Sunday 20 November 2011

ချစ်သူသိစေ



ပန်းပွင်.ရှိမှ ရနံ.ရတာ မဟုတ်ဘူး
ဖူးသည်. တစ်ငုံ ထုံသည်. တစ်ပွင်.
နှမ်းခွင်.တစ်ရှိုက် ရခိုက်မှာ 
ထာဝရ အမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံရစ်
ဆွတ်ပျံ.နေ ချစ်သူသိစေ---


တွေ.ခွင်.ရမှ မင်းမျက်နှာလ၀န်း
ကြည်.ခွင်.တစ်ခါ မြင်ခွင်.တစ်လှည်.
မင်းမရှိလည်း စွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော.ကြည်.ရင် မိုးကောင်ကင် လိုရှိ
တွေ.လိုနေ ချစ်သူသိစေ--


ဘယ်လောက်ဝေးဝေး ဘယ်မှာဖြစ်ဖြစ်
တွဲနှောင်ရစ်ငင် အိပ်မက်မှာ အစဉ်အမြဲရှိ
နေရာချင်း လွဲလွဲ ဒေသ ချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ် အိပ်မက်မှာရှိ--
ဖွင်.ဟပြောမှ ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ. စိမ်.စမ်းရေ ကျေးငှက်တို. တီးတိုးသံ
ချိုစွာကြားရင် မင်းစကားသံစွဲမြဲစွာကျန်ရစ်
ကြားလို.နေ ချစ်သူသိစေ--- 
 


                                                                          မောင်စိန်ဝင်း(ပုတီးကုန်း)
 
ကဗျာလေးကတော. နူးညံ.သိမ်မွေ.လွန်းပါတယ်။ တစ်ယောက်တည်းသော သူကို ရည်ရွယ်ပြီး ပေါ.နော်-။
နေရာချင်း လွဲလွဲ ဒေသ ချင်းကွဲကွဲ   မြင်ယောင်စိတ်အစဉ် အိပ်မက်မှာ ရှိ    တိုက်ဆိုင်လိုက်တာများနော်။
 ချစ်သူ သိစေ တဲ. ခေါင်းစဉ်လေးကိုမှ  ---  မောင်မောင် ချစ်သူရမှ ပေးဖတ်ရမယ်.ကဗျာစာရင်းထဲ ထည်.ထားအုန်းမယ်--။
  ဆရာမောင်စိန်ဝင်းရဲ. ကဗျာတိုင်းကို ကျနော်အရမ်းကြိုက်ပါတယ်။ ကျနော်လေးစားသော ဆရာကို ဂုဏ်ပြုသောအားဖြင်. ဆရာ.ကဗျာလေးကို မျှဝေလိုက်တာပါ။  ကဗျာရေးဖွဲ.တတ်သော သူများဟာ သူများတွေထက် ပိုပြီး ခံစားတတ်တဲ.နှလုံးသား ရှိလို.တဲ.-- ဖတ်ဖူးတာပါ။  မောင်မောင်တစ်ယောက်ကဗျာ လုံးဝမဖွဲ.တတ်ဘူး။ ဒါဆို မောင်မောင် မခံစားတတ်ဘူးပေါ.--- အဲ.လိုထင်ရင်မှားသွားပါမယ်။ အရမ်းခံစားတတ်လွန်းလို. ခက်နေတာ။ အစ်မဂျက်စမင်း ဆို ဟော တစ်ပုဒ် ဟောတစ်ပုဒ် နဲ.  စက်ထည်းကနေထွက်သလိုဘဲ ကဗျာဖွဲ.တာများ ပိုင်နိုင်လိုက်တာ တစ်ကယ်ကို အားကျစရာပါဘဲ။   အစ်ကိုတွေထည်းမှာ ဆိုလည်း ကိုလွင်ပြင်ငယ်လှိုင်း ကိုထာဝရသစ္စာ  ကိုမြတ်မင်း တို. တစ်ကယ် ကဗျာအရေးအသားကောင်းကြတယ်။   ကျန်သော ကဗျာအရေးကောင်းသူများ ရှိပါသေးတယ်။ 

 ဒီကဗျာလေးကို သီချင်း ရှိမှန်းမသိဘူး ။  နားထောင်းခဲ.ဖူးတာတော. ဟုတ်တယ် မမှတ်မိတာပါ။ ခု ကို အောင်ဟိန်း AH   က  လင်.လေး ပေးတော.မှ တွဲနားထောင်ဖြစ်တယ်ဗျာ။ ကျေးဇူးပါဘဲ အစ်ကိုရေ။ 


သီချင်းလေးပါ တင်ပေးထားတယ် နော် ။   ကဗျာလေးကိုလည်းဖတ် သီချင်းလေးကိုလည်း တွဲးနားထောင်ပေါ.။




6 comments:

AH said...

ကိုမောင်မောင်ရေ... ဒီလေးကို ဖတ် တစ်ခေါက်ခံစား ကိုတိုးကြီးရဲ့ သီချင်းလေးကို ပြန်နားထောင် ထပ်ခံစားနဲ့ နှစ်ကျော့ ခံစားသွားပါကြောင်းပါ ခင်ဗျား... :)

http://www.youtube.com/watch?v=jqmRCxx1jRM

မောင်မောင် said...

အစ်ကိုရေ သီချင်းလေးက ကောင်းတယ်ဗျို.-- ။ကျေးဇူးပါဘဲ ခင်ဗျာ--။

Thameesan said...

ဒီသီချင်း
ခင်မောင်တိုးဆိုတာပဲသိတယ်
ဆရာမောင်စိန်ဝင်းရဲ့ကဗျာမှန်းမသိဘူး
တုံးလိုက်တဲ့ငါ့အဖြစ်း)
စာသားတွေရော.ခင်မောင်တိုးအသံကိုပါ
ကြိုက်ပါတယ်..။
ဝေမျှပေးလို့.ကျေးဇူးပါမြစ်ဆုံရေ

blackroze said...

ဆရာမောင်စိန်ဝင်းရဲ့ကဗျာလေးကို
ကိုခင်မောင်တိုးကသီချင်းအဖြစ်ပြန်ဆိုတာပါ
ကျမတော့ကဗျာကိုပိုကြိုက်တယ်..
ကဗျာကအရမ်းကောင်းနေရင်
အဲတာကိုမှီပြီးတခုခုပြန်ဖန်တီးတာ..
သီချင်းအဖြစ်ပြန်ဆိုတာမျိုးပေါ့..
အဲလိုမျိုးကိုမကြိုက်ဘူး..
ဥပမာပေါ့....
စာရေးဆရာမဂျူးရဲ့
ကြယ်စင်တံတားကမ်းပါးနှင်းမြူ..ဆိုတဲ့
ဝတ္ထုအရမ်းကောင်းတယ်..
အဲတာကို လွင်မိုးလူမင်းစိုးမြတ်နန္ဒာတို့နဲ့
ရုပ်ရှင်ပြန်ရိုက်တော့
(ကျမအထင်ပေါ့နော်)
့ကြည့်ရတာမူရင်း
ဝတ္ထုကိုမမှီဘဲတခုခုလိုနေသလိုမျိုး
ခံစားရတယ်..
မူလဖန်တီးလိုက်တဲ့အရာက
အရမ်းကောင်းနေရင်
အဲတာမှီပြီးပြန်ဖန်တီးတာမျိုးကို
ခံစားကြည့်လို့မရတော့ဘူး
ကျမ..ကဗျာကိုအရမ်းကြိုက်တယ်
သီချင်းကိုမကြိုက်ဘူး..
တကယ်တော့သီချင်းကလည်း
အဲဒီကဗျာကိုဘဲ ၏ သည်မရွေးဆိုထားတာပါ
ဒါပေမဲ့စိတ်ထဲမှာဘယ်လိုမှခံစားလို့မရဘူး
ဖြစ်သွားတယ်..

ပထမကောမက်ရေးပြီးမှပျောက်သွားလို့
အခုကောမက်ကိုထပ်ရေးလိုက်တာ..
ကောမက်နှစ်ခုဖြစ်နေရင်တခုကို
delete လိုက်ပါ..

လမင်းငယ် said...

ကဗျာလေးဖတ်သွားပါတယ်

မောင်မောင် said...

အစ်မ ပစ်ပစ်ရေ ကွန်မန်းက ခုမှ ပေါ်လာတယ်။ ပေးထားတာ ကြာပီထင်တယ်နော်။ ကျေးဇူးပါဘဲနော်။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။