Monday 21 May 2012

မြစ်အကူး ( မောင်စိန်ဝင်း ပုတီးကုန်း )

မိုးထဲမှာမေ . . .
လှေတစ်စင်းနဲ့၊ ရွက်မဲ့ တက်မဲ့
လက်နဲ့လှော်ခတ်၊ ဖြတ်စဉ်အခိုက်
မုန်တိုင်းတိုက်ခတ် . . .
ဝေ့၀ိုက်လှေလူး၊ ဦးထောင်ပဲ့စောင်း
လှေဝမ်းခေါင်းပေါက်
မှောက်ချင်မှောက်မည် . . .။

အမှောင်မိုက်ထဲ၊ ဒိုက်သရောလား
ကျောက်ဆောင်လားပဲ၊ အခွဲခက်ခက်
ညဉ့်နက်နက်မှာ၊ ချွေးစက်မိုးရေ
ရောထွေးပေစီး၊ မေမညည်းနဲ့
ခရီးကြမ်းတမ်း၊ ပန်းချင်ပန်းမည် . . .။

ယုံကြည်ခြင်းလေ
မေနဲ့အတူ၊ ဖေးကူအားဖြည့်
သတ္တိတရား၊ နားလည်ချစ်ကြင်
ခံစားချင်တတ်၊ ကျောချင်းကပ်သူ
လှော်ခတ်လှုပ်ရှား၊ ခရီးသွားဖော်
တီးတိုးဖော်နှင့်၊ နေပျော်၏ထင်
အားသစ်ဝင်မည် . . .။

ကိုယ့်ခရီးနှင့်
ကိုယ်စီးမည့်လှေ
မေအမြင်ပဲ၊ လိုက်ရဲလျှင်တက်
ကမ်းကထွက်မည် . . .။

မောင်စိန်ဝင်း (ပုတီးကုန်း)

 

   ကျွန်တော်  ဘလော.မှာ စာတွေ မတင်ဖြစ်တာ တော်တော်ကြားသွားပါပြီ။  မိတ်ဆွေများ၏ ဘလော.အိမ်များကိုလည်း မလည်ဖြစ်တာ တော်တော်ကြာနေပြီ ဖြစ်သည်။  စာမေးပွဲတွေ နဲ. နပမ်းလုံးနေရသော ဖြစ်သည်။  စာဖတ်ပရိတ်သတ် မိတ်ဆွေများကိုလည်း တောင်းပန်ချင်ပါသည်။ ယနေ.အချိန်မှစ၍စာကောင်း ပေကောင်းများကို ပြန်လည်မျှဝေတော.မှာ ဖြစ်ကြောင်းလည်း ပြောချင်ပါသည်။ 

8 comments:

mstint said...

အော် စာမေးပွဲကြောင့် မောင်မောင်ပျောက်နေတာကိုးး)
မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့'မြစ်အကူး'ကဗျာလေးဖတ်ရင်း
'တစ်ပင်ထဲရင်ထဲကနွယ်' ဆိုတဲ့ ဝတ္ထုလေးကို သတိရမိတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

လွင်ပြင်လှိုင်းငယ် said...

ဒါကြောင့် ပျောက်နေတာကို စာကောင်းပေကောင်းတွေ စောင့်မျှော်ဖတ်ပြီး အမြဲအားပေးနေမှာပါ

ချစ်စံအိမ် said...

ကဗျာလေးအရမ်းကောင်းတယ်..
စာမေးပွဲလည်းဖြေနိုင်ပြီစာကောင်းပေကောင်းများလည်း များများမျှဝေနိုင်ပါစေ..

နွေတေးရှင်(မင်းဧရာ) said...

အဲလိုလေးတွေလုပ်စမ်းပါ အကိုရာ...
ဒီမှာဖြင့် ကဗျာတွေ ငတ်လွန်းလို့ စာအုပ်ဝယ်လို့မရ အွန်လိုင်းပေါ်မှာလည်း ဘယ်လိုရှာရမှန်းမသိနဲ့
တင်ပေးမည့် ဘလောဒ့်လေးတွေကိုဘဲ အားကိုးနေရှာတာဗျ စာမေးပွဲတွေပြီးလို့ တင်ပေးမယ်ဆိုရင်ဖြင့် ၀မ်းသာလိုက်ချင်သေးရဲ့ဗျာ။

ပစ်ပစ် said...

ကဗျားလေးကောင်းတယ် မောင်မောင်

မဒမ်ကိုး said...

ကိုယ့်ခရီးနှင့်
ကိုယ်စီးမည့်လှေ
မေအမြင်ပဲ၊ လိုက်ရဲလျှင်တက်
ကမ်းကထွက်မည် . . .။


မောင်မောင်ရေ နောက်ဆုံးအပိုဒ်လေးကိုသဘောကျလွန်းလို့ပါ အသက်ဝင်လွန်းလို့း))


ခင်မင်လျှက်
အမမဒိုးကန်

မောင်မောင် said...

အားလုံးကို ကျေးဇူးတင်ပါတယ်။

စံပယ်ချို said...

မောင်မောင်ရေ
ဆရာမောင်စိန်ဝင်းကဗျာတွေကို အရမ်းကြိုက်ခဲ့ရတာပါ
ငယ်ငယ်ခလေးဘ၀ကတဲကပေါ့နော်
ခုထိခံစားလို့ရနေတယ်

(ကိုယ့်ခရီးနှင့်
ကိုယ်စီးမည့်လှေ
မေအမြင်ပဲ၊ လိုက်ရဲလျှင်တက်
ကမ်းကထွက်မည် ).ဒီလိုအရေးလေးကိုကြိုက်တယ် တကယ်ပါ

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။