အလှဆုံးမျက်နှာ
ရှာသော် မတွေ.
မိုးကောင်းကင် မြေအနှံ.
ခြေဆန်.တယ်လေ.။
အကြည်ဆုံးရေ
ဖွေသော် မတွေ.
တောနှင်.တောင် မြောင်အနှံ.
ခြေဆန်.တယ်လေ.။
အမွှေးဆုံးနံ.သာ
ရှာသော် မတွေ.
ပန်းဥယျာဉ်မြိုင်တသန်.
ခြေဆန်.တယ်လေ.။
အသန်.ဆုံးမေတ္တာ
ရှာ ရှာလို.မော။
အမေ.မျက်နှာ အလှစု
ကရုဏာက သီတာရေ
စေတနာက နံသာတော။
ပျော်မောဖွယ် သည်မှာခိုမှ
စိတ်နုပျို လိုသမျှကို
တွေ.ရပြီကော။ ။
မောင်စိန်ဝင်း(ပုတီးကုံး)
8 comments:
ကဗျာလေးခံစားသွားပါတယ်
အမေ့မျက်နှာတဲ့......
မိဘ မေတ္တာ ကဗျာလေးကောင်းတယ် အစ်ကိုရေ။ လာရောက်အားပေးသွားပါတယ်ခင်ဗျာ။
ကဗျာလေး လာဖတ်သွားတယ် မောင်မောင်ရေ..
ကဗျာကောင်း၏
ကဗျာလေး ခံစားသွားတယ်ဗျာ....ကျေးဇူးပါ....
ကဗျားလေးကိုလဲခံစားသွားတယ် မောင့်မောင်အမေကိုလဲမြင်သွားတယ်း))
ခင်တဲ့
အမကြီး မဒိုးကန်
ကဗျာလေးဖတ်ဘူးတယ်မောင်မောင်ရေ။
ပြန်လည်မျှဝေပေးတဲ့အတွက်ကျေးဇူးနော်။
ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။
မေတ္တာဖြင့်
အန်တီတင့်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။