ဒီပို.စ်လေးကို ရေးဖို.တဂ်ပေးထားတာ အစ်မဂျယ်ရီပစ်ပစ်ပါ။ မောင်မောင်နဲ.အမျိုးနည်းနည်းတော်မယ်ထင်တယ် ----:P။ အစ်မပစ်ပစ်က ဘယ်လိုလုပ် ဂျယ်ရီ ဖြစ်နေမှန်းမသိပါဘူး။ မောင်မောင်က သကြားလုံးလို.ခေါ်နေတဲ. အန်တီချိုချဉ်တစ်ယောက်ဘဲ နာမည်ကို သရေကျအောင်ပေးထားတာလို. ထင်နေတာ-- :D။ ဒါနဲ. အစ်မပစ်ပစ်ကို ဘာလို. စီအိုင်အေ ပစ်ပစ်လို.ခေါ်နေလည်း မသိဘူး။ နောက်တစ်ချိန်မှာ ထောက်လှမ်းရေး အရာရှိအဖြစ်ခန်.ချင်လို.ပါ -- ဟဲဟဲ။ အရင်ဆုံး အစ်မပစ်ပစ်ရဲ. ဘွဲ.ထူးဂုဏ်ထူးတွေကို အမှတ်တရအနေနဲ. ထုတ်ပြောလိုက်တာပါ**:P ။ အစ်မပစ်ပစ်က အရမ်းခင်ဖို.ကောင်းပါတယ်။ သူ.စာတွေဖတ်ရတာလည်းတော်တော်ကောင်းပါတယ်။ ရင်တွင်းဖြစ်တွေ ဆိုတော. ပိုပြီးကောင်းတာနေမှာ--:D။ အစ်မရေ------ ရေးပီနော် (ထိုင်ဝမ်ကနေကြားအောင် အော်ပစ်လိုက်မယ် )
အိပ်ယာကနိုးနိုးချင်း အရင်ဆုံးဘာလုပ်သလဲ
ကွန်ပျူတာ ဖွင်.ပြီး နေ.စဉ်သတင်းစာနဲ. ထူးခြားသတင်းတွေ ဘလော.တွေ အရင်ဖတ်ပါတယ်။ပြီးရင် မျက်နှာသစ်ပြီး မနက်စာပြင်ပါတယ်။ (ကျောင်းပိတ်ရက်မှာပါ)
ကျောင်းဖွင်.ရင်တော. ကွန်ပျူတာ မဖွင်.နိုင်တော.ပါဘူး။ ကျောင်းသွားဖို.ပြင်ရပါတယ်။ အချိန်တိကျသော သူတို.လူမျိုးတွေရဲ.အပြောအဆိုလွတ်အောင် ပါ။ (မြန်မာလူမျိုးတွေ အချိန်မလေးစားဘူးလို. အပြောခံရတာလောက် နာတာမရှိဘူး)
မနက်စာကို ဘယ်လိုအစားအစာ စားရတာကြိုက်ပါသလဲ
ကိတ်မုန်.လေးနဲ. ရေနွေးလက်ဖတ်ခတ်လေးပါ။ (ဒီနိုင်ငံမှာ)
မောင်မောင်.ကွန်ပျူတာ စာပွဲလေးနဲ. မနက်စာပါ (စာဖတ်ရင်းစားတတ်ပါတယ်)
ကောင်ညှင်းပေါင်းနဲ. ကော်ဖီ။ (မြန်မာရောက်ရင်)
နေ.လည်စာကို ဘယ်လိုနေရာမျိုးမှာ စားရတာ ကြိုက်ပါသလဲ
အဆောင်မှာပါ။
အခုလက်ရှိအစားချင်ဆုံးဟင်းကိုပြောပြပါ။
ချဉ်ပေါင်နဲ. မျှစ် စပ်စပ်လေးကြော်ထားတဲ. ဟင်း ။ (ဒီမှာ မရနိုင်လို.ပါ)
အလုပ်မှာကော်ဖီ ဘယ်နှစ်ခွက်သောက်ပါသလဲ
ကျောင်းသားဆိုတော. ကျောင်းကန်တင်းမှာ အတန်းချိန်နားရင် တစ်ခွက်ပုံမှန်သောက်ပါတယ်။
ညနေစာကို ဘယ်မှာစားတတ်ပါလဲ
အဆောင်မှာအမြဲစားဖြစ်ပါတယ်။
အစိမ်းကြော်၊ ပုဇွန်သေးသေးဆီပြန်၊ဆလတ်ရွတ်ဟင်းချို
အိမ်စာလုပ်ဖို.နဲ. ဘလော.မှာ စာရေးဖို.ပါ။
ကျောင်းဆင်း(အလုပ်ဆင်း) တဲ.အချိန်မှာခံစားချက်
ဒီနေ.သင်ခန်းစာတွေကို အကုန်နားလည်ခဲ.တယ်ဆိုတဲ. ခံစားချက်
ဆရာမ နဲ. စကားပြောရတာ အဆင်ပြေတယ်ဆိုတဲ. ခံစားချက်(မောင်မောင်ကအတန်းခေါင်းဆောင် --ကြုံ
တုန်းကြွားတာ )
ဘာတွေ မိမိမှာလိုအပ်နေသေးသလည်း ဘာသာစကားလား မေဂျာတွေမှာလား ဓါတ်ခွဲခန်းတွေမှာလား လိုအပ်ချက်တွေကို စဉ်းစားဖြစ်တယ်
အိမ်ပြန်ရောက်ရောက်ချင်းဘာအရင်လုပ်တတ်သလဲ
ထမင်းအိုးတည်ဖို. အရင်ဆုံးပြင်ဆင်ရပါတယ်။ ဟင်းချက်တာကျန်သေးရင်နွေးဖို.ပြင်ရပါတယ်။ မရှိရင်တော. အသစ်ချက်ဖို.ပြင်ရတယ်။ ဟင်းချက်နေရင်းနဲ. ကွန်ပျူတာဖွင်. ဘလော.နဲ.ဖေ.ဘုတ်ကို စစ်ပါတယ်။ ချစ်သူဆီက မေးလ်လည်း စစ်ပါတယ်--:D။
ဒုတိယလုပ်မိတာလေး---
မကြာသေးခင်ကမှ ပုံထုတ်ထားတဲ. မောင်မောင်. ကောင်မလေးဓါတ်ပုံကို အလွမ်းပြေကြည်.ပါတယ်။
ညမအိပ်ခင် ဘာလုပ်သလည်း--
အိမ်စာတွေ အရင်လုပ်ရပါတယ်။မေးလ်စစ်(ကောင်မလေးဆီက)၊ ပြီးရင်ဘလော.တွေလိုက်ဖတ်ပါတယ်။
ညအိပ်ယာထဲမ၀င်ခင် ဘာလုပ်သလည်း---
ဘုရားရှိခိုး ပုတီးပုံမှန်စိပ် ၊ မေတ္တာပို.၊ အမျှဝေပါတယ်။
အိပ်မပျော်တဲ.ညတွေမှာ ဘာလုပ်သလဲ
စာဖတ်ပါတယ်။ (မျက်လုံးညောင်းပြီး မြန်မြန်အိပ်အောင်ပါ)
အိပ်မပျော်တဲ.အကြောင်းအရင်း ချစ်သူအကြောင်းတွေးနေလို.ပါ --:P
စိတ်အားငယ်တဲ.အခါမျိုးတွေမှာဘာလုပ်တတ်သလည်း။
သီချင်းနားထောင်ပါတယ်။ ဆရာဖေမြင်.စာအုပ်တွေ ဖတ်ဖြစ်ပါတယ်။
အပြင်သွားတဲ.အခါ အမြဲတမ်းသတိထားပြီးယူတတ်တဲ.ပစ္စည်း
ပတ်စပို. (မပါရင်ရဲဖမ်းခံရမယ်)၊ ကျောင်းသားကဒ်၊အဆောင်ကဒ်၊ မစ်သရိုကဒ်၊ အိမ်စာလုပ်ထားတဲ. စာအုပ်(မေ.များမေ.လို.ကတော. အဲ.နေ ပြဿဒါးနေ.ဘဲ)
မိသားစုဝင်တွေထဲမှာ အချစ်ရဆုံးသောလူ
မေမေပါ
သူစိမ်းတွေအထဲမှာ မောင်မောင်ယုံကြည်သောသူ
မောင်မောင်. ချစ်သူယုပါ ( အစ်မပစ်ပစ်ညီမလေး နဲ. နာမည်လာတူနေပါတယ် -- တိုက်ဆိုင်တာနေမှာ)
ကျောင်းမှာအခင်ဆုံးသူ
ဆရာမပါ
ကိုယ်.မှာရှိတဲ.ပစ္စည်းတွေထဲက အကြိုက်ဆုံးပစ္စည်းလေးတစ်ခု
ကွန်ပျူတာပါ (မောင်မောင် အိမ်ဖုန်းဆက်လည်း ဒါနဲ. ချစ်သူနဲ.ပြောလည်းဒါနဲ. စာရေးစာဖတ်လည်း ဒါနဲ. )
မရှိမဖြစ်ပါ။
ကိုယ်.ကို နားလည်မှုအပေးနိုင်ဆုံးသူ
ချစ်သူယုပါ ( အမြဲနားလည်ပေးနိုင်မယ်လို.လည်း မျှော်လင်.ပါတယ်)
အခုလောလောဆယ် အဖြစ်ချင်ဆုံး ဆန္ဒ
မြန်မာပြည်ကို အောင်မြင်စွာနဲ. အမြန်ဆုံးရောက်ချင်ပြီ-- (အရင်ကထက် ပိုလာတယ် )
နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ. ပျှော်ရွှင်ချမ်းမြေ.စွာ ဖြတ်သန်းနိုင်ကြပါစေလို. မောင်မောင် ဆုတောင်းပေးပါတယ်။
အားလုံးကို ခင်မင်လေးစားလျက် မောင်မောင်(မြစ်ဆုံ)
18:34(pm)
06-01-2012
8 comments:
ကဲ ညီမလေးယုရေ သိလိုက်တော့နော်
ခိုင်ထူးသီချင်းထဲက..ယု..လားး))
(ခါမှလည်း..ထုတ်မကြွားပါလား)
ပျော်ရွှင်ဖွယ်..တစ်နေ့တာများကို
မိသားစုအပါအ၀င်..
ညီမလေး“ယု”နဲ့ပိုင်ဆိုင်ပါစေကွယ် :P
မောင်မောင်ရေ
နင့်ညနေစာလေးကိုကြည့်ပြီး
အမပါသရေကျသွားတယ်..
ဘာလို့ဂျယ်ရီပစ်ပစ်လို့ခေါ်၇လဲဆိုတာသိချင်ရင်
အမဘလော့မှာတင်ထားတဲ့ ပိုစ့်အဟောင်းလေးတွေ
ပြန်ဖတ်လိုက်ရင်သိမှာပါ
တက်ဂ်ထားတာလေးရေးပေးလို့ကျေးဇူးပါ
ကဲပါလေ ယုရေ သိလိုက်နော်
မေးလ်စစ်(ကောင်မလေးဆီက) အဲတာယုလား
နောက်တစ်ယောက်လား မှန်မှန်ဖြပါ
ကိုကြီးရေ..ပာင်းတွေသရေယိုသွားတယ်..ရှလွှတ်
တုကောင်မလေးတော့ မပြဘူး ဘယ်ခါပြမှာတုံး ကိုမောင်2လုံးရ..ပြနော်...
အစ်မဂျက်ရေ ယုက တစ်ယောက်တည်းပါ။ ကိုမောင်တစ်လုံးရေ နောက်အခါ မောင်မောင်ပြောပြမယ်နော်။
တို့တွေကျောင်းတက်တုန်းကတော့
အဆောင်အောက် ကအုတ်ခုံမှာ ယုက နာမည်ကြီးဘဲ
အဆောင်သားတွေဂစ်တာတီးပြီး ဆိုကြလေရဲ့း)
မောင်မောင်ရဲ့တနေ့တာလေးကို အားပေးသွားတယ်ဟေ့ ချဉ်ပေါင်ကြော်တော့ ငါမကြိုက်လို့မအားပေးဘူး ဒါဘဲ
အမ
မဒိုးကန်
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။