Saturday 7 April 2012

ဂျပန်တစ္ဆေသင်္ဘော အမေရိကန်ကမ်းခြေစောင်.တပ်ဖွဲ.မှ ပစ်ခတ်နှစ်မြှုပ်


     
  
   ပြီးခဲ.သည်.နှစ် မတ်လက ဂျပန်နိုင်ငံတွင် ငလျင်နှင်. ဆူနာမီဒဏ်ကြုံတွေ. ခံစားခဲ.ရပြီးနောက် ပင်လယ်သမုဒ္ဒရာအတွင်း လူမပါဘဲ တစ်နှစ်ကျော်ကြာ မျောပါနေခဲ.သော  ဂျပန်နိုင်ငံမှ သင်္ဘောတစ်စင်းကို တစ္ဆေသင်္ဘောဟု အမည်ပေးထားရာ အဆိုပါသင်္ဘောအား အမေရိကန် ကမ်းခြေစောင်.တပ်ဖွဲ.က အမြောက်ကျည်ဖြည်.ပစ်ခတ်ကာ နှစ်မြှပ်ခဲ.ကြောင်း  ပြောကြားခဲ.သည်။
          ထို သင်္ဘောသည် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်သို. ဦးတည်မျောပါလျက်ရှိရာ အမေရိကန်စစ်သင်္ဘောတစ်စင်းက အမြောက်ဖြင်. ပစ်ခတ်ကာ နှစ်မြှပ်ရန်ကြိုးစားခဲ.ခြင်း ဖြစ်သည်။ ထိုသင်္ဘောအလက်စကာပြည်နယ် ပင်လယ်ကွေ.ရေပြင်အတွင်း ကမ်းခြေမှ မိုင်၁၅၀ ခန်.အကွာတွင် မျောပါနေခြင်းဖြစ်သည်။  တစ္ဆေသင်္ဘောကို နှစ်မြှပ်ရန် အမြောက်ဖြင်. ပစ်ခတ်ပြီးနောက် တစ်နာရီခန်.ကြာတွင် နစ်မြှပ်သွားခဲ.သည်။ ထို.သို. မနှစ်မြှပ်မီ အမေရိကန်ကမ်းခြေစောင်.တပ်ဖွဲ.က  ထိုသင်္ဘောအားကယ်ဆယ်ရန်ကြိုးစားနေသည်.ကနေဒါငါးဖမ်းသင်္ဘောအား ဘေးကင်းရာသို. ရှောင်တိမ်းစေခဲ.သည်။ ဂျပန်တစ္ဆေသင်္ဘောပိုင်ရှင်များက ငှင်းတစ္ဆေသင်္ဘောကို ဆက်လက်ကယ်ဆယ်ခြင်းမပြုလုပ်တော.ရန် ဆုံးဖြတ်ခဲ.သဖြင်. ပစ်ခတ်နှစ်မြှပ်ခဲ.ခြင်းဖြစ်သည်။ ယခုအခါ ဂျပန်တစ္ဆေသင်္ဘောသည် သမုဒ္ဒရာကြမ်းပြင်အောက်သို.နစ်မြှပ်သွားခဲ.ပြီဖြစ်ကြောင်းကမ်းခြေစောင်.တပ်ဖွဲ.၏ကင်းလှည်.ရေဟတ်ယာဉ်တစ်စင်းက
 စောင်.ကြပ်ကြည်.ရှုပြီးနောက် ပြောကြားခဲ.သည်။

ref// www.myanmar.com 
photo ref// www.google.com

5 comments:

ချစ်စံအိမ် said...

သတင်းလာဖတ်သွားပါတယ်..

blackroze said...

ဒါဆိုအဲသဘောင်္ကြီးမျောနေတာကြာပြီပေါ့

ပဥာက် said...

စိတ်ဝင်စားဖို့ ကောင်း၏

မိုးသက် said...

မှတ်သားသွားပါတယ်အစ်ကိုခင်ဗျာ..

Unknown said...

သဘောင်္ပေါ်မှာ တစ္ဆေတွေ ရှိနေလို့လား အကို...:)

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။