Monday 28 November 2011

ကံမသိ မှန်ကြည်.ပါ ( fwd mail)





နေ့တိုင်းမှန်ကြည့်ကြမည်ဆိုရင် သတိလေးတစ်ချက်ဝင်စေဖို့ လိုအပ်ပါတယ်။ အဲလိုသတိတရားလေးဝင်မှ ကံကိုလည်း သိမှာဖြစ်တယ်။
 လိုရင်းကမှန်ကြည့်တဲ့အချိန်မှာ အသိဝင်ပြီး နှိုင်းယှဉ်တတ်စေဖို့ ရည်ရွယ်ပြီး ဖတ်ထားသောစာလေးအား မျှဝေပေးလိုက်ပါ။
 မှန်ဟာ ကြည့်သူများကို အရှိအတိုင်း ထင်ရှားစေသလို ကံတရားဟာလည်း ပြုသူများကို မျက်နှာလိုက်ခြင်း၊ မျက်နှာသာပေးခြင်း မရှိဘဲ
 အရှိအတိုင်း အကျိုးသက်ရောက်မှု ရှိစေပါတယ်။ မှန်ပါတယ်။ မှန်ကြည်တဲ့အခါ မြန်မာပဲကြည့်ကြည့် ကိုရီးယားပဲကြည့်ကြည့်၊
 အမေရိကန်ပဲကြည့်ကြည့်၊ ဂျပန်ပဲကြည့်ကြည့်၊ ဖြူသူပဲကြည့်ကြည့် မဲသူပဲကြည့်ကြည့် ဘယ်သူပဲကြည့်ကြည့် မှန်မှာပေါ်လာတဲ့
 ထင်ဟပ်မှုဟာ အရှိအတိုင်းပင် ဖြစ်ပေါ်စေသလို ကံတရားဟာလည်း ဘယ်နိုင်ငံ၊ ဘယ်လူမျိုးက ဘာအလုပ်ကိုပဲ လုပ်လုပ်
 တန်ပြန်အကျိုးသက်ရောက်မှုမှာ အဲဒီသူတို့ ပြုတဲ့အတိုင်း၊ သူတို့စိတ်စေတနာ အတိုင်းပဲ ဖြစ်ပေါ်စေပါတယ်။ ကံတရားရဲ့ အကျိုးပေးမှုမှာ
 ဂုဏ်ပကာသနမရှိ၊ ရာထူးဌာနန္တရမရှိ၊ ပစ္စည်းဥစ္စာမရှိ သတ္တ၀ါမှန်သမျှအပေါ် တစ်ပြေးညီတည်းပါပဲ။ ဒါကြောင့် ကိုယ်ဘာပဲလုပ်လုပ်
 ကိုယ်လုပ်တဲ့အလုပ်ဟာ ကိုယ့်ကိုပြန်ပြီ အကျိုးသက်ရောက်မှု ဖြစ်စေမှာဖြစ်တဲ့အတွက် မှန်ကြည့်ပြီး လုပ်ကြဖို့ တိုက်တွန်းခြင်း
 ဖြစ်ပါတယ်။


   နှစ်သက်မိသောကြောင်.fwd မေးလ်မှ တဆင်.ပြန်လည်မျှဝေထားခြင်း ဖြစ်ပါသည်။

7 comments:

ချောကလက်ကျူးပစ်လေး said...

မှတ်သားစရာတွေပဲ...

စံပယ်ချို said...

မောင်မောင်ရေ
ဖတ်စရာမှတ်စရာပါပဲနော်
ခင်ခင်မင်မင် jasmine

Anonymous said...

ဟုတ်တော့.ဟုတ်သားနော်မြစ်ဆုံ
မှန်သာ.တစ်နေ့.အခါနှစ်ဆယ်လောက်ကြည့်တာ
အဲ့လိုမျိုး.တစ်ခါမှ.မတွေးဖူးဘူးဟး)
မှတ်သားစရာတွေပါပဲကွယ်
မျှဝေပေးတဲ့အတွက်
ကျေးကျေးပါမြစ်ဆုံရေ
ခင်မင်စွာဖြင့်
သမီးစံ

Anonymous said...

မှတ်သားစရာအတွေးကောင်းလေးအတွက် ကျေးဇူးပါပဲ မြစ်ဆုံရေ...၊ တွေးတတ်ပါပေ့။

ချမ်းမြေ့ပါစေ
ချယ်ရိမြေ

ကိုတူး said...

မှတ်သားသွားပါတယ်
Thank for sharing

San San Htun said...

မှန်ကြည့်တော့ သိသွားတယ်..ကိုယ် ဟိုအရင်ဘဝက ဘယ်လောက် မကောင်းတာတွေ လုပ်ခဲ့သလဲလို့ ...:P

8Yar said...

ပြန်ရှယ်ပေးတဲ့ အတွက်ကျေးဇူးပါအစ်ကိုရေ။ ကောင်းသောနေ့လေးဖြစ်ပါစေ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။