Sunday, 21 August 2011

အတုယူစရာ ညီ အစ်ကို နှစ်ယောက်




   မိသားစုပိုင် ယာမြေတစ်ခုကို ညီအစ်ကို နှစ်ယောက် အတူတကွ လုပ်ကိုင်ကြလေသည်။ တစ်ယောက်က အိမ်ထောင်သည်။ သူ.မိသားစုက ကြီးသည်။ နောက်တစ်ယောက်က လူပျိုလူလွတ်။
   တစ်နေ.ကုန် အလုပ်လုပ်ပြီးလျှင် လယ်ယာထွက် သီးနှံများနှင်. ရောင်းချရသည်. အမြတ်အစွန်းများကို ညီအစ်ကိုနှစ်ယောက် ညီတူမျှတူ ခွဲဝေယူကြသည်။ 
   တစ်နေ.မှာတော. တစ်ကိုယ်တည်းသမား စဉ်းစားသည်။ " လယ်ယာထွက် သီးနှံတွေ အကျိုးအမြတ်တွေကို ညီတူညီမျှ ခွဲဝေနေတာ မသင်.ဘူး၊ ငါက တစ်ယောက်တည်းသမား၊ ငါ.လိုအပ်ချက်က နည်းနည်းလေး"သည်
လိုတွေးက ညစဉ် ညတိုင်း သူ.စပါးကျီးမှ စပါးတစ်အိတ်စီ ထမ်းကာ ကွင်းပြင်ကို တိတ်တဆိတ် ဖြတ်သန်းပြီး
သူ. အစ်ကိုအိမ်က စပါးကျီထဲ သွားထည်.သည်။
  သည်အတွင်း အိမ်ထောင်ရှင် အစ်ကိုကြီးကလည်း စဉ်းစားသည်။ "သီးနှံတွေ ၀င်ငွေတွေကို ညီတူညီမျှဝေယူ
နေကြတာမမှန်ဘူး၊ ငါက အိမ်ထောင်သည် ငါ အသက်ကြီးတဲ.အချိန်ပြုစု စောင်.ရှောက်ဖို. မိန်းမ ရှိတယ် သားထောက်သမီးခံ ရှိတယ်၊ ငါ.ညီမှာက တစ်ယောက်တည်း၊ မမာရေး မကျန်းရေးဆိုရင် စောင်.ရှောက် သူမရှိဘူး "ဟူ၍တွေးကာ ညတိုင်း စပါးတစ်အိတ်ထမ်းပြီး သူ.ညီ စပါးကျီထဲ သွားထည်.သည်။   သည်လိုနှင်. နှစ်ချီ၍ကြာလာသည်။ကိုယ်.ကျီထဲကစပါးတွေညစဉ်ထုတ်ယူနေပါလျက် လျော.နည်းသွားခြင်းမရှိ
သည်ကိုနှစ်ယောက်လုံးပင် စဉ်းစားမရ ဖြစ်နေကြသည်။ 
  သို.သော် မှောင်မည်းမည်း ညတစ်ည၌ ညီအစ်ကို နှစ်ယောက် ၀င်တိုက်မိကြသည်။ သည်တော.မှပင်  တစ်
ယောက်ကို တစ်ယောက် ကြည်.ကာ ဖြစ်ပျက်နေပုံ အလုံးစုံကို နှစ်ဦးသား သိမြင်သွားကြသည်။
 စပါးအိတ်တွေ ပစ်ချကာ ညီအစ်ကိုတွေ တစ်ဦးကို တစ်ဦး တင်းတင်းဖက်ထားလိုက်မိကြလေသည်။

More Sower's Seeds စာအုပ်မှ Two Brothers ကို  ဆရာ ဖေမြင်.မှ ဘာသာပြန်ထားခြင်းဖြစ်ပါသည်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။