Thursday 1 March 2012

ငါးထောင်တန်ဖုန်းအပေါ် မောင်မောင်၏အမြင်(တဂ်ပို.စ်)



     ဒီပြဿနာဟာ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ  ရေပန်းစားနေတဲ. စိတ်ဝင်အစားဆုံး ပြဿနာတစ်ခုပါ။  ကျွန်တော်ကိုယ်တိုင်လည်း အရမ်းကို စိတ်ဝင်စားပါတယ်။ ကျွန်တော်က ချမ်းသာတဲ. မိသားစုက ပေါက်ဖွားလာတာမဟုတ်ပါဘူး။ သာမာန်လူတန်းစားကနေ ဆင်းသက်လာတာဆိုတော.  အနည်းဆုံး တန်ဖိုးနဲ.သာရနိုင်မည်ဆိုပါက ရစေချင်သော ဆန္ဒအပြည်.ရှိပါသည်။  အဓိက ၀န်ထမ်းမိသားစုတွေပါ အဆင်ပြေ သွားနိုင်မည်ဖြစ်သည်။ သို.သော် ငါးစာသာ မြင်ပြီး ငါမျှားချိတ်မမြင်သော သူများမဖြစ်ဖို.လည်းသတိပြုမိဖို.လိုပါသည်။ဆက်သွယ်ရေးလုပ်ငန်းကို ငွေအရင်းအနှီးမရှိဘဲ  ကုမ္မဏီ က ဘယ်လို နည်း နဲ. လုပ်ကိုင်မယ်ဆိုတာကလည်း  စိတ်ဝင်စားဖို. ပိုကောင်းနေပါတယ်။ နည်းပညာတွေ 
၊တာဝါတိုင်တွေ ၊ ထိန်းချုပ်မယ်.အဆောက်အဦးတွေ ၊ ဂြိုလ်တုချိတ်ဆက်မှုတွေ  ၊ လုပ်ရမယ်.လုပ်ငန်းတွေ
အများကြီးလိုအပ်ပါတယ်။  နိုင်ငံခြားမှာ ဆင်းကတ်တွေ အလကားပေးတာတော.သိတယ်  နည်းပညာတွေ  ငွေကြွေးတွေ ဘယ်လိုရင်းနှီးမြုပ်နှံထားတယ်ဆိုတော. ဘယ်သူမှလည်းမသိဘူး။ စိတ်လည်း မ၀င်စားကြဘူး ။ လွယ်လွယ်နဲ. ရသလားဆိုတာ မေးကြည်.လိုက်ပါအုန်း ကိုရွှေများ။ 
 ဆင်းကတ်အလကားရလို.  ၊ ပိုက်ဆံတွေ ဖြည်.   ဘယ်ကမှန်းမသိတဲ. မတ်စချေ. မျိုးစုံဝင် 
ဖြည်.ထားတဲ. ပိုက်ဆံက ဖုန်းမဆက်ရသေးဘဲ ကုန်သွားတာတွေ ဘယ်သူ.ကို ဖြေရှင်းခိုင်းရ
မှန်းမသိဘဲ ခံလိုက်ရတာ ပြည်ပမှာ ရောက်နေတဲ.မြန်မာတွေ သိကြမှာပါ။ 
   အခြေခံအဆောက်အဦးများ  နည်းပညာများ အခိုင်အမာလက်ဆုပ်လက်ကိုင် ပြနိုင်ပြီဆိုရင် မဖြစ်လာစရာ မရှိတော.ပါဘူး။  သမ္မတကြီးပြောသွားတဲ. မိန်.ခွန်းမှာလည်း  အခြေခံအဆောက်အဦးတွေ တည်ဆောက်ပြီးတာနဲ. ဖြစ်ပါစေရမယ်ဆိုပြီး ပြောသွားတာလည်း နားထောင်လိုက်တဲ.သူများအားလုံး သိကြမှာပါ။ ဖုန်းတွေ အများကြီး ချပေးတာ ၀မ်းသာဖွယ်ရာသတင်းတစ်ခုပါ။ နေ.စဉ်လုပ်ငန်းတွေမှာလည်း အဆင်ပြေချောမွေ.ဖို.အထောက်အကူပြုမှာဖြစ်ပါတယ်။ မိသားစုနဲ.အဝေးမှာနေပြီး အလုပ်လုပ်နေသော သူများ ကျောင်းတက်နေသောသူများအတွက် အများကြီးအဆင်ပြေသွားမယ်လို.ထင်ပါတယ်။ မင်္ဂလာသတင်း ပြည်.စုံသောနေ. ကို ရောက်ကိုရောက်မှာပါ။ သို.သော် စကားပုံတစ်ခုရှိပါတယ်။ လက်ဖက်ကောင်းစားချင်ရင် ပလောင်တောင်တက်နှေးရတယ် ဆိုတဲ.စကားအတိုင်း  အရည်အသွေးကောင်းကောင်းနဲ. သုံးချင်တယ်ဆိုရင်တော. အတိုင်းအတာတစ်ခုထိစောင်.ရမှာပါ။ခုရေတွင်းတူး ခု ရေကြည်သောက်ခြင်လို.တော.မရ နိုင်ပါဘူး။
လူကြီးမင်းခေါ်ဆိုသော ဖုန်းမှာ ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတယ်ဆိုရင်   စိတ်တိုခြင်းသာ အဖက်တင်ပါလိမ်.မယ်။ ဒါကြောင်.  ရှိပြီးသား ချပေးပြီးသားဖုန်းတွေကို လိုင်းကောင်းအောင် ကွန်ရက်သိပ်သည်းဆကို ဖြေလျှာ.ပေးဖို.လည်းလိုအပ်ပါတယ်။ 
     ခေတ်မှီပြီးသားနိုင်ငံတွေနဲ.တော. နှိုင်းယှဉ်ထိုးကြည်.လို. မရပါဘူး။ ကိုယ်.နိုင်ငံအခြေအနေကို အားလုံးလည်း သိကြမှာပါ။ ဖုန်းတွေထက်အရေးကြီးတာတွေ ဦးစားပေးလုပ်ရမယ်. ကိစ္စတွေအများကြီးရှိပါတယ်။လမ်းတွေကောင်းအောင်လုပ်ရမည်။  ဆေးရုံတွေကောင်းအောင်တည်ဆောက်ရမည်။ ပညာရေးအခြေခံအဆောက်အဦး တွေလည်း အများကြီးလိုအပ်နေသေးတယ်ဆိုတာ  ကျွန်တော်တို.နယ်က လူတွေသိပါတယ်။ ဖုန်းပွား နိုင်ဖို.ထက် မီးကောင်းကောင်းနဲ. စာကျက်နိုင်ဖို.က ကျောင်းသားတွေအားလုံးအတွက် ပိုအရေးကြီးမယ်ဆိုတာ လူတိုင်း သိမှာပါ။ ဟန်းဆက်လှလှလေး ခါးမှာ ချိတ်ပြီးကြွားဖို.ထက်  ဒီနှစ်စပါးအထွက်တိုးဖို. လယ်ကွင်းထည်းမှာ ဘယ်လို ကြိုးစား ရမယ်ဆိုတာဘဲ တောင်သူလယ်သမားတွေ ခေါင်းထည်း ရှိပါတယ်။  တစ်ကယ်လို.ဒီဖုန်းတွေဖြစ်လာခဲ.မယ်ဆိုလည်း မြို.ကြီးဒေသတွေသာ အများဆုံးအသုံးပြုနိုင်မှာဖြစ်ပြီး အခြားသော ကျေးရွားလူထုများက တော. ဒီထက်ပိုအရေးကြီးတာတွေကို ရှေ.တန်းတင်နေရအုန်းမှာဖြစ်လို.
တောင်းဆိုနေတာတွေက မြို.နယ်လူတန်းစားအတွက်သာ ပိုပြီးအကျိုးပြုမှာတော. အသေအချာပါ။
သို.သော်   ကြိုစားပြီး တည်ဆောက်ပေးနေတဲ.အချိန်မှာ ကလေး မုန်.ဖိုးတောင်းသလိုမျိုးတော. မဖြစ်ပါဖို.လည်း သတိထားဖို.လိုပါတယ်။ စိတ်ဝင်စားတဲ.သတင်းဆိုပြီး မဂ္ဂဇင်းတိုက်တွေဂျာနယ်တိုက်တွေရောင်းကောင်အောင်လုပ်ပေးနေသလိုလည်းဖြစ်နေပါအုန်းမည်။
  ပြောခွင်.ဆိုခွင်.ရတဲ.အချိန်မှာ ပြောမယ်.ဆိုမယ်.စကားတွေက အရာရာကိုတွေးတောကြံဆပြီး ပြောဆိုဖို.လိုမှာတော.အမှန်ပါ။  မဝေးတော.တဲ.ကာလမှာ  ငါးထောင်တန်ဆင်းကတ်တာင်မဟုတ်တော.ဘူး   ဆင်းကတ်အခမဲ.တောင်ပေးနိုင်မယ်လို. ထင်ပါတယ်။
   


၁။ ယခု ဆက်သွယ်ရေးက ချထားပေးမယ်. နှစ်သိန်းဝန်းကျင်ဖုန်းကို တန်ဖိုးနည်းဖုန်းလို. သင်မြင်ပါသလား ။
  ပထမဆုံးပေါ်ထွက်လာတဲ.  ၁၅ သိန်းတန်ဖုန်းများထက် အများကြီးသက်သာသွားသည်ဟုထင်ပါတယ်။ လူအများစုလည်း ၀ယ်နိုင်တဲ.အခြေအနေတစ်ခု ဖြစ်လို. ၀မ်းသာပါတယ်။ 


၂။ ငါးထောင်တန်ဖုန်းပေါ်လာစေဖို. စတေကာကပ်ခြင်း နဲ. တီရှပ်များ ပြုလုပ်ခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ။ 
 ဒီမိုကရေစီ ဆိုတဲ.စကားလုံးအတိုင်း စည်းကမ်းတကျလေးနဲ. မည်သူမျှအနှောက်အယှက်အဖြစ်စေဘဲ ပြုလုပ်ပါလို. တောင်းဆိုချင်ပါတယ်။ နိုင်ငံရေးသမားများ စီးပွားရေးသမားများအတွက် အသုံးချခံတော.မဖြစ်စေပါနဲ.လို.ပြောပါရစေ။


၃။ ငါးထောင်တန်ဖုန်းပေါ်လာဖို. စုပေါင်းလက်မှတ်ထိုးပြီး လွှတ်တော်ကိုတင်ပြခြင်းအပေါ် သင်ဘယ်လိုမြင်မိပါသလဲ ။ 
 ထိရောက်မယ်ဆိုပါက ကောင်းမွန်ပါတယ်။ ပြည်သူတွေအနေနဲ.လွတ်လပ်စွာ တင်ပြပြောဆိုခွင်.ပြုထားပြီးသားလည်း ဖြစ်ပါတယ်။


၎။ ငါးထောင်တန် ဖုန်းများပေါ်ပေါက်လာစေဖို. သင်.အနေနဲ. ကြိုဆိုပါသလား။ 
တစ်နိုင်ငံလုံးကလူတွေ သုံးနိုင်မည်ဖြစ်လို. ၀မ်းသာစွာဖြင်. ကြိုဆိုပါတယ်။ 

အစ်ကို အလင်းသစ်နဲ. အစ်မအိန်ဂျယ် တို.ရဲ. တဂ်ပို.စ်လေး ဖြစ်ပါတယ်။ 


                                                                                                                        မောင်မောင်(မြစ်ဆုံ)



17 comments:

အလင်းသစ် said...

ကောင်းတယ်ကွာ.. စကားဆိုတာ ဒီလိုပြတ်ပြတ်သားသား ပြောတတ်ရတယ်...
ညီလေးရေ.. ရေးပေးတာ ကျေးဇူးပါ... :)

Candy said...

ဟုတ်တယ်.. နင်ထောက်ပြသွားတာတွေ ငါအရမ်းသဘောကျတယ်။

blackroze said...

မောင်မောင်ပြောသွားတာ လုံးဝမှန်၏..

စံပယ်ချို said...

ရှင်းရှင်းလေးနဲ့ထိထိလေးရေးတတ်တဲ့မောင်မောင်ရေ
စာရေးကောင်းတယ်
ခင်မင်တဲ့ sis jasmine

မိုးသက် said...

ဟုတ်တယ်အစ်ကို.. သဘောကျတယ်.. ။ ညီလေးလည်း ထောက်ခံပါတယ.်။

ချစ်စံအိမ် said...

ထောက်ခံသူတွေသတိထားနော်
လိုက်ဖမ်းနေတယ်တဲ့ :P
စတာ ပြောသွားတာမှန်ပါကြောင်း

ချောကလက်ကျူးပစ်လေး said...

ထောက်ခံပါတယ်....
ပီားးးးပီားးး

မဒမ်ကိုး said...

မောင်မောင်ပြောသွားတာလေးတွေကိုသဘောကျတယ်

လွင်ပြင်လှိုင်းငယ် said...

မိုက်တယ် မောင်မောင်ရေ

Thameesan said...

အမှန်တရားတွေပါဘဲး))

Mrs. Bagel said...

ဟုတ်တယ်။ဖြစ်ချင်တာက ဖြစ်ချင်တာတစ်ကြောင်၊ ဖြစ်သင့်သလား၊ မဖြစ်သင့်သလား စဉ်းစားဖို့တော့လိုမယ်။ :)

Angelhlaing(May everybody be happy and healthy! said...

သိပ်ကောင်းတဲ့ ထောက်ပြ တင်ပြမှုလေးပဲ မောင်မောင်...
ရေးပေးလို့ ကျေးဇူးပါလို့...

San San Htun said...

တဂ်ပို့ စ်လေး လာဖတ်သွားတယ် မောင်မောင်ရေ..

Yin Sue said...

မောင်မောင်ရေ စာလာဖတ်သွားတယ်.....မင်းရေးတာအရမ်းကောင်းတယ်......ရှင်းရှင်းလေးနဲ့ပြောသွားတာ...လူတိုင်းကတော့ လိုချင်တာချည်းဘဲ....ငါလည်းလိုချင်တာဘဲ.....ဒါပေမဲ့ ဖြစ်နိုင် မဖြစ်နိုင်မစဉ်းစားဘဲ အော်နေတာထက်စာရင် အရေးကြီးတာတွေ လုပ်ပေးဖို့ တောင်းဆိုတာက ပိုကောင်းမယ်ထင်ပါတယ်....ကျေးဇူးပါ....ဖတ်သွားပြီး...လေ့လာသွားပါကြောင်း.....

Anonymous said...

ဖြစ်သင့်နေတာကြာပါပြီ.......

Unknown said...

ဖြစ်သင့်နေတာုကာပြီ........

Unknown said...

သဘောတူပါကြောင်း

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။