Monday 26 September 2011

မြန်မာဘလော့ကာအသင်း ငါးနှစ်ပြည့်ဆွေးနွေးပွဲကျင်းပ

 

မြန်မာဘလော့ကာအသင်း ငါးနှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ဘလော့နှင့် သက်ဆိုင်သော ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ လှိုင်မြိုနယ်ရှိ မြန်မာအင်ဖိုတက်ခ်တွင် ယခုလ ၁၀ ရက်နေ့က ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါပွဲတွင် ဟောပြောသူ ခုနစ်ဦးက ဘလော့တွင်ရှောင်ရန် ဆောင်ရန်များ၊ မူပိုင်ခွင့်ဆိုင်ရာ အကြောင်းများနှင့် အခြား ဘလော့ ဆိုင်ရာ အကြောင်းအရာများကို ဟောပြောဆွေးနွေးခဲ့သော်လည်း အဆိုပါ ငါးနှစ်ပြည့်အထိမ်းအမှတ်ပွဲကို အကြောင်းအမျိုးမျိုး ကြောင့် တက်ရောက်သူဦးရေ နည်းပါးခဲ့သည်။
အွန်လိုင်းတွင် စတင်တွေ့ရှိကာ ခင်မင်ခဲ့ကြသော ဘလော့ကာများ စုပေါင်းပြီး ၎င်းအသင်းကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်းနှင့် မြန်မာ ဘလော့ကာ အသင်းအနေဖြင့် အခြားအဖွဲ့အစည်းများနှင့်လည်း ပူးပေါင်းပြီး ဘားကမ့်ပွဲ များနှင့်အခြားပွဲများကိုလည်း ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြောင်း အဆိုပါ အသင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇော်ဇော်မျိုးလွင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံ၌ ဘလော့ ကာပေါင်း ၅,၀၀၀ ဦးခန့်ရှိသော်လည်း ၁,၅၀၀ ခန့်သာ ပုံမှန်ဘလော့ရေးသားကြောင်းနှင့် ဆိုရှယ်နက်ဝပ်ဆိုက်များတွင်သာ ရေးသားလာသောကြောင့်လည်း ကိုယ်ပိုင်ဘလော့ တည်ဆောက်သူများ နည်းပါးလာကြောင်း ၎င်းက ပြောသည်။
နေလင်းအောင်
အတွဲ ၂၇ ၊ အမှတ် ၅၃၆ ( ၂၃-၂၉ ၊ ၉ ၊ ၂၀၁၁) 

http://www.myanmar.mmtimes.com/  

တက်ရောက်ခဲ.သော  မိတ်ဆွေများ အတွေ.အကြုံလေးများ ပြန်ပြောပြပါအုန်း။

4 comments:

Candy said...

အဲ့လိုအဖွဲအစည်းလည်း ရှိတယ်လား.. မသိခဲ့ဘူး... >.<

မောင်မောင် said...

ဟုတ်တယ် ကန်ဒီ ကျနော်လည်း ခုမှ သိတာ

Anonymous said...

အင်း..သိရင် သွားဖျက် အဲလေ သွားတက်လိုက်ပါတယ်။
ကိုယ်လဲ ဘလာဂေါ်ပဲဥစ္စာ နော်။
ဒါနဲ့မြစ်ဆုံ
ကျုပ်ကို အချွန်နဲ့. မ. သွားတယ်ပေါ့လေ။
ဒီနေ့စီဘောက်ထဲမှာတွေ့လို့း)
ပျော်ရွှင်ပါစေကွယ်
ချစ်ခင်စွာဖြင့်
သမီးစံ

မောင်မောင် said...

haha လေယဉ်ခ မတတ်နိုင်ပါ

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။