အလုပ်မှားက စိတ်ပူရ
မကောင်းတဲ.အလုပ် လုပ်တဲ.သူဟာ
ဒီဘ၀မှာလည်း
စိတ်ပူလောင်ရ၊
နောင်ဘ၀မှာလည်း
စိတ်ပူလောင်ရပါတယ်။
ပစ္စုပ္ပန်ဘ၀မှာ
ငါ မကောင်းတဲ.အလုပ် လုပ်မိလေခြင်း
လို.တွေးပြီး စိတ်ပူလောင်ရသလို
တမလွန်ဘဝ
အပါယ်လေးပါး တစ်ပါးပါး
မကောင်းရာဒုဂ္ဂတိ ရောက်တဲ.အခါ
ဆင်းရဲ ဒုက္ခတွေကို
နာကျင်သည်းထန်စွာ ခံစားပြီး
အကြီးအကျယ်
စိတ်ပူလောင်ရပါတယ်။
(ဓမ္မပဒဂါထာ- ၁၇ )
အလုပ်မှန်က စိတ်အေးရ
ကောင်းတဲ.အလုပ် လုပ်တဲ.သူဟာ
ဒီဘ၀မှာလည်း
နှစ်သက်ရ၊ စိတ်ချမ်းသာရ၊
နောင်ဘ၀မှာလည်း နှစ်သက်ရ၊
စိတ်ချမ်းသာရပါတယ်။
ပစ္စုပ္ပ တမလွန် နှစ်ခုလုံးမှာ နှစ်သက်ရ၊
စိတ်ချမ်းသာရတာပါ။
ပစ္စုပ္ပန်ဘ၀မှာ
ငါ ကောင်းတဲ.အလုပ် လုပ်ထားတယ်၊
ငါ ကောင်းတဲ.အလုပ် လုပ်ပြီးပြီ လို.
တွေးပြီး နှစ်သက်ရ၊ စိတ်ချမ်းသာရသလို
တမလွန်ဘဝ
လူ.ပြည်၊ နတ်ပြည်
ကောင်းရာသုဂတိ ရောက်တဲ.အခါ
ချမ်းသာသုခတွေကို
ပြည်.စုံကြွယ်ဝစွာခံစားပြီး
အကြီးအကျယ် နှစ်သက်ရ၊
စိတ်ချမ်းသာရပါတယ်။
(ဓမ္မပဒဂါထာ- ၁၈ )
source.// စိတ်အားဖြည်.ဓမ္မပဒ (အရှင်ဆန္ဒာဓိက)
မိတ်ဆွေများအားလုံး လူကောင်းလူမွန် လူမှန်များ ဖြစ်ကြပါစေ။
1 comments:
စိတ်ထဲမှာငြိမ်းချမ်းသွားတာပဲမြစ်ဆုံရေ
ဝေမျှပေးတဲ့အတွက်.ကျေးဇူးပါနော်
ဘုန်းဘုန်းဘုရားလည်း..အသက်ရာကျော်ရှည်ပါစေ
ခင်မင်စွာဖြင့်
သမီးစံ
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။