Wednesday 17 August 2011

မီးဖိုခန်း၌ နျူကလီးယား ဓါတ်ပေါင်းဖိုပြုလုပ်သည်. ဆွီဒင်နိုင်ငံသား ဖမ်းဆီးခံရ


    သြဂုတ်လ ၁၅ ရက်၌ မီးဖိုခန်းအတွင်း နျူကလီးယား ဓါတ်ပေါင်းဖို တစ်လုံး ပြုလုပ်ရန်ကြိုးစားခဲ.သည်.
ဆွီဒင်နိုင်ငံတောင်ပိုင်း အန်ဂီလ်ဟုမ်းမြို.မှ အသက် ၃၁ နှစ်အရွယ် ရစ်ချက်ဟန်ဒီအမည်ရှိ  အမျိုးသားအား
ရဲတပ်ဖွဲ.မှ ဖမ်းဆီးခဲ.သည်။ ရစ်ချက် သည် နျူကလီးယား ဓါတ်ပေါင်းဖို ပြုလုပ်ရန်အတွက် လိုအပ်သော
သတ္တုပစ္စည်းများ၊ စမ်းသပ်ကိရိယာများ၊ နာရီအပါအဝင် အခြားဆက်စပ်ပစ္စည်းများကို အင်တာနက်ပေါ်တင်
ကာ ပြသခဲ.သည်။
  ရစ်ချက်သည် ယခင်က လေအေးစက်ထုတ်လုပ်သည်.စက်ရုံမှ အလုပ်သမားတစ်ဦးဖြစ်ပြီး ယခုအခါ အလုပ်လက်မဲ. ဖြစ်နေသူဖြစ်သည်။သူသည် ပေါင်းအိုးတစ်လုံးပေါ်တွင်သတ္တုပစ္စည်းအစိတ်အပိုင်းအချို.နှင်. ရေဒီ
ယိုသတ္တိကြွမှုရှိသော ရေဒီယိုဒြပ်စင်၊ အာမီရီယမ်၊ ဘီရီယမ် နှင်.ဆာလ်ဖြူရစ်အက်စစ်တို.ဖြင်. နျူကလီးယား
ဓါတ်ပေါင်းဖိုတစ်လုံး ပြုလုပ်ရန် ကြိုးစားခဲ.ခြင်းဖြစ်သည်။ 
  အဆိုပါ နျူကလီးယား ဓါတ်ပေါင်းဖိုပြုလုပ်စဉ် လွန်ခဲ.သည်.သုံးလသို.မဟုတ် လေးလခန်.အကြာကမတော်
တဆပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ.သေးကြောင်း၊ပြီးခဲ.သည်. သီတင်းနှစ်ပတ်ခန်.က ရဲတပ်ဖွဲ.ဝင်များ မိမိအိမ်သို. ရောက်ရှိစစ်ဆေးခဲ. သေးကြောင်း၊ထိုသို. နျူကလီးယားဓါတ်ပေါင်းဖို ပြုလုပ်ရန် မိမိဝါသနာပါခဲ.ကြောင်းပြောကြားခဲ.သည်။
  နျူကလီးယားနှင်.ဆက်စပ်သော ပစ္စည်းများကို လက်ဝယ်ထားရှိပြီး အန္တရာယ်ဖြစ်စေမည်. နည်းလမ်းများဖြင်.အသုံးပြုနေသော သတင်းကို ဆွီဒင်အာဏာပိုင်များက ရရှိပြီးနောက် ရစ်ချက်ဟန်ဒီ၏ အိမ်ကို လုံခြုံရေးတပ်ဖွဲ.ဝင်များက ဝင်ရောက်စီးနင်းကာ ဖမ်းဆီးခဲ.ခြင်းဖြစ်သည်။


ကျမ်းကိုး။http://myanmar.com/newspaper/myanmarahlin/Aug17.pdf

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။