Sunday 5 February 2012

ရတနာ ( မောင်စိန်ဝင်း ပုတီးကုန်း)



သူစိမ်းပဲရယ်လို့
အစိမ်းခွဲတာလား အချစ်ရယ် . . .

မတွေ့တစ်သက်ဝေးတောင်မှ
တစ်နေ့တစ်ရက်ကလေးပင် ဘယ်လိုမေ့ရမလဲ
နေ့ညမခွဲ ထာဝစဉ်ကွယ် . . .

တစ်ရံရောတွင် အမှတ်တရကလေးတွေက
သံယောဇဉ် ဖြတ်မရသေးအောင်ပေါ့
အတွေးမှာ အစဉ်မြဲပါလို့
ရင်ထဲထိ အမြစ်တွယ်
အချစ်ရယ်… မေ့နိင်ပါ့မလား။

တစ်မျက်နှာကို ကဗျာအဖြစ်ကြည့်ပါလို့
တစ်သက်သာဆို တစ်ခါချစ်မိသော်လည်း
အပြစ်ရှိသလို သူ့ကို ညှဉ်းလေသလား
ရင်တွင်းမှာ အပူကို မမျှချင်တော့
သူ့ဘ၀လေး သူပျော်စေချင်မိ
ခေါ်နေလျှင် သူအလာခက်ချည်ရဲ့
ရာသက်ပန် လက်ဆောင်အလွမ်းတွေနဲ့
ပြန်လမ်းဆီ ဟိုအဝေးမှန်းကာ
လှမ်း၍ လှမ်း၍ ကမ္ဘာတွေခြား
(အချစ်ရယ်…) ချမ်းမြှေ့  ချမ်းမြှေ့ ပါစေသား . . .။


(မောင်စိန်ဝင်း (ပုတီးကုန်း)

7 comments:

လွင်ပြင်လှိုင်းငယ် said...

ကဗျာလေးက ကောင်းလိုက်တာဗျာ
ဝေမျှလို့ ကျေးဇူးပါ မောင်မောင်ရေ

စံပယ်ချို said...

မောင်စိန်ဝင်းကို အသေကြိုက်တာမို့ကျေးဇူးပါ(ကဗျာကိုပြောတာနော်)
မောင်မောင်ရေ နောက်လဲတင်ပေးပါနော်

blackroze said...

ကောင်း၏
ကျမလည်းဆရာမောင်စိန်ဝင်းကဗျာတွေ
ကြိုက်တယ်..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ရတနာ ကဗျာများဟာ မြတ် အကြိုက်ဆုံး ကဗျာတွေပါပဲ။ စိတ်ကို ညွှတ်နူးစေတယ်။

အမှတ်မထင် ပြန်ဖတ်ခွင့်ရလို့ ကျေးဇူးတင်လိုက်တာ ကိုမောင်မောင်ရေ..

ခင်တဲ့
မြတ်

မဒမ်ကိုး said...

မောင်စိန်ဝင်းကဗျာတွေက ခုထိ ဟက်ထိနေဆဲ မောင်မောင်ရေး)

နောက်ကိုလဲများများတင်နော်
ခင်တဲ့

အမ
မဒိုးကန်

မဒမ်ကိုး said...

မန့်ထားတာဘယ်ရောက်သွားပါလိမ့်း(

နွေတေးရှင် (မင်းဧရာ) said...

ကျေးဇူးဗျာ..
မောင်စိန်ဝင်း ကဗျာတွေမဖတ်ရတာကြာပြီမို့
ဖြစ်နိုင်ရင် များများတင်ပေးစေချင်တယ်ဗျာ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။