Saturday 29 October 2011

ကမ္ဘာ.အသက်အငယ်ဆုံးသော ဘူတန် ဘုရင်၏ လက်ထက်ပွဲ





အသက် ၃၁ နှစ် ရှိသော ဘူတန်နိုင်ငံ ဘုရင် သည်  အသက် ၂၁ နှစ် အရွယ်ကျောင်းသူလေးနဲ. ပထမဆုံးသော သူ၏ လက်ထက်ပွဲကို  နိုင်ငံသူ နိုင်ငံသားများနှင်. စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ.ပါတယ်။ ဘုရင်၏ လက်ထက်ပွဲကျင်းပပုံများနှင်. ဘူတန်နိုင်ငံအကြောင်လေးကို ဗဟုသုတ ရအောင်ဆိုပြီး အင်တာနက်ထည်းမှာ ရှာဖွေပြီး တင်ပေးထားပါတယ်။
ဘူတန်နိုင်ငံသည် စိတ်ဝင်စားဖို. အလွန်ကောင်းလှပါသည်။ ကမ္ဘာပေါ်မှာ ဒီနိုင်ငံရှိတယ်လို.တောင် မသိခဲ.ပါဘူး။ အင်မတန်မှ ငြိမ်းချမ်းပြီး သာယာပျှော်ရွှင်တဲ. တိုင်းပြည်တစ်ခုပါ။ ချမ်းသာ ပြီး ခေတ်မှီတဲ. နိုင်ငံ
တစ်ခုလား ဆိုပြီးထင်နေမယ်ဆိုရင် မှားသွားပါမည်။  မြန်မာနိုင်ငံ ၏ အိမ်နီးချင်း နိုင်ငံများဖြစ်သော တရုတ်နိုင်ငံ နှင်. အိန္ဒိယ နိုင်ငံကြီးနှစ်ခုကြား  နာမည်ကျော် ဟိမ၀န္တာ တောင်ခြေအောက်ရှိ ဘူတန်နိုင်ငံသည်
ဆင်းရဲ သော နိုင်ငံငယ်လေး တစ်ခုသာ ဖြစ်သည်။  သို.သော်  ကမ္ဘာ.အပျှော်ရွှင်ဆုံး နိုင်ငံများတွင် အဆင်. ၅ နေရာတွင် ရှိ ပါသည်။






   ဆင်းရဲတဲ.နိုင်ငံဆိုပေမယ်.  တစ်နိုင်ငံလုံးမှာ တောင်းရမ်းစားသောက်နေရသူတွေ အင်မတန်ကိုနည်းပါးပါတယ်။ ဇိမ်မယ်ခန်းတွေမရှိဘူး။  ခေတ်မှီတဲ. တိုက်ကြီးတွေ ကို တွေ.မြင်ဖို. ခက်ခဲသလို
စုတ်ပြတ်နေပြီး မိုးမလုံ လေမလုံတဲ. အိမ်မျိုးလည်း တွေ.ဖို ခက်ခဲ.ပါတယ်။
  ဘူတန်နိုင်ငံရဲ. အကျယ်အ၀န်းဟာ  ကီလိုမီတာ ၄၅၀၀၀ ပတ်လည်ပဲ ရှိတယ်။  လူဦးရေ ၇ သိန်းနီးပါးမှာ ဘူတန်လူမျိုးမှာ ထက်ဝက်ခန်.ရှိပြီး  နီးပေါလ်လူမျိုး နဲ. ကျန်လူမျိုးအနည်းစု တို.ဖြစ်ပါတယ်။  ဗုဒ္ဓဘာသာကို အဓိကထားကိုးကွယ်သော နိုင်ငံဖြစ်ပြီး ဟိန္ဒူဘာသာဝင်များလည်း အနည်းငယ် ရှိပါတယ်။
    ရှိတာနဲ. ကျေနပ်တင်.တိမ် ရောင်.ရဲ နိုင်တဲ. ဒီနိုင်ငံသာတွင် စစ်တမ်းအရ ၉၇%  ခန်.ဟာ ပျှော်ရွှင်ကြကြောင်း  သိရပါတယ်။
       တောင်တန်းချိုင်.၀ှမ်းတွေပေါများကာ ၂၀%က တစ်နှစ်ပတ်လုံး နှင်းတွေ ဖုံးလွှမ်းနေတယ်။ စပါးကို တစ်နှစ်မှာ တစ်ခါသာ စိုက်ပျိုးနိုင်းပါတယ်။ သယံဇာတတွေလည်း နည်းပါးလှပါတယ်။
    ဒီနိုင်ငံလေးကို အပျော်ရွှင်ဆုံးဖြစ်အောင် ဆောင်ကျဉ်းပေးခဲ.သူကတော. အသက် ၁၇ နှစ်နဲ. ဘုရင်ဖြစ်လာတဲ. Jigme Singye  ပါ။ အင်္ဂလန်နိုင်ငံ အောက်စဖို ကျောင်းတက်ခဲ.တဲ. ဘုရင်ဟာ အမြင်တွေအများကြီးရခဲ.ပါတယ်။
   ချမ်းသာပြီး ခေတ်မှီတဲ. နိုင်ငံများ၏ ပြဿနာပေါင်းစုံ ၊ လူမှုရေး ၊ ကျန်းမာရေး ၊ နိုင်ငံရေး၊ စစ်ရေးစစ်ရာ၊ရာဇ၀တ်မှုထူပြောတာတွေကို သူက တွေ.မြင်ပြီး နိုင်ငံပြန်လာတဲ.အချိန် တိုင်းသူပြည်သားတွေကို စစ်တမ်းကောက်လိုက်တော. ပျှော်ရွှင်စွာ နဲ.ဘဲ ဖြတ်သန်းမယ်ဆိုတဲ. တူညီသော   အဖြေတစ်ခုကို ရခဲ.ပါတယ်။
  ဒီနိုင်ငံမှာ လူတန်းစားမရွေး ပြည်သူတိုင်း အခမဲ. ကျောင်းတက်ခွင်.၊ ဆေးကုခွင်. ရှိတယ်။
 
တစ်တိုင်းပြည်လုံး ဆေးလိပ်မသောက်ဖို. တားမြစ်ထားပါတယ်။

 နိုင်ငံ တွင် သစ်တော ၇၂% ရှိပြီး  သစ်တောမပြုန်းတီးတော  အာရှနိုင်ငံပါ။

  တစ်တိုင်းပြည်လုံး ၇၁% မီးအပြည်.အ၀ ရှိပါတယ်။














   
     လေးစားစွာဖြင်.       

                                            မောင်မောင် (မြစ်ဆုံ)



5 comments:

Anonymous said...

မင်္ဂလာဆောင်မယ်ဆိုတဲ့သတင်းတော့
သိထားတယ်ကွယ်..ခုမှပုံတွေနဲ့ပြည့်ပြည့်စုံစုံသိရတယ်
ကျေးဇူးပါမြစ်ဆုံရေ
မိဖုရားကတော်တော်ငယ်သေးတယ်နော်း)
ချစ်ခင်စွာဖြင့်
သမီးစံ

စံပယ်ချို said...

ဘူတန်နိုင်ငံအကြောင်းလေးဖတ်ပြီး
လက်ထပ်ပွဲလေးကိုကြည့်ခဲ့ပါတယ်

Candy said...

Congratulation ပါ ဘူတန်ဘုရင်.. :P

San Yin Mon said...

သူများအတွဲတွေ ကြည့်ပြီး အားကျလိုက်တာကွယ်။ ဟုတ်တယ်။ ဘူတန်လူမျိုးဆိုပြီး အထင်မစောမောနဲ့။ အိန္ဒိယနိုင်ငံနယူးဒေလီမှာ အာဆီယံကာကွယ်ဆေးဆိုင်ရာ လိုင်စင်ထုတ်လုပ်မှုနဲ့ ပတ်သက်ပြီး မီရှဲအစည်းအဝေးတက်တုန်းက ဘူတန်ကိုယ်စားပြု ဆေးဝါးကျွမ်းကျင်ဟာ အင်္ဂလန်က ဆေးဝါးကျွမ်းကျင်နဲ့ဘွဲ့ရခဲ့ပြီး အင်္ဂလိပ်စကား မွတ်နေအောင်ပြောတတ်လိုက်တာ။ အဲဒီရောက်တော့မှ ဘူတန်နိုင်ငံကို ကြားဘူးတာ။ သူတို့ရုပ်က ကိုရီးယားလိုလို တရုတ်လိုလို။

မောင်မောင် said...

ကျေးဇူနော် အစ်မ မီရှဲလ် မသိတာတွေ ဖြည်ပေးသွားလို.

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။