* ကောင်းကောင်းမွန်မွန်နေထိုင်ပြီးမကြာမကြာရယ်မောကာအများကြီးချစ်တတ်သူသည် အောင်မြင်သူ
ဖြစ်၏။
(ရောဘတ်လူး ဝစ်စတီဗင်ဆင်)
* အသင်.ပြင်.ထားမှုနှင်. အခွင်.အလမ်းတို.ဆုံတွေ.သော အခါကံတရားဆိုတာ ဖြစ်ပေါ်လာ၏။
(ဆင်နကာ )
*သူတို.စွမ်းဆောင်နိုင်သည်။ အဘယ်ကြောင်.ဆိုသော် သူတို. စွမ်းဆောင်နိုင်သည်ဟု ယုံကြည်သော
ကြောင်.ဖြစ်၏။
(ဗာဂျီးလ်)
*အကယ်၍ ရေဆုံး ရေဖျား လိုက်ပြီး အကောင်အထည် မဖော်ဘူးဆိုလျှင်စိတ်ကူးအကောင်းစားများသည်
အိမ်မက်အကောင်းစားများထက် ပိုမိုအဖိုးတန်ခြင်း မရှိ။
(ရာ.ဖ်ဝေါ်လီဒိုအင်မာဆန်)
*သင်.ဘဝအတွက် သင်.မှာပဲတာဝန်ရှိသည်။ ဘဝကပတ္တူပိတ်စကိုအသင်.ဆောင်ထားပေးသည်။ပန်းချီ
ရေးဆွဲခြင်းကို သင်ကလုပ်ရမည်။
(အမည်မသိ)
*ကြီးမားသောရှုံးနှိမ်.မှုကို ရင်ဆိုင်ဝံ့သူတွေဟာ ကြီးမားသော အောင်မြင်မှုကို ရနိုင်၏။
(ရောဘတ်အက်ဖ်ကနေဒီ)
*သင်ကြောက်နေသည်. ကိစ္စတစ်ခုကို ဆောင်ရွက်လိုက်ပါ။ ထိုအခါ ကြောက်စိတ်သေဆုံးသွားသည်ကို
မလွဲမသွေ တွေ.ရပါလိမ်.မယ်။
(ရာ.ဖ်ဝေါ်လ်ဒိုအင်မာဆန်)
*သင်.ဘဝ၏ ပျော်ရွှင်မှုသည် သင်.အတွေးများ၏ အရည်အသွေးပေါ်မှာ မူတည်နေ၏။
(မားကပ်စ်အန်တိုနီယပ်စ်)
*လူတွင် ယုံမှားသံသယ ဖြစ်စရာမလိုသည်.စွမ်းရည် တစ်ရပ်ရှိသည်။ ငှင်းစွမ်းရည်မှာ အသိစိတ်ဖြင်. အား
ထုတ်ပြီး မိမိဘဝကို မြှင်.တင်ခြင်းဖြစ်၏။ ထိုစွမ်းရည် ရှိခြင်းထက်အားတက်စရာကောင်းသည်.အချက်မျိုး
ကျွန်ုပ်မသိပါ။
(ဟင်နရီဒေးဗစ်သော်ရိုး)
*သင်.အတွေးတွေကို သတိထား။သူတို.က စကားလုံးတွေ ဖြစ်လာသည်။သင်.စကားလုံးတွေကို သတိ
ထား။သူတို.က လှုပ်ရှားမှုတွေဖြစ်လာသည်။သင်.လှုပ်ရှားမှုတွေကို သတိထား။ သူတို.ကအလေ.အထ
တွေဖြစ်လာသည်။သင်.အလေ.အထတွေကို သတိထား။ သူတို.ကစရိုက်ဖြစ်လာသည်။ သင်.စရိုက်ကို
သတိထား။ သူတို.ကသင်.ကံကြမ္မာ ဖြစ်လာသည်။
(ဖရင်.အောက်လော)
ဆရာချစ်နိုင်(စိတ်ပညာ) အောင်မြင်သူတို.ရဲ.အပြုအမူ
0 comments:
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။