Tuesday 16 August 2011

အဝလွန်နေသော ရုရှားရဲများ တာဝန်မှရပ်စဲခံရမည်။


 

ရုရှား ပြည်ထဲရေးဝန်ကြီးဌာနမှ အဝလွန်နေသောရဲအရာရှိများအား ကိုယ်အလေးချိန် လျှော့ချရမည်ဖြစ်ကြောင်း၊ ထိုသို့ မပြုလုပ်ပါက အလုပ် ဖြုတ်ခံရမည်ဖြစ်ကြောင်း သတိပေး ပြောကြားလိုက်သည်ဟုသိရသည်။ ရုရှားတွင် အပြောင်း အလဲ တစ်ရပ်အနေဖြင့် နိုင်ငံခြားသား ခရီးသွားများနှင့် စီးပွားရေးရင်းနှီး မြှုပ်နှံသူများအကြား ရဲတပ်ဖွဲ့ အသွင်ကို မြှင့်တင်ရန် အတွက် မျက်ခွံမို့မို့ ဗိုက်ပူပူနှင့်ရဲများအစား ယူနီဖောင်းအသစ်နှင့် ချပ်ချပ်ရပ်ရပ် ရဲများအား ထားရှိမည်ဟုသိရသည်။ ပြည်ထဲ ရေး ဝန်ကြီးကလည်း လက်ရှိရဲဝန်ထမ်းများ၏ ငါးပုံတစ်ပုံ ကိုလည်း လျှော့ချမည်ဟု ပြော ကြားထားပြီး ဖြစ်သည်။ ထို့ကြောင့် အဝလွန်နေ သည့်ရဲများသည် သတ်မှတ် ကာလ အတွင်း ကိုယ်အလေးချိန်မလျှော့ နိုင်ပါက အလျှော့ခံရမည့် ရဲများ စာရင်း တွင်ဝင်သွားမည်ဖြစ်သည်။ လက်ရှိတွင် စိန့်ပီတာစဘတ် မြို့တွင် ရဲအရာရှိ လေးသောင်းရှိသည့်အနက် ၁၂ဝဝဝ ခန့်မှာ အဝလွန်နေသူများဖြစ်ကြောင်း Veva 24 ဝက်ဘ်ဆိုက်က ဖော်ပြခဲ့သည်။

source-http://www.nayzaw.co.cc/2011/07/blog-post_99.html

1 comments:

Thameesan said...

ဟုတ်ပါ့။
မြန်မာနိုင်ငံမှာလဲရှိဥပဒေထုတ်သင့်တယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။