Thursday 25 August 2011

လှအောင် အိပ်ပါ



 



အိပ်ရေးဝမှ လှမယ်ဆိုတာ ယုံတမ်းစကား မဟုတ်ပါဘူးတဲ့။ အိပ်ရေး၀၀ အိပ်စက်ရတဲ့ လူများ၏ အတွေးအခေါ်ဟာ သိပ္ပံ နည်းကျ နောက်ခံတချို့  ရှိတာ အမှန်ပဲလို့  ဆိုပါတယ်။ အချိန်ကာလ အတော်ကြာရှည် အိပ်ရေးပျက်တဲ့လူတွေဟာ ကောင်းစွာ အနားယူရပြီး အိပ်ရေးဝတဲ့ လူတွေထက် ဆွဲဆောင်မှု နည်းပါးသလို နေထိုင်မကောင်း ပိုဖြစ်ကြပါတယ်။ စေတနာ့ ၀န်ထမ်းများအား သုတေသန ပြုခဲ့ရာ တနေ့  လျှင် ၈နာရီခန့် အိပ်တဲ့သူတွေရဲ့ ဓာတ်ပုံများနဲ့  ၃၁နာရီကြာ မအိပ်ပဲ နေခဲ့သူများရဲ့ ဓာတ်ပုံများကို နှိုင်းယှဉ် ကြည့်ရှုခဲ့ပါ တယ်။ လေ့လာသူများ တွေ့ ရှိခဲ့တာကတော့ အိပ်ရေးပျက်သူများရဲ့ ဓာတ်ပုံထဲက ရုပ်သွင် များဟာ မကျန်းမာတဲ့ပုံ၊ ဆွဲဆောင်မှု နည်းတဲ့ပုံများအဖြစ် တွေ့ ရပါတယ်။ အိပ်ရေးဝမှ လှမယ်ဆိုတဲ့ ခံယူချက်ဟာ လူသိများလာပါတယ်။ လေ့လာသူများအား တည ပုံမှန် အိပ်ရေးဝစွာ အိပ်စက်စေပြီးတဲ့နောက် ရိုက်ထားတဲ့ ဓာတ်ပုံများနဲ့ နောက်တနေ့  အိပ်ရေး ပျက်ထားတဲ့ လူငယ်အမျိုးသား အမျိုးသမီး ၂၃ယောက်တို့ ရဲ့ မျက်နှာကို ရိုက်ထားတဲ့ ဓာတ်ပုံများအား ပြပြီး မေးမြန်းခဲ့ပါတယ်။ ထိုသူများ၏ မျက်နှာများအား အကွာ အဝေးတူမှ ဓာတ်ပုံရိုက်ထားခြင်း ဖြစ်ပါတယ်။ မိတ်ကပ်လည်း မလိမ်းစေပဲ ရိုက်ထားခဲ့ပါတယ်။ မျက်နှာ အနေအထား ဖော်ပြချက်လည်း အတူတူပဲ ထားပြီး ရိုက်စေပါတယ်။ လေ့လာသူတွေက ထို ဓာတ်ပုံများကိုကြည့်ရာ အိပ်ရေးဝတဲ့သူတွေထက် အိပ်ရေးမ၀တဲ့သူတွေရဲ့ မျက်နှာများကို နေကောင်းပုံ မရဘူး၊ မောပန်းနေပုံရတယ်၊ ဆွဲဆောင် မှုလည်း မရှိဘူးလို့ ပြောကြတယ်။ ဤရလာဒ်များအရ ဆေးကုသရာတွင် ဆရာဝန်များအား သူတို့ ရဲ့ လူနာများဟာ နေမကောင်း ဖြစ်စေတဲ့ လက္ခဏာများ ဖော်ထုတ်ရာမှာ ကူညီ ပေးနိုင်လိမ့်မယ်လို့  ဆိုပါတယ်။

4 comments:

Thameesan said...

ဟင့်....း(
ဘယ်လိုလုပ်ရပါ့မြစ်ဆုံရယ်။
အစ်မကအမြဲတမ်းနောက်ကျမှအိပ်ရာဝင်တတ်တာ
အစောကြီးလဲမအိပ်တတ်ဘူး။
ဒုတ်ကောက်ပါလားဟယ်။
မလှပဲနေတော့မှာပဲနော် ငါ့နှယ့်။း(

စံပယ်ချို said...

ဟားဟား ဘယ်ရမလဲ
ရောက်တဲ့နေရာအိပ်တာပေါ့
bas ပေါ်မှာ အိမ်တယ်
ရထားပေါ်မှာ အိပ်တယ်
အမြဲ မှတ်တိုင်ကျော်သွားတယ်...
တစ်ကယ်နော်...အဲတာ
ဒီနေ့လဲ ၁မှတ်တိုင်ကျော်သွားတယ်
နီးလို့တော်သေးတယ် နောက်ကိုပြန်လာရတယ်

မြစ်ဆုံ said...

အစ်မ သမီးစံရေ အိပ်ရေး၀၀ အိပ်ဖို.လိုနေပြီနော်။ တော်ကြာဂေါ်မစွံအပျိုကြီး ဖြစ်နေုအုန်းမယ်။ အစ်မ jasmine ကတော. အိပ်လွန်းလို. ဖက်တီးကြီး ဖြစ်နေအုန်းမယ်။ ဟဲဟဲ
မောင်မောင်လို. ဖစ်ဆိုဒ်လေး ဖြစ်အောင်လုပ်နော်။

Anonymous said...

အိပ်ဖို့အတွက် အားပေးဖေါ်အားပေးဘက်ရတဲ့အတွက် အထူးကိုကျေးဇူးတင်မိပါတယ် မိတ်ဆွေလဲ အိပ်ဦးနော် တော်နေကြာ နောက်ကျနေဦးမယ်

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။