ကိုယ်.ဘဝကိုယ် ပုံသွင်းပါ
မြောင်းသွယ်သမားတွေက
မြောင်းတူးပြီး
လိုချင်တဲ.နေရာအရောက်
ရေကို ဆောင်ယူကြပါတယ်။
မြားလုပ်သမားတွေက
အပူပေးပြီး
ကောက်နေတဲ.မြားကို
ဖြောင်.အောင်ပြုလုပ်ကြပါတယ်။
သစ်ရွေသမားတွေက
သစ်အကြမ်းထည်ကို
ဖြတ်တောက်ခုတ်ရွေပြီး
ကိုယ်လိုရာ ပုံသွင်းကြပါတယ်။
အသိဥာဏ်သမားတွေက
ဒါတွေကို နမူနာယူပြီး
ယဉ်ကျေး လိမ္မာအောင်
ကိုယ်.ကိုယ် ကိုယ်ဆုံးမကြပါတယ်။
ယောက်မလိုလူ
ပင်ကိုအသိတရား
လုံးဝမရှိတဲ.
လူမိုက်ပုဂ္ဂိုလ်ဟာ
ပညာရှိသူတော်ကောင်းရဲ.
အနီးအပါးမှာ
အသက်ထက်ဆုံး
ချဉ်းကပ်နေထိုင်ခွင်.
ဘယ်လိုပဲရရ
သူတော်ကောင်းတရားကို
လုံးဝ မသိနိုင်ပါဘူး။
ဟင်းမွှေးတဲ. ယောက်မဟာ
ဟင်းအမျိုးပေါင်းစုံအောင်
ဘယ်လောက်ပဲ မွှေမွှေ
ဟင်းရဲ. အရသာကို
လုံးဝ မသိနိုင်သလိုပါပဲ။
စိတ်ကိုဆုံးမမှ ဘဝချမ်းသာမယ်
နှိပ်ကွပ်ဖို. ခဲယဉ်းတဲ.စိတ်၊
အဖြစ်အပျက် လျင်မြန်တဲ.စိတ်၊
သင်.မသင်. မစဉ်းစားဘဲ
ကိုယ်အလိုရှိရာအာရုံမှာ
ကျရောက်တတ်တဲ.စိတ်၊
ဒီစိတ်ကို ဆုံးမနိုင်မယ်ဆိုရင်
သိပ်ကောင်းပါတယ်။
ဘာလို.လဲဆိုတော.
ဆုံးမထားလို.
ယဉ်ကျေးနေတဲ.စိတ်ဟာ
ချမ်းသာအမျိုးမျိုးကို
ဆောင်ကြဉ်းပေးနိုင်လို.ပါပဲ။
0 comments:
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။