Friday 30 March 2012

သင်.ဘ၀ကို မကျေနပ် နေသလား ?

      ကျွန်တော်ငယ်စဉ်အလယ်တန်းကျောင်းသားဘ၀က  မြို.မှာဆိုင်ကယ်တွေ တော်တော်ခေတ်စားလာတဲ.
အချိန် ပေါ.  ။ သူငယ်ချင်းတွေထည်းမှ ပိုက်ဆံတတ်နိုင်တဲ. သူများကတော. ဆိုယ်ကယ်တွေ တ၀ီဝီနဲ. ကျူရှင်ကိုလာကြတယ်။  ကျောင်းမှာတော.စီး ခွင်.မပြုပါ။ ကျူရှင်က အပြန် သူငယ်ချင်းတွေနောက်က လိုက်စီး ရင်း အားကျလာတယ်။ သူတို.လို စီးနိုင်ချင်တယ်။ ထိုစဉ်က ချင်.ချိန်တတ်သော အသိလည်း မရှိသေးတော. ဆိုင်ကယ်ဝယ်ပေးဖို. မိဘကို အတင်းပူဆာတော. သည် ။ မိဘတွေက အခြေအနေကို ရှင်းပြပါတယ်။ သာမာန်ဝန်ထမ်းမိသားစုတွေဖြစ်သော မောင်မောင်.မိဘတွေ ထိုစဉ်က သုံးသိန်းခန်.ရှိသော ဆိုင်ကယ်ဝယ်ဖို.ဆိုတာဘယ်လိုမှမဖြစ်နိုင်တာကိုလည်းခေါင်းထည်းမှာမရှိ။ ကျောက်လမ်းတွင်ဖြတ်နင်းသွားပါက  အသံတွေထွက်လာတတ်သော စက်ဘီးလေးကို အကြောင်းမျိုးစုံနဲ.အပြစ်တင်ပြီး  ဆိုင်ကယ် ၀ယ်ပေးဖို. သာပြောနေတော.သည်။  အမေ.ခင်ဗျာ စိတ်မကောင်း ပြီး ထမင်းတောင်ကောင်းကောင်းမစားတော.ပါ။  ကျွန်တော်.အမကလည်း ကျွန်တော်.ကို ဖျောင်းဖျပါသေးတယ်။ မရပါ။ 
     နောက်ဆုံး စည်းကမ်းကြီးသော အဖေမှ ကျွန်တော်.စက်ဘီးလေးကို သေသေချာချာပြန်ပြင်ပေးဖို. ဆိုင်မှာ လိုက်အပ်ပေးရင်း  ပတ်ဝန်ကျင် အိမ်နီချင်းအိမ်တွေကို တစ်အိမ်ချင်း လိုက်ပြပါတယ်။ ပထမဆုံး အိမ်က အတန်းသူ  သူငယ်ချင်း ခင်ထွေးတို.အိမ်ပါ။ တစ်အိမ်လုံးမှာ ဆိုင်ကယ်မပြောနဲ. စက်ဘီးပင်မရှိပါ။ နေ.စဉ်ပုံမှန်ထမင်း မှန်မှန် စားနေရတာကို ဘဲ သူတို.တွေ ပျှော်ရွှင်နေတဲ.ပုံ။ လိမ်မာပြီး အလိုက်သိသော ခင်ခင် ကလည်း စက်ဘီဝယ်ပေးဖို.ပင် မပူဆာဘဲ ကျောင်းကိုခြေလျင်ဖြင်.သာ မှီအောင်လာပါတယ်။  နောက်တစ်အိမ်ထပ်ဝင်လိုက်တော.  အမေ နဲ. အလုပ်တူသော အန်တီနီ တို.အိမ်ပါ။ သားသမီး သုံးယောက် ရှိပါတယ်။ စက်ဘီးမပြောနဲ. ကျောင်းမုန်.ဖိုးတောင်မပေးနိုင်ပါဘူး။ အန်တီနီတို.အိမ်မှာရောက်နေခါမှာဘဲ  ဘေးအိမ်က မငယ် ဆန်လာချီးနေတာ တွေ.ရပါတယ်။ 
        ကျွန်တော်.စိတ်ထည်းမှာ အတွေးတွေတော်တော်ဝင်သွားခဲ.တယ်။ စားဝတ်နေရေးအတွက်ကို သူတို.တွေ တော်တော်ရုန်းကန်နေရပြီး သားသမီးတွေ ပညာသင်နိုင်ဖို. မနည်းကြိုးစားနေရတာကိုတွေ.ရ
ကာ  စက်ဘီးလေး တစ်စီးပင်မရှိသော အိမ်များ ရပ်ကွက်ထည်းမှာ အများကြီးပါလား ဆိုတာ တွေ.လိုက်ရ
တယ်။  အဲ.တော.မှ ကျွန်တော်. မဖြစ်သင်.သော ပူဆာမူကို ရှက်မိသွားကာ မိဘတွေကို သနားသွားမိတယ်။
ကျွန်တော်တက်နေသောအထက်တန်းကျောင်းတစ်ခုလုံးမှာထိုအချိန် ဆိုင်ကယ်စီးနိုင်သော ကျောင်းသူ ကျောင်းသားအရေအတွက်မှာ လက်ဆယ်ချောင်းပင်ပြည်.မည်မထင်ပါ။
သို.သော် ကျွန်တော်. လိုကိုယ်ပိုင်စက်ဘီလေး မရှိသော ကျောင်းသူ ကျောင်းသားတွေကတော. အများကြီးရှိနေတယ်ဆိုတာ သတိထားမိသွားပြီ။   
                  မိဘတွေ နွမ်းပါးလို. ဖြစ်ဖြစ်၊ ဆုံးပါးသွားလို.ဘဲ ဖြစ်ဖြစ်  ကျောင်းတက်ဖို.ပင် မတတ်နိုင်ဘဲ အလုပ်ခွင်မှာထည်းမှာ  ရောက်နေသောမိမိနဲ. ရွယ်တူ ကလေးများစွာရှိနေတာကို နောက်ပိုင်း သိရတဲ.အခါမှာတော.  အဖေ နဲ. အမေကို ပြန် တောင်းပန်လိုက်ပါတယ်။ 
 
အောက်က နှိုင်းယှဉ်ပြထားတဲ. ပုံလေးတွေကို ကြည်.ရအောင်

                      သင်.ပညာရေးကို အားမလို အားမရ ဖြစ်နေလား  ၊ တစ်ခုခုက သင်.ကို စိတ်အနှောက်အယှက်များ ဖြစ်စေသလား ၊  စာအုပ်ပင် မတတ်နိုင်သော ပညာလိုလားသူ
များကို အရင်ကြည်.ပါ ။
 
 




 
            သင်နေ.စဉ် မွေ.ယာတွေ စောင်တွေ ကုတင်တွေနဲ. အိပ်နေရတယ်ဆိုရင် ဒီအရာတွေအတွက် ကျေးဇူးတင်ဖို. မမေ.ပါနဲ. ၊ သင်.လို  မအိပ်စက်နိုင်တဲ. သူတွေ ဒုနဲ.ဒေးပါ
 
   သင် နေ.စဉ် အစားပုံမှန် စားနေရတယ်ဆို သင် အရမ်းကံကောင်းနေတယ်ဆိုတာ မမေ.ပါနဲ.။ တစ်ရက်မှာ အစားအစာ တစ်ခါစားရဖို. ရုန်းကန်ကြိုးစားနေရတဲ.သူတွေ အများကြီးရှိပါတယ်။
     
လက်ရှိ သင်.ဘ၀ကို မင်းသား မင်းသမီးတွေလို မချောမလှလို. သင်မကျေနပ်နေသလား၊  ခန္ဓာကိုယ်အစိတ်အပိုင်း ပြည်.ပြည်.စုံစုံနဲ. မွေးဖွားလာတာကိုဘဲ  သင်.မိဘတွေကို ကျေးဇူးတင်ပါ။ သင်.လို ကံမကောင်းသော လူများကတော. ဘ၀ကို အနိုင်မခံ မရှုံးမပေးဘဲ ဖြတ်သန်းနေကြတယ်။


       သင်.ကျောင်းမုန်.ဖိုး နည်းနေလို. အုပ်ထိန်းသူတွေကို စိတ်ကွတ်နေရင် အောက်က ကလေးတွေ နဲ. ပြန်ယှဉ်ကြည်.ပါ ၊ သူတို.ဘ၀လေးတွေ နေ.စဉ် အသက်ဆက် နိုင်ဖို. ဘယ်လိုနေနေရတယ်ဆိုတာ သင်တွေ. မှာပါ။

ကျွန်တော်ရေးထားတဲ. ပို.စ်လေးကို ဖတ်နေရတယ် ဆိုဘဲ ကံအရမ်းကောင်းနေပြီ  တစ်ကမ္ဘာလုံးမှာ ကွန်ပျူတာ မသုံးနိုင်တဲ.အရေအတွက် သန်းချီ ပြီ ရှိပါတယ်။

                                                                     လေးစားစွာဖြင်.
                                                                                                              မောင်မောင် 

         

11 comments:

ချစ်စံအိမ် said...

ဟုတ်ပါတယ်မောင်မောင်ရေ တခါတလေကိုယ့်ကိုကိုယ်မကျေနပ်ရင်အဲလိုလေးတွေ
နဲ့ဖြေသိမ့်ခဲ့ရပါတယ်..

AH said...

အရမ်းကောင်းတဲ့ ပိုစ့်လေးပါပဲ ခင်ဗျာ....

သော်တာ said...

မုန်လိုက်တာ

မိုးသက် said...

ကောင်းလိုက်တာ အစ်ကိုရာ ရင်ထဲမှာခံစားပြီးဖတ်သွားပါတယ်..အစ်ကို..

ပစ်ပစ် said...

သိပ်ကိုကောင်းတဲ့ Post လေးပါဘဲ..
လူတိုင်းသိသင့်တဲ့အကြောင်းအရာလေးတွေပါဘဲ..

ရင်ဆူး said...

တော်တော်မှန်တာပဲဗျာ......လူတိုင်းက အပေါ်ကိုဘဲ ကြည့်ပြီး တောင့်တတာတွေများနေတာဗျ....အောက်ကိုကြည့်ပြီး မကြိုးစားဖို့မဟုတ်ဘူး....တစ်ခါတစ်လေ မဖြစ်နိုင်တာကို ကြည့်ပြီး မကျေမနပ်ဖြစ်နေတတ်တဲ့လူတွေလည်း ဒီလို ပြန်တွေးတတ်ဖို့လိုတယ်ဗျ....ကောင်းတယ်ဗျာ...တန်ဖိုးရှိတဲ့စာလေးပါဘဲ....

Unknown said...

ခံစားသွားပါတယ် အကိုရေ...
ကျေးဇူးပါ....:)

အိမ်မက်စေရာ said...

အတွေးတွေ အများကြီးပေးနိုင်တဲ့ ပုံလေးတွေနဲ့ စာလေးတွေ ဖတ်သွားတယ်..နော်
နေမကောင်းလို့ ခုမှ လာနိုင်တာ ခွင့်လွတ်ပါကွယ်..

San Yin Mon said...

Very valuable post! Everybody must be content & satisfied with their present life. But on the same time try to upgrade their life as much as they can.

mk said...

very good post.I fell it

Anonymous said...

ဖတ်သွားပါတယ်နော်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။