အသက်မက ချစ်ခဲ့မိခဲ့ပေမယ့်
တစ်ကယ်တော့ ငါရရှိခဲ့တာ ဟန်ဆောင်အချစ်တွေပဲ
အရမ်းချစ်တယ် ကောင်မလေးရယ်
ဒါပေမယ့် ငါဝမ်းနည်းတယ်
ငါမင်းကို ပေးခဲ့တာ အဖြူရောင်ချစ်ခြင်းတွေပါ
မင်းငါ့ကို ညာနေတုန်းပဲ ............................
ငါနားလည် ပါတယ်
ငါက လေလှိုင်းထဲက သူပဲ
ငါစကားတွေကို မင်းကလေထဲမှာပဲထားခဲ့မှာပါ
မင်းပြောခဲ့တဲ့ ကိုယ့်တစ်ယောက်တည်း
ချစ်ပါတယ်ဆိုတဲ့စကားဟာ
မင်းအနားမှာရှိတဲ့ ယောက်ကျားတိုင်းအတွက်
မင်းပြောနေကျ လက်စွဲ စကား
တစ်ခွန်းမှန်းငါမသိခဲ့လို့ ပါ..................
အရမ်းဝမ်းနည်းတယ် ပြီးတော့
အရမ်းလည်းကြေကွဲတယ်
ဒါပေမယ့် မင်းဟာ ဘယ်လောက်ထိ အရောင်စွန်းနေတဲ့
စက္ကူလေးပဲ ဖြစ်နေပါစေ
ငါမင်းကို လုံးချေမစွန့် ပစ်ရက် ပါဘူး ............................
ဒို့ နှစ်ယောက်လမ်းခွဲချိန်တန်ပြီဆိုရင်တောင်
ငါဟာ သစ္စာမဲ့သူတစ်ယောက်အဖြစ်နဲ့ ပဲ
မင်းဆီကအမုန်းတွေကို ယူသွားမှာပါ
ဘာဖြစ်လို့ လည်းဆိုတော့
မင်းကအမှားတွေ ကိုဆက်လုပ်နေမယ်ဆိုတောင်
မင်းမှားနေတယ် ၊ မင်းညာနေတယ်လို့ 
ငါဘယ်တော့ဖွင့်ပြောမှာမဟုတ်ပါဘူး
ဘာဖြစ်လို့လည်းဆိုတော.အရမ်းချစ်လို.ပေါ့...........
လေးစားပါတယ် ကောင်မလေးရယ်
ငါ့နှလုံးသားကို စနစ်တကျ လိမ်ညာယူသွားနိုင်တဲ့
မင်းရဲ့ မာယာတွေ အတွက်ပေါ့......................
ဓါးသွားပေါ်က မင်းအနမ်းတွေကိုလည်း
စွဲလမ်းရ မှာကြောက်လာပြီ
ကဝေတစ်ကောင်လို ဖမ်းစားတက်တဲ့
မင်းအပြုံးတွေကို ဖူးတွေ့ ရမှာ ကြောက်လာပြီ
မျော်လင့်ခြင်းတွေလည်း ပျက်သုန်းသွားပြီ
မက်ခဲ့တဲ့အိမ်မက်တွေလည်း လန့် နိုးသွားပြီ ............
Written By Bothant
bothant51@gmail.com
2 comments:
ကဗျာကို ခံစားလို့ အဆင်ပြေပေမယ့် စာလုံးပေါင်းအမှားလေးတွေကြောင့် ပြည့်ပြည့်၀၀မခံစားရဘဲ ဖြစ်သွားတယ်...အကြံပေးချင်တာက “ယ”သတ်ရမယ့်နေရာတွေမှာ “ရ”သတ်ကို သုံးထားတာ အင်မတန်ရုပ်ဆိုးပါတယ်...စာဖတ်သူကို မထီမဲ့မြင်မပြုပေမယ့် ပြုသလို ခံစားရတာမို့ သတိထားစေချင်ပါတယ်...တိုးတက်စေချင်တဲ့ စိတ်နဲ့အကြံပြုတာမို့ စိတ်မရှိစေချင်ပါ...ကဗျာသမားဆိုတာ စာပေရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်နေတာမို့ အပြစ်ကင်းကင်းနဲ့ လှစေချင်တဲ့ ဆန္ဒလည်းပါပါတယ်...အောင်မြင်ပါစေ...
စိတ်မရှိပါဘူး အစ်ကို၊လာလည်တဲ.အတွက်ကော ကျနော.်အမှားကိုထောက်ပြပေးတဲ.အတွက်ပါ
ကျေးဇူးတင်ပါတယ်။ ကျနော် ပြန်ပြင်လိုက်ပါတယ်။ စာဖတ်ပရိတ်သတ်ကို အစဉ်လေးစားလျက် ---
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။