Sunday 19 February 2012

ထာဝရ ( ချစ်သူအတွက် )




ပွင့်လျှင်လည်းနမ်း
နွမ်းလျှင်လည်းကောက်
ခြောက်လျှင်လည်းသိမ်း
တိမ်းညွတ်တွယ်မက်
သည်တစ်သက်မှာ
တစ်ပွင့်သာလေ
စွဲလမ်းနေမည်
ဝေဝေကြွေကြွေ မြတ်နိုး၏ ။

မောင်စိန်ဝင်း(ပုတီးကုန်း)

ဒီကဗျာလေးအား  မောင်မောင် အမြတ်နိုးဆုံး ချစ်သူလေးကို ရည်ရွယ်ပြီး တင်လိုက်တာပါ။ မည်သို.သော အခြေအနေတွင် ရှိနေပါစေ သူ တစ်ယောက်တည်းသာ ကျွန်တော်ချစ်နေမည်ဟု  ဒီ ကဗျာလေးဖြင်. ပြောပါရစေ။  ခုရက်ပိုင်း  သူစိတ်ညစ်အောင်  လုပ်ခဲ.မိလို. ဒီကဗျာလေးနဲ. ချော.တာပါ။   ဆရာမောင်စိန်ဝင်း ကဗျာလေးတွေကို ကြိုက်နှစ်သက်သော သူများ လည်း ဒီကဗျာတိုလေးကို  နှစ်ခြိုက်လိမ်.မည်ဟု ယူဆပါတယ်။  ကဗျာက တိုတိုလေးဆိုပေမယ်.  အနှစ်သာရပြည်.၀လှပါတယ်။

16 comments:

Anonymous said...

ကဗျာလေး ကကောင်းလိုက်တာ....ချစ်သူတိုင်း အဆင်ပြေကြပီးချစ်ခရီးလမ်းကိုသက်ဆုံးတိုင်လျောက်လှမ်းနိုင်ကြပါစေ..။။။

San Yin Mon said...

Very Good poem. I feel deeply.

Angelhlaing(May everybody be happy and healthy! said...

ချစ်တက်သူတို့ရဲ့ နှလုံးသား ထာဝရစဉ်လန်းသလို
မှန်းသမျှ အဆင်ပြေပါစေ မောင်မောင်...

စံပယ်ချို said...

မည်သို.သော အခြေအနေတွင် ရှိနေပါစေ သူ တစ်ယောက်တည်းသာ ကျွန်တော်ချစ်နေမည်ဟု-----
မောင်မောင်ရေးခဲ့တယ်နော် ချစ်သူပေါ်ထားတဲ့စေတနာတွေမြင်နေရတယ်
တင်လိုက်တဲ့ကဗျာလေးကလဲကောင်းတယ်(မောင်စိန်ဝင်း) ကဗျာအားလုံးကိုကြိုက်တယ်
ခင်မင်တဲ့ sis jasmine

အလင်းသစ် said...

အဲဒါပြောတာပေါ့...

ခက်ညွန့်သန် နုသစ်လို့၊ ရစ်ပတ်နှောင်တွယ်
သံယောဇဉ်ဆိုတာရယ်၊ နွယ်လေးတစ်ပင်ပေါ့
ရာသီတွေ ဘယ်လိုပြောင်းပေမယ့်
ခေါင်းထောင်လို့ ကြော့..။။
တဲ့..ဆရာပဲရေးတာ။။ သံယောဇဉ်တွေ မထားချင်နဲ့ညီလေးရေ။။ နွယ်ပင်တဲ့နော။။ :P

မောင်မောင် said...

ဟုတ်ကဲ. အစ်ကိုကြီးရေ သံယောဇဉ်က နှလုံးသားမှာပါရစ်ပါတ်သွားပြီဆိုတော. သူနဲ.ဆုံဖို.ကိုဘဲ ဦးတည်ရတော.မယ်။ အစ်မကြီးဂျက်ရေ မောင်မောင်.ချစ်သူကို ဒီထက်မက ပိုပြီးချစ်ပြချင်တာပါ။ အစ်မဂျက် အစ်မအိန်ဂျယ် အစ်မမီရှ်လ် တို.ကျေးဇူးပါဘဲနော်။

ချစ်စံအိမ် said...

ကဗျာလေးကောင်းတယ်

မိုးသက် said...

ချစ်သူကကောက်တတ်တယ်လားအစ်ကို.. အဲဒီလိုကောက်တာကို ချော့ရတာက
ဒုက္ခချိုချိုလေးတစ်ခုပေါ့..။ အစ်ကို့ကောင်မလေးပြုံးနေမှာသေချာတယ်..။

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးကကောင်းလိုက်တာ ဖတ်ခွင့်ရလို့ ကျေးဇူးပါ
မောင်မောင်လဲ ချစ်သူကို အရမ်းချစ်တတ်တာပဲနော်
လေးစားပါတယ်

Anonymous said...

ကိုမောင်နှလုံး ဂယ်လား.....အတည်ပေါ့

မဒမ်ကိုး said...

အဟမ်း အဟမ်း အဟမ်း စစ်ကူပေးရမလားဟေ့ လိုရင်ပြော မောင်မောင်ရေ .
လတ်စသတ်တော့သူကချော့တာတဲ့ .
ကဲတစ်ယောက်သောသူများဖတ်မိသွားရင်လေ ပျော့လိုက်ကြပါကွယ်
တို့မောင်လေးတစ်ယောက် သနားစရာဖြင့်ကောင်းနေပြီး))

ခင်တဲ့အမဂျီး
ဒိုးကန်

yu lay said...

မောင့် ကို ကျေးဇူးများကြီးတင်ပါတယ် ... မောင့်ကိုလည်း ယုအ၇မ်းချစ်ပါတယ် ...

ချောကလက်ကျူးပစ်လေး said...

ကဗျာကောင်းလေးပါ
ဖတ်သွားတယ်အကိုတော်ရေ

Candy said...

အယ် ဒါချော့တဲ့ကဗျာပေါ့ ဟိဟိ ခွိခွိ :P

သမီးစံ said...

မောင်မောင်ယုနေကောင်းလားဟေး))

မောင်မောင် said...

ယု က ဒေါင်ဒေါင်းမြည်ဘဲ အစ်မစံရေ။ မောင်မောင်သာ တစ်ခါတစ်လေဆို ချူချာချင်နေတာ။ ကျေးဇူးပါဘဲ အားလုံးကို။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။