Monday 29 August 2011

အမေရိကန်နိုင်ငံ၏ နောက်ဆုံးစမ်းသပ်ခဲ.သော လက်နက်

 

ပြီးခဲ့သည့်လဆန်းအပတ် ကြာသပ တေးနေ့က အသံထက် အဆ ၂ဝ မြန်သည့် လူမဲ့လေယာဉ်တစ်စင်းကို ကယ်လီဖိုးနီးယားလေတပ်စခန်းမှ စမ်းသပ် လွှတ်တင်ခဲ့ကြောင်း သိရသည်။ ထိုယာဉ်ပျံသည် သာမန်ဂျက် လေယာဉ်တစ်စင်း ၅ နာရီကြာ မောင်းမည့် နယူးယောက်မှ လော့စ် အင်ဂျလိစ်ခရီးစဉ် ကို ၁၂ မိနစ် ပင်မကြာဘဲအရောက်သွားနိုင်ကြောင်း သိရသည်။ ယင်းယာဉ်ပျံကို Falcon HTV -2 ဟုအမည်ပေးထားပြီး ဒုံးပျံဖြင့် အာကာသ အတွင်းလွှတ် တင်ကာတစ်နာရီလျှင် မိုင် ၁၃ဝဝဝ နှုန်းဖြင့် ကမ္ဘာမြေသို့ပြန်လည်ဆင်း စေခဲ့သည်။ Falcon HTV – 2 ကိုအောင်မြင်စွာ အသုံးပြုနိုင် မည်ဆိုပါက အာ ကာသခရီးအတွက်ရော စူပါလက် နက်ကြီးများထုတ်လုပ်အသုံးပြုရန်ပါ လမ်းခင်းပေးပြီးသားဖြစ်သွားမည် ဖြစ်သည်။ ထိုစီမံကိန်းကို အမေရိ ကန်ပင်တဂွန်စစ်ဋ္ဌာနချုပ်နှင့် ကာကွယ်ရေးအဆင့်မြင့်သုတေသန စီမံကိန်းများအေဂျင်စီတို့က ဒုံးကျည် များထက်မြန်သည့် Hypersonic လက်နက် သစ်ကြီးများတီထွင်ရင်း ဖော်ဆောင် ခဲ့ခြင်းဖြစ်သည်။ အမေရိကန်စစ်တပ်မှ Falcon HTV – 2သည် ကမ္ဘာ့မည်သည့်နေ ရာရှိအကြမ်းဖက် သမားများဆီသို့ မဆို မိနစ် ၆ဝ ပင်မကြာဘဲ အရောက် ပစ်လွှတ်နှိမ်နင်းနိုင်မည့် လက်နက်ကြီးများ၏ရှေ့ပြေးအဖြစ် မျှော်လင့်ထားသည်။ ၄င်းသည် ၁၂ ပေရှည်ပြီး နျူကလီးယားဗုံးအပါအ ဝင် မည်သည့်ပစ္စည်းကိုမဆို ပေါင် ချိန် ၁ဝဝဝ အထိသယ်ယူနိုင်ပြီး ကုန်ကျစရိတ် ကန်ဒေါ်လာ ၃ဝ၈ သန်းကျော်ရှိ ကြောင်းသိရသည်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။