Thursday 24 February 2011

ပစ္စည်းဥစ္စာတို့၏ အပြစ် နှင့် အကျိုး
အခါတပါး၌ မြတ်စွာဘုရားသည် ရဟန်းတို့အား ပစ္စည်းဥစ္စာတို့၏ အပြစ်နှင့် အကျိုး ၅-ပါး အသီးသီးရှိပုံကို ဟောတော်မူသည်။

ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့သည် မီးနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၂။ ရေနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။.
၃။ မင်းနှင့်ပတ်သက်၍ အန္တရာယ်ရှိသည်။
၎။ မချစ်မနှစ်သက်အပ်သော အမွေခံ သားသမီးဆိုးတို့ကြောင့် အန္တရာယ်ရှိသည်။
၅။ ခိုးသူ၊ ဓားပြတို့ကြောင့် အန္တရာယ်ရှိသည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အပြစ် ၅-ပါးဖြစ်သည်။

ရဟန်းတို့ ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးရှိသည်။ ယင်းတို့မှာ-
၁။ ပစ္စည်းဥစ္စာတို့ဖြင့် မိမိကိုယ်ကို ချမ်းသာစေနိုင်သည်။
၂။ မိဘတို့ကို ချမ်းသာစေနိုင်သည်။
၃။ သားမယား ကျေးကျွန် အလုပ်သမားတို့ကို ချမ်းသာစေနိုင်သည်။
၎။ မိတ်ဆွေ လုပ်ဖော်ကိုင်ဖက်တို့ကို ချမ်းသာစေနိုင်သည်။
၅။ ရဟန်းပုဏ္ဏားတို့အား လှူဒါန်းကျွေးမွေးနိုင်သည်။
ဤကား ပစ္စည်းဥစ္စာတို့၏ အကျိုး ၅-ပါးဖြစ်သည်-ဟု ဟောတော်မူသည်။
ကျမ်းကိုး။ ။ အင်္ဂုတ္တရ ပဥစကနိပါတ် ဒီဃစာရိက၀ဂ် ဘောဂသုတ်။

ဦးငွေအောင်မွန်
(ဓမ္မာစရိယ၊ ပါဠိပါရဂူ၊ ဘီ-အေ၊ ဘီ-အီး-ဒီ)
( မြတ်မင်္ဂလာ ၂၀၀၉-ခု ဧပြီလ)

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။