Wednesday 9 November 2011

သူ့ မှာတမ်း..



သူတို့ အဆုတ် ၊ ထားခဲ့ မြှုပ်သည့် 
ဗုံးငုပ်တိုက်မှား ၊ မောင်ပြောက်ကျားကို
၇ွာသား ၇ွာသူ ၊ မေးကြမြူသည်
အူအူ ယမ်းငွေ့  ထတုန်းတည်း ။
 
အမောင်ပြောက်ကျား ၊ ချစ်သူအားကို
ဘာများ မှာခဲ့ လိုသနည်း ။
 
ငယ်ကကြင်မြတ် ၊ မိသက်မှတ်ကို
ခွင့် လွတ်ခဲ့ ကြောင်း ပြောပါလေ ။
မောင်ပြောက်ကျား ၊ မိဘ အားကို
ဘာများမှာ ခဲ့ လိုသနည်း ။
 
မွေးသည့် မိခင် ၊ မွေးဖ ခင်ကို
ဦးတင်ခဲ့ ကြောင်း ပြောပါလေ ။

အမောင် ပြောက်ကျား တိုင်းပြည် အားကို
ဘာများ မှာခဲ့  လိုသနည်း ။

ခ၇ီးမတ်တတ် ၊ လမ်းခုလတ်တွင်
ကိုယ်လွတ်ေ၇ှာင်ခွာ ၊ ခွဲရပါ၍
အာနာ ခဲ့ ကြောင်း ပြောပါလေ ။

ယမ်းငွေ့ အူအူ ၊ တလူလူ နှင့် 
မေးမြူကြတုန်း အနောက်ကုန်းတွင်
နေလုံး ကွယ်လေပြီတကား ။

မင်းသုဝဏ် ( ၈-၂-၁၉၆၃)

ငယ်ငယ်တုန်းက အရမ်းကြိုက်ခဲ.တဲ.ကဗျာလေးတစ်ပုဒ်ပါ။

4 comments:

စံပယ်ချို said...

မောင်မောင်ရေ အမလဲမေးပါရစေတော့
အမောင် ပြောက်ကျား တိုင်းပြည် အားကို
ဘာများ မှာခဲ့  လိုသနည်း....
မောင်မောင်ဆိုရင်ဘယ်လိုဖြေမလဲ?

mstint said...

မင်းသုဝဏ် ကဗျာတွေနှစ်သက်တယ် မြစ်ဆုံရေ။
ပြန်လည်မျှဝေပေးတာ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မောင်မောင် said...

မောင်မောင် လည်း လမ်းခုလတ်မှာတာဝန်မကျေခဲ.ပါက
အားနာခဲ.ကြောင်းပြောမှာပါ။ :)
အန်တီတင်. အစ်မဂျက် ကျေးကျေးပါဘဲ။

လွင်ပြင်လှိုင်းငယ် said...

မင်းသုဝဏ် ကဗျာတွေကို အရမ်း ကြိုက်တယ်
ဝေမျှလို့ ကျေးကျေးပါနော်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။