Saturday 26 February 2011

သာဓုခေါ်ဆိုနိုင်ဖို.ရာ

  သောကြာနေက ကျနော်တို.ဆက်ရှင်ရဲ. စာသင်ချိန်အများဆုံးဖြစ်သောနေ. ဖြစ်သည်။ တစ်ရက်လုံး စာသင်ခန်းထည်းမှာ စိတ်ကိုနှစ်ထားရတော. ပင်းပန်းနေတာပေါ. ။ ဖြစ်ချင်တော. ထိုနေ.က ပိုက်ဆံကလည်း မပါသွားတော. ဗိုက်ကလည်း ဆာနေ ပြီ လေ။  ဒါနဲ.ဘဲ ကျောင်းကပြန်ရောက်ရောက်ချင်း အိတ်ကို        အရင်ချ အဝတ်အစားပင် မလည်းနိုင်ဘဲ ထမင်းချက်ဖို. ပြင်နေတဲ. အချိန်မှာ  ကိုစည်သူအောင်ရောက် လာ ပြီး ညီလေးရေ  ကိုယ်တို.မိဘမဲ့ကလေးနဲ့  ဆင်းရဲ ချိုတဲ့စွာ  ပညာသင်ကြား နေကြသော  သာမဏေတွေကို လှူဒါန်းတဲ့ အလှူပွဲးလေးအတွက် အလှူငွေလေး  ကူညီပြီး  လိုက်ကောက်ပေးရအောင်  ၊  ဒါနဲ.ဘဲ ရေချိုးထမင်းစား ပြီးကာ ကိုစည်သူအောင် ဆီရောက်တော. ည 8 30 ခွဲ နေပြီ ။











ဒီမှာ  အလှူခံဖလား မ ရှိဘူး ဆိုတော. အိတ် ကောင်းကောင်း တစ်အိတ်ယူ ကိုစည်သူအောင်က နှုတ်ကနေ နိုးဆော် မိမိက အိတ်ကိုင်ပြီး  မြန်မာကျောင်းသားများအခန်းသို. တစ်ခန်းဝင် တစ်ခန်းထွက်ဖြင်. နှိုးဆော် ကာလိုက်ကောက်ကြပါတယ်..  အစ်ကိုတွေ သူငယ်ချင်းတွေကလည်း စေတနာ တရား ထက်သန်စွာဖြစ် ထည်.ဝင်ကြပါသည်။  ရင်ထည်းမှာပီတိ ဖြစ်ရပါတယ် -- အလှူပွဲးလေ ဖြစ်သွားအောင် တစ်ဖက် တစ်လမ်းက ကူညီနိုင်ပြီပေါ . ရလာသေား အလှူငွေများအား ကိုစည်သူအောင်မှ နောက်တစ်နေ.မှာဘဲ ဆရာတော်ထံသို. ဘဏ်မှ တစ်ဆင်. လွဲးလိုက်ပါတယ် ။
         
               အလှူပွဲးလေး အားလုံးအောင်မြင်စွာ ပြီးစီးသွားတော. ဆရာတော်ဘုရားမှ ကိုစည်သူအောင်သို. မေလ်းက နေပြီး  အားလုံး  ဝမ်းမြောက်စွာသာဓု ခေါ်နိုင် ရန်အတွက် ဓါတ်ပုံများကို ပို.ပေးခဲ.ပါတယ်။ ကိုယ်တိုင် ပါဝင်ပြီးလှူခဲ.သူ   အခြေအနေအရပ်ရပ်ကြောင်. ပါဝင်ပြီး မလှူဒါန်းနိုင်ခဲ. သူများလည်း  နမော သာဓု ခေါ်ဆိုနိုင်စေရန်အတွက် တင်ပြလိုက်ပါတယ်။   




"ကိုယ့်ကျိုးသူ့ကျိုး၊
ဆောင်သယ်ပိုးက၊

အကျိုးကမ္ဘာတည်လိမ့်မည်" တဲ့

      ဗုဒ္ဓဘုရားရှင်က လောက၌ ပုဂ္ဂိုလ် လေးမျိုးကို ဟောကြားခဲ့ပါတယ်။ အဲဒါတွေကတော့

ကိုယ်ကျိုးသူကျိုး ဘာမျှမဆောင်ရွက်သူ

ကိုယ်ကျိုးမျှသာ ဆောင်ရွက်သူ
 
သူတစ်ပါးအကျိုးမျှသာ ဆောင်ရွက်သူ

ကိုယ်ကျိုးသူကျိုး နှစ်မျိုး ဆောင်ရွက်သူ  

















  ပါဝင်လှူဒါန်းကြသူများမှာ ဆရာတော်ဦးဇင်းဘုရား နှင်.တကွ

မောင်ဇော်ဖြိုးသူ ( စိန့်ပီတာစပတ်- ရုရှား)

မောင်ထွန်းထွန်းနိုင်၊ မောင်သက်ဖြိုးနိုင် နှင့် သူငယ်ချင်းများ( ကုစ် - ရှရှား)

မောင်စည်သူအောင် နှင့် သူငယ်ချင်းများ (အမ်ယူစီတီအာ -မော်စကို- ရှရှား)

မောင်သိန်းမင်းအောင်။ မောင်ပြည့်ဖြိုးအောင် နှင့် သူငယ်ချင်းများ( မီဆာ- မော်စကို- ရှရှား)

မနန်းယုယုခိုင် (Rankanhaeng university -ဘန်ကပီ- ထိုင်း) 
မိမိလည်း တစ်ဖက်တစ်လမ်းမှ ပါဝင်ကူညီ လှူဒါန်းခွင်. ရခဲ.သည်.အတွက် အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။ 


0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။