Thursday 22 December 2011

ကျွန်တော် နှင်. စပ်မိစပ်ရာ(ဘာညာ ကွိကွ)



   ကျွန်တော်ငယ်ငယ်က တည်းက စာဖတ်ခြင်းကို အရမ်းနှစ်ခြိုက်ခဲ.ပါတယ်။ဘောလုံး မကန်ဘဲ နေနိုင်ပေမယ်. စာအုပ်မဖတ်ဘဲတော. မနေနိုင်ပါ။ စာဖတ်ခြင်းအမွေကိုတော. ကျွန်တော.ဦးလေး အဒေါ် ကျောင်းဆရာမတွေ ရဲ. အမွေရလိုက်တာပါဘဲ။ ပထမအစတော. ကာတွန်း ရုပ်ပြောင်လေးတွေ ပြီးတော. ၀ထ္ထူတို/ရှည် ဂျာနယ် မဂ္ဂဇင်း ဒီလို နဲ. အတွေးအခေါ်ပိုင်းစာပေတွေ စာအုပ်မျိုးစုံကို ဖတ်တဲ.အလေ.အကျင်.ရသွားတယ်။ စာအုပ်တွေထည်းကနေ ကျွန်တော်ကို. ကျွန်တော် ပြုပြင်လိုက်နိုင်တာတွေ အများကြီးပါ။  ကျွန်တော် မသိနိုင်တာလေးတွေ အများကြီး စာအုပ်ထည်းကနေ သိခွင်.ရတယ်။ အမှားတွေကို စာတွေဖတ်ပြီးရှောင်ကျဉ်နိုင်ခဲ.သည်။ မရောက်ဖူးတဲ. နိုင်ငံတွေအများကြီးကို  စာအုပ်ထည်းကနေ သွားနိုင်ခဲ.တယ်။ ရောက်ဖူးတဲ.လူတွေတောင် မသိတဲ. အချက်အလက်တွေ စုံလင်အောင် ဖတ်နိုင်တယ်။ ထူးဆန်းတာလေးတွေ သိပ္ပံနည်းပညာလေးတွေ ဖတ်ပြီးတော.လည်း ဗဟုသုတ တိုးလာစေ တယ်။  ဘာသာရေး စာတွေဖတ်တော. ယဉ်ကျေး လာပြီး ဘာသာတရား ကိုင်းရှိုင်းတတ်လာတယ်။
စာအုပ်တွေက ကျွန်တော် ခရီးသွားတိုင်းအမြဲပါသော အဖော် တစ်ခုဆိုလည်းမမှားပါဘူး။ ကျွန်တော်၏ အကောင်းဆုံးသော မိတ်ဆွေတွေက စာအုပ်တွေပါ။ သူတို.တွေက ကျွန်တော်မသိတာတွေ မေးလို.မရပေမယ်. ရှာလို.ရနိုင်တယ်။ အမှန်တွေကို သူတို.ထည်းကနေ ရှာနိုင်တယ်။ ဒီနေ.ဒီအချိန်ထိကိုပေါ. ကျွန်တော် စာဖတ်ခြင်းကို ခုံမင်နေစဲပါဘဲ။
  ခုလိုအင်တာနက်ကို စိတ်ကြိုက်သုံးလို.ရတဲ. အချိန်ကျတော. ပိုပိုပြီး သိလာရတယ်။ ထိုသို.သော အချိန်တွင် ကျွန်တော်. စိတ်ထည်းမှာ  ကျွန်တော်ဖတ်ရသမျှ  လေးတွေကို ပြန်လည်မျှဝေပေးချင်တဲ. စိတ်ကလည်း ဖြစ်ပေါ်လာတယ်။ ထိုကြောင်.ပင် မြစ်ဆုံဟူသော ကျွန်တော်. အိမ်လေးမှာ ရသစုံကို အရသာ ရှိရှိ သုံးဆောင် နိုင်ဖို. ကျွန်တော်အမြဲတမ်း ဖြည်.ဆည်းပေးနေခဲ.တာပါ။ 
    သူငယ်ချင်းတစ်ယောက်က မေးလာတယ် မောင်မောင်-- မင်းဘလော.လေးက  ဘာတွေဦးတည်တာလည်းတဲ.။  နည်းပညာအကြောင်းတွေလား  အချစ်အကြောင်းတွေလား ကဗျာတွေလား   အတွေးအမြင်တွေလား ဒါမှမဟုတ် ဘာသာရေး ဆိုတော.  ကျွန်တော်.က ဖြေလိုက်တယ် အကုန်တင်ပါတယ်လို.   ဆော.၀ဲလေး တစ်ခုကောင်းတာတွေ.ရင်လည်း  တင်လိုက်တာဘဲ။ စာအုပ်လေး တစ်အုပ် ဖတ်မိလို.အဲ.အထည်းက အကြောင်းအရာလေးတွေ တစ်ခုခု ကြိုက်သွားရင်လည်း တင်လိုက်တာဘဲ။ ကဗျာလေး တစ်ပုဒ် ခံစားမိရင်လည်း  မျှဝေခံစားစေဖို. တင်လိုက်တာပါဘဲ။ တရားဓမ္မလေးတွေ သိသင်.တာလေးတွေလည်း တင်တာဘဲ။ ဗဟုသုတ ရမယ်ဆိုရင်လည်း တင်လိုက်တော.တာဘဲ။ ဒီတော. ကျွန်တော်.အိမ်လေးက သူများတွေလို သပ်သပ်ရပ်ရပ် အိမ်လေးတစ်ခု မဖြစ်ဘဲ ရှုပ်ပွနေမှာတော. အမှန်ပါ။  အရူးလွယ်အိတ်လေး လိုပေါ. အိတ်ထည်းမှာ အကုန် ရှိမယ် ဆိုသလိုပါဘဲ။  
   ထိုကဲ.သို.ကျွန်တော် မျှဝေ ထားသော စာလေးတွေမှာ  မူရင်းစာရေးသားသူကို အမြဲထည်.ပေးနိုင်အောင်ကြိုးစားပါတယ်။ တစ်ခါ တစ်ရံ ကျွန်တော် မောင်မောင်၏ ပေါ.ဆ မှုကြောင်.သော်လည်ကောင်း  အမျိုးမျိုးသော အကြောင်းကြောင်းကြောင်.သော်လည်ကောင်းဖော်ပြရန်ပျက်ကွက်ခဲ.ပါက  နာလည်ပေးဖို. ပြောပါရစေ။
တစ်စုံတစ်ရာသော နစ်နာမှု ရှိပါကလည်း မောင်မောင် ကို တိုက်ရိုက် ပြောဆိုနိုင်ပါတယ်။ စာရေးသူ စာဖတ်သူတွေကို မောင်မောင် တန်ဖိုးထား လေးစားပါတယ် ။
    ထိုသို.သော ကျွန်တော်.အိမ်လေးထည်းမှ တန်ဖိုးရှိသော စာလေးများမှာ ကျွန်တော်ကိုယ်တိုင်ဖန်တီးယူထားတာတွေ အင်မတန်မှ နည်းပါးလှပါတယ်။  ဒီလိုဘဲ ကျွန်တော်တွေ.ရှိသမျှ ကောင်းနိုးရာရာလေးတွေကို  ပြန်လည်မျှဝေ ပေးနေသေးတဲ.အဆင်.လေး တစ်ခုပါဘဲ။  အချိန်လေးများ ပိုလာခဲ.သော်  ကိုယ်တိုင်ဖန်တီးရေးသား ခြင်သော်လည်းစိတ်ကူးစိတ်သန်း နည်းပါးတာက တစ်ခု  ကျွန်တော်ကိုယ်တိုင် စာရေးခြင်းမှာ အားနည်တာက တစ်ကြောင်း ကြောင်.  မောင်မောင် ၏ ဖန်တီး မှုများမှာ နည်းပါးလှတယ်။ တစ်ချို.ချို.သော အစ်ကိုတွေ အစ်မတွေ ညီလေးတွေ သူငယ်ချင်းတွေ ဖန်တီးနိုင်စွမ်းရှိသူများကိုတော. အင်မတန်ကို အားကျမိပါတယ်။ မောင်မောင်ကတော. သူတို. ဖတ်တဲ. စာလေးတွေကိုဘဲ ဖတ်ပြီး ကျေနပ်ပီတိဖြစ်နေသူပေါ.။   
   ကျွန်တော်.လို ဘ၀တူ သမားတွေကိုလည်း အားမငယ်ပါနဲ.။ ဖြေးဖြေး ချင်း ကြိုးစားကြတာပေါ. နော်။ မျှဝေပေးနေတယ် ဆိုတာလည်း အနည်းဆုံးတော. စာဖတ်မှ ရမှာမဟုတ်လား။ စာတွေ တင်ပေးနိုင်ဖို. ပိုဖတ်လေလေ ပိုပီးသိလာလေလေပါဘဲ။ သက်ရောက်မှုတိုင်းမှာ တန်ပြန်သက်ရောက်မှုဆို တာ ရှိတယ် မဟုတ်လား။  မင်း ကွာ အချိန်တွေ အကုန်ခံပြီးလုပ်နေသေးတယ်  ဒါတွေ တင်ပေးနေတော. မင်းဘာတွေရလို.လည်း ဆိုတဲ. မေးခွန်းမျိုး မေးလာခဲ.ရင်လည်း အဖြေက အသင်.ရှိပြီးသားပါ။ စာတွေ တင်နိုင်ဖို. စာများများ ဖတ်ရသည်.အတွက် ပိုပို သိလာတယ်။ မိမိမှာ စာပေချစ်သူ မိတ်ဆွေ တွေ များလာတယ်။ မျှဝေထားတာဘဲ ဖြစ်ဖြစ်  ဖန်တီးထားတာဘဲ ဖြစ်ဖြစ် တင်ထားတာလေးတွေကို   တကူးတက လာရောက်ဖတ်သွားသော အရေအတွက်လေးတွေ  ပို.စ်အောက်လေးတွေ စီဘောက်က နေတစ်ဆင်. 
အာပေးမှုလေးတွေကလည်း  ပီတိလေးတွေဖြစ်တာတော. အမှန်ပါ။ ကျွန်တော်.တို.အတွက် အားဆေးဆိုလည်း မမှားပါဘူး။
        အိမ်လေးကို  ပြုစုပျိုးထောင်ဖို. မရနိုင်တော.တဲ.အခါမှာတော.  စာဖတ်စာရေးဖို. စိတ်အားထက်သန်သူ 
တစ်ဦးဦးကို လွှဲပြောင်ပေးလိုက်ဖို.လည်း ဆုံးဖြတ်ပြီးသားပါ။  ကျွန်တော် ချစ်သော မြန်မာပြည် မြန်မာလူမျိုး 
ကျွန်တော် ချစ်သော အဖွဲ.အစည်း အတွက် အလုပ်တွေ လုပ်ရမည်.အချိန်ရောက်လာရင်တော. ဒီအိမ်လေးကို ကျွန်တော် စွန်.ခွာရမှာ အမှန်ပါ။  မည်သို.ပင် ဖြစ်စေကာမူ  ဒီအိမ်လေးမှာ ကျွန်တော် အချိန်တစ်ခုထိတော. ဆက်လက်ရှင်သန်နေအုန်းမှာဘဲ။                                         
                                                                                              မောင်မောင် (မြစ်ဆုံ) 

ကျွန်ုပ်ငယ်စဉ်ကတည်းက ဖြစ်ပေါ်လာပြီး ဖော်ပြ၍ မရအောင် မြတ်နိုးခုံမင်သော စာဖတ်ခြင်းကို အိန္ဒိယပြည်မှ ရတနာများနှင့် မလဲလှယ်နိုင်။
( အက်ဒွတ်ဂစ်ဘွန်း )

8 comments:

Anonymous said...

နာတို့လဲဘာထူးလဲဟယ်
အရူးလွယ်အိတ်ပါပဲး)
ဘယ်လိုကြောင်ပဲဖြစ်ဖြစ်
မလွှဲသာမရှောင်သာ.ကိစ္စကလွဲလို့
ဘာကြောင်းပဲရှိရှိ
ဘလော့အိမ်လေးကိုတော့..
မစွန့်စေချင်ဘူး

ပြီးတော့..အရေးသားကောင်းလေးတွက်
လေးစားပါတယ်ဆရား)
ဟက်ပီးခရစ်စမတ်ပါ

ခင်မင်စွာဖြင့်
သမံစီး

blackroze said...

မောင်မောင်ရေ
ရေးနိုင်သလောက်..အချိန်ပေးနိုင်သလောက်
တော့ဆက်ရေးပါဦး..
ကျောင်းပြီးလို့ပြန်သွားရတော့မယ်
ဆိုတဲ့အခါကျရင်လည်း..
စာပေဝါသနာပါတဲ့ညီငယ်တဦးဦးကို
လက်ဆင့်ကမ်းပေးခဲ့လိုက်ပါ..ဒီဘလော့လေးကိုပေါ့

ကျမလည်း..အခုချိန်မှာတော့စာတွေရေးနေတုန်း
စာတွေဆိုတာထက်..ကျမရေးဖြစ်တာက
ကျမရဲ့ခံစားချက်တွေပေါ့လေ...
ဘလော့ကိုဒိုင်ယာရီသဘောမျိုးကျမေ၇းနေမိတာ
ချစ်သူကိုစိတ်ဆိုးမိရင်လည်းစာတွေကဗျာတွေ
ဖြစ်လာတယ်..ချစ်သူနဲ့တွေ့ရလို့
ကြည်နူးမိရင်လည်းစာတွေကဗျာတွေ
ဖြစ်လာတယ်။။
တချို့ကတော့ပြောကြမှာပါ..
ကျမရဲ့ခံစားမှု့သံစဉ်..ဆိုတာကျမအကြောင်း
တွေကိုဘဲအားအားရှိရေးနေတဲ့ဘလော့တခုပါလို့
ဒါပေမဲ့ကျမဒီဘလော့လေးတခုခုဖြစ်သွားမှာ
အရမ်းကြောက်တယ်..
ကျမဒါလေးကိုဖန်တီးခဲ့တုန်းက
ရင်ဘတ်ထဲကခံစားချက်တွေနဲ့ဖန်တီးခဲ့ရတာ..
ကျမရေးခဲ့သမျှမှာ..သူတပါးခံစားချက်နဲ့
အငှားခံစားခဲ့ရတာတခုမှမပါဘူး..
ကျမဘယ်အချိန်အထိရေးဖြစ်နေမလဲ
ဆိုတာလည်းကျမကိုယ်တိုင်တောင်မသိပါဘူး
အင်တာနက်လွယ်လွယ်ကူကူသုံးလို့မရတဲ့
နေရာမှာသွားနေရမယ်ဆိုရင်..
ကျမဒီဘလော့လေးကိုဒီအတိုင်းပြစ်ခဲ့ရမှာ
သေချာတယ်...

လူဆိုတာမျှဝေပေးတတ်ရတယ်မောင်မောင်..
အကြီးကအငယ်ကိုမျှဝေပေးတာမျိုး..
အများကအနည်းကိုမျှဝေပေးတာမျိုး
ကိုယ့်မှာရှိနေတာတွေထဲက..တစုံတယောက်ကို
သူလိုအပ်နေမယ်ထင်တာတခုခုမျှဝေပေးလိုက်တဲ့
အခါမှာခံစားလာရတဲ့ ပိတီ..အဲတာဘာနဲ့မှ
လဲလို့မရပါဘူး..
ကျမတို့တွေကလူတွေထဲကသာမန်လူသား
တယောက်ဘဲဆိုတော့..အင်မတန်မြင့်မြတ်လှတယ်
ရယ်လို့လည်းမဟုတ်ပါဘူး..
ဒါပေမဲ့..ငွေတွေအများကြီးမပိုင်ဆိုင်ခင်မှာ..
ကိုယ့်မှာပိုင်ဆိုင်နေတဲ့စိတ်ထားလေးကို
အမြင့်မြတ်ဆုံးဖြစ်အောင်ထားတတ်ရတယ်..

ကိုယ့်ကိုကိုယ့်အောင်မြင်အောင်
စွမ်းဆောင်နိုင်ရတယ်....
အထူးသဖြင့်..စိတ်ဓါတ်..
တန်ဘိုးအရှိဆုံးဖြစ်အောင်ထားပါ..
အမြင့်မြတ်ဆုံးဖြစ်အောင်ထားပါ..
လူတွေရဲ့အလယ်မှာကိုယ်ဟာ..
တာဝန်ကိုရဲရဲဝံဝံ ယူတတ်တဲ့
ယောက်ကျားကောင်းတယောက်ဖြစ်အောင်
နေပါ..

မောင်မောင်ရေးထားတဲ့ပိုစ်နဲ့ကျမရေးခဲ့တဲ့
ကောမက်..သိပ်တော့အဆက်စပ်မရှိလှပါဘူး..
စိတ်ထဲပြောချင်တာရှိတာနဲ့
ကောမက်မှာဘဲရေးခဲ့လိုက်တယ်..
ကောမက်ရှည်သွားရင်တော့..
တောင်းပန်ပါတယ်ကွယ်..

ခင်တဲ့အမ ပစ်ပစ်

မဒမ်ကိုး said...

ကျေနပ်တယ် ကျေနပ်တယ် အစုံသိရလို့ ကျေးဇူး
ကန့်ကွက်တယ် ကန့်ကွက်တယ် ဘာကိစ္စ စာေ၇းတာစွန့်လွှတ်ရမလဲ အားတဲ့ကိုယ်ပိုင်အချိန်တွေမှာလုပ်ရင်ရတာဘဲ .
ဒါတော့ကန့်ကွက်တယ်ဟေ့း)
ခင်တဲ့
အမကြီးလူရှုပ်ဂျပိုး

မဒိုးကန်

စံပယ်ချို said...

ဘာအဲဖြစ်ဖြစ်စာတော့ဆက်ရေးပါမောင်မောင်ရေ
ဘာကြောင့်လဲ???????????????????
စာဆက်မရေးဘူးဆိုရင် သူငယ်လဲမဟုတ်ဘူး
မောင်လေးလဲမတော်ဘူး ဒါဗြဲ
Merry Christmas & Happy New Year

San San Htun said...

စာတွေ ဆက်ရေးစေချင်ပါတယ်..

evergreen said...

စာရေးတာဘာလို့ ရပ်မလဲ...ဆက်ရေးပေါ့ ...ခဏခဏအလည်ရောက်ပါတယ်

မေထား said...

စာရေးတာဘာလို့ ရပ်မလဲ...ဆက်ရေးပေါ့ ...ခဏခဏအလည်ရောက်ပါတယ်

မောင်မောင် said...

ခင်မင်လေးစားရပါသော အစ်မတို.ရေ မောင်မောင် အချိန်ရတဲ.အခါတိုင်းရေးနေအုန်းမှာပါ။ ကျေးဇူးအကြီးကြီးတင်ပါတယ် ခင်ဗျာ+++

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။