Thursday 17 November 2011

မိုက်ကယ်ဂျက်ဆင်ကို ဆေးထိုးသတ်ခဲ.ကြောင်း ဒေါက်တာမာရေးဝန်ခံပြီ




ကမ္ဘာကျော် ပေါ.ဂီတ ဘုရင်ကြီး မိုက်ကယ်ဂျက်ဆင် အသက်(၅၀နှစ်)ဟာ 
အမေရိကန် နိုင်ငံ လော့အိန်ဂျလိစ်မြို့ ရှိ သူ၏နေအိမ်တွင် (၂၀၀၉ဇွန်လ၂၅ရက်) ကြာသပတေးနေ့-နေ့လည်ပိုင်းတွင် ဦးနှောက်ထည်းသို. အောက်ဆီဂျင် မရောက်သော  ရောဂါဖြင်. သေဆုံးသွားခဲ.သည်။  မိုက်ကယ်သေဆုံး မှုမှာသွေးရိုးသား ရိုး ဟုတ် မဟုတ်ဆိုသည်မှာ မည်သူမျှ တပ်အပ်မပြောနိုင်ခဲ.ပေ။ သန်းနဲ.ချီသော သူ.ပရိသတ်များမှာလည်း  သည် ပြဿနာကို စိတ်ဝင်စားခဲ.သည်။ ဘာကြောင်.လည်း ဘယ်သူ လုပ်တာလည်း  ---- လဲ-- မေးခွန်းပေါင်းများစွာကို  တိကျစွာဖြေနိုင်ဖို. လည်း မည်သူမျှမတတ်နိုင်ခဲ.ပေ။
မိုက်ကယ်ကို ရင်ခွဲ စစ်ဆေးခဲ.သော ဆရာဝန်မှလည်း   အိပ်မပျော်နိုင်သော ရောဂါရှင်ဖြစ်သူ မိုက်ကယ်သည် စိတ်ငြိမ်ဆေးဝါး မြောက်မြားစွာကို သောက်သုံးပြီး မိမိကိုယ်ကို အဆုံးစီရင်ခြင်းမှာ မဖြစ်နိုင်ဟုဆိုကာ ဆေးစစ်မှတ်တမ်းကို ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။ တစ်စုံတစ်ယောက်၏ အထောက်အကူကို မိုက်ကယ် မရယူဘဲ မဖြစ်နိုင်ဟု ဆိုထားပါတယ်။ 
  မိုက်ကယ်၏ မိသားစုဆရာဝန် ဒေါက်တာ ကွန်းရက်မာရေး သည် တရားရုံးတွင် ကြာရှည်စွာ တရားရင်ဆိုင်စစ်ဆေးမေးမြန်းခံနေရကာ နောက်ဆုံး ဆေးစစ်ချက်များထွက်လာပြီး၌  သူဟာ  မိုက်ကယ်သေဆုံးမှုတွင် ပါဝင် ပတ်သက်မှု ရှိကြောင်း လော.စ်အိန်ဂျလိစ်မြို. တရားရုံးတစ်ရုံးမှ တရားသူကြီးထံတွင် ၀န်ခံပြောကြားလိုက်ပြီ ဖြစ်သည်။
  မိုက်ကယ်ကို အလွန်အားပြင်းတဲ.မေ.ဆေးများထိုးသွင်းရာတွင် ကူညီခဲ.ကြောင်း ပြောကြားလိုက်တာ ဖြစ်ပါတယ်။ ဒေါက်တာမာရေးဟာ အနည်းဆုံး ထောင် ၄ နှစ်ကျခံဖွယ်ရှိပါသည်။


source/ http://www.channelnewsasia.com/

7 comments:

April said...

လူတစ်ယောက်ကို သတ်ရင် .. ထောင် ၄ နှစ်ပဲကျသလား .. လောကကြီးက တချို့ လူများအတွက် မတရားလိုက်တာ ..

မေသိမ့်သိမ့် ကျော် said...

အင်း သူ့ကိုလည်း အဲ့ဒီဆေးနဲ့ပြန်ထိုးသတ်သင့်ပါတယ်။ ခုမှဝန်ခံရတယ်လို့....

စံပယ်ချို said...

ရိုးရိုးသေတာလို့ထင်နေတာပါ
ဘယ်လိုဖြစ်ရတာလဲစိတ်မကောင်းဘူး
ကြိုက်တယ်လေသူ့ကို
သီချင်းတွေနဲ့ အကကိုပြောတာပါနော်
ခင်ခင်မင်မင် jasmine

SHWE ZIN U said...

လောကကြီးကလည်း ထူးဆန်းလိုက်တာနော် ဘာတွေလည်း မသိဘူး

Thameesan said...

တို့နိုင်ငံက.ကိုသားကြီးလည်း
အဲလိုပဲ.ဖြစ်တာထင်တယ်နော် မြစ်ဆုံ
မကြွေသင့်ပဲ.ကြွေခဲ့ရတာ
ဝမ်းနည်းဖို့.အတော်ကောင်းပါတယ်
မြစ်ဆုံ.လည်းကျော်ကြားလာရင်
အဲလိုဆရာဝန်မျိုး.ရှောင်နော်း)
ခင်မင်စွာဖြင့်

blackroze said...

လူတွေရဲ့စိတ်ကလည်းအံသြဖို့ကောင်းပါတယ်လေ
လောကမှာဘယ်သူ့ကိုမှယုံလို့မရပါလားနော်..

ကိုတူး said...

ဖြစ်ရလေ ဂျက်ဆင်ရယ်.. ဘာလို့များ အိပ်မပျော်နိုင်ရတာလဲ အကြွေးတွေများပေးစရာရှိလို့ထင်ပါ့ :D
ခုတော့ အိပ်ပျော်အောင် ဆေးထိုးလိုက်တာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီ :D

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။