Sunday 22 January 2012

သူရဲကောင်းသုံးယောက်နှင့် ခရီးသည်



စုံရိပ်မြိုင်ဆွယ်၊ ကန္တာလယ်
အိုဘယ် ယောက်ျား ခရီသွား
ဖော်လည်းမဆွယ်၊ တစ်ကိုယ်ငယ်
အိုဘယ် လူသား၊ ကြောက်ဘူးလား...။

ဤသို့မေးသော်
ရွှင်အေးကြည်သာ၊ ပြုံးမျက်နှာဖြင့်
"အို.. ဘာကိုထောက်၊ ကြောက်ရမလဲ
တကွဖော်ညှိ 'သတ္တိ' ရှိပြီ
ချစ်သည့်သဟာ 'ဇွဲ' လည်းပါ၍
မကွာထပ်လောင်း၊ ငယ်ကပေါင်းသည့်
ဆွေကောင်း 'လုံ့လ'၊ တူတကွတည့်
ဘေးကတူယှဉ်၊ ပါခဲ့လျှင်သော်
ငါ့တွင်သေချာ၊ အောင်ဖို့ရာတည့်"တဲ့
ယောက်ျား ငါကိုယ် မြွက်ဟဆို
ဖော်မလိုဘဲ တစ်ကိုယ်ထဲ..။

တော်ပေ့လူမော် ၊ပွဲတိုင်းကျော်
သုံးဖော်ဆွေလဲ ၊တူယှဉ်တွဲသည်
အောင်မြဲမုချ၊ အောင်မည်ပ ။    ။

(ငွေတာရီ)


8 comments:

AH said...

ကောင်းလိုက်တဲ့ ကဗျာလေးဗျာ.. ဖတ်ခွင့်ရလို့ ကျေးဇူးပါ ဇွဲ၊ လုံလ၊ သတ္တိရှိမှတော့ ဟုတ်ပ ပွဲတိုင်း အောင်ရမှာပေါ့.......

San San Htun said...

အဲဒီလို ကဗျာတွေကို ကြိုက်တယ်..

လွင်ပြင်လှိုင်းငယ် said...

အို့ ကဗျာကောင်းလေးဖတ်ရတာ ကျေးဇူးပါ မောင်မောင်ရေ

မိုးသက် said...

ဆရာမငွေတာရီကဗျာလေးတွေက အားမာန်ကိုဖြစ်စေတယ်နော်အစ်ကို..
ထိပ်ဆုံးသို့တို့ ဘာတို့လဲ အဲဒီလိုပဲ..

8Yar said...

ကောင်းလိုက်တာဗျာ။ ပြန်ရှယ်ပေးလို့ ကျေးဇူးပါအစ်ကိုရေ။

Anonymous said...

၁၀တန်းသင်ရိုးမှာပါတယ်ထင်တယ်နော်

Anonymous said...

၁၀တန်းသင်ရိုးမှာပါတယ်ထင်တယ်နော်

မောင်မောင် said...

ဟုတ် ပါပါတယ်ခင်ဗျာ။ ကျွန်တော်တို. သင်ခဲ.ရတယ်။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။