတ်ရင်း စေတနာကိုတော. ကောင်းအောင်လုပ်ဖို. လိုတယ်နော်။ စေတနာ ကောင်းမှကံကောင်းမှာ မဟုတ်ပါလား ။   
           





       . Type the rest of your post here.

1 comments:

Phyo Kyi Ma said...

မှန်ပါတယ်ရှင်။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။