Sunday 14 August 2011

ရှေ.တည်.တည်.ကြည်.ပြီး ရဲရဲဝံ.ဝံ.ဆက်လျှောက်ပါ။

 

   ရွက်သဘောင်္ကြီးတွေနဲ. ပင်လယ်ခရီးကို ကူးသန်းသွားလာတဲ. ခေတ်က -- တစ်နေ.မှာ-- ပင်လယ်ထဲတွင်
သင်္ဘောတစင်းဟာ မုန်တိုင်းမိနေပါတယ်။ ဒီအခါမှာ သင်္ဘော ကက်ပတိန်ဟာ သင်္ဘောသား လူငယ်တစ်ဦးကိုရွက်တိုင်မကြီးပေါ်တက်ပြီး(ဖြုတ်ပစ်မှဖြစ်တော.မယ်.)ရွက်ကြိုးတခုကိုဖြုတ်ခိုင်းတယ်။လေက သိပ်ထန်နေပေမယ်.သင်္ဘောသားလူငယ်ဟာရဲရဲဝံ.ဝံ.သွက်သွက်လက်လက်ပဲရွက်တိုင်မကြီးပေါ် ရောက်အောင်
တက်သွားပြီး ရွက်ကြိုးကို ဖြုတ်လိုက်တယ်။ ဖြုတ်ပြီးလို. ပြန်ဆင်းဖို. အောက်ကိုငုံ.ကြည်.လိုက်တော.---
  သဘောင်္တစ်ခုလုံးဟာ ဒေါသထန်နေတဲ. လှိုင်းလေတွေထဲမှာ ရပ်တည်ရာမရလူးလိမ်.နေတာ မြင်ရတယ်။
ဒါကိုအပေါ်စီးကနေ မြင်နေရတော. ချက်ချင်းပဲ ဒီလူငယ်မှာ သတ္တိတွေ ခွန်အားတွေ ဆုတ်သွားပြီး ထိတ်ထိတ်လန်.လန်.နဲ. မူးမိုက်မေ.မြောသလို ဖြစ်သွားတယ်။ ဒါနဲ.သင်္ဘောကုန်းပတ်ပေါ်က သူ.သူငယ်ချင်းဆီ လှမ်းပြီး
" ဟေ------ငါတော.  လိမ်.ကျတော.မယ်၊လုပ်ပါအုန်း " လို.အော်ပြောတယ်။
   ဒီအခါမှာ ကုန်းပတ်ပေါ်က သူ.သူငယ်ချင်းက  " အောက်ကိုမကြည်.နဲ. သူငယ်ချင်း၊ ငုံ.ကြည်.မနေနဲ.၊ အ
ပေါ်ကိုပဲကြည်." လို. တအားကုန် လှမ်းအော်ပြီး သတိပေးတယ်။
   သူ. သူငယ်ချင်း သတိပေးတဲ.အတိုင်း သင်္ဘောသား လူငယ်ဟာ အပေါ်ကိုပဲ ကြည်.ဖို မျက်နှာမူထားတယ်။ 
ဒီအခါမှာ အောက်က မူးဝေ ထိတ်လန်.စရာမြင်ကွင်းတွေကို မမြင်ရတော. စိတ်သက်သာရာ ရလာတယ်၊စိတ်ငြိမ်လာတယ်၊ အားမာန်သတ္တိလဲ ပြန်ဝင်လာတယ်။ ဒီတော.မှ သင်္ဘေားသား လူငယ်ဟာ ရွက်တိုင်မကြီးပေါ်ကနေ သတိဝီရိယထား ဆင်းယင်း သင်္ဘောကုန်း ပတ်ပေါ်ကို အောင်မြင်စွာပဲ
ရောက်လာတယ်တဲ.။
  ဒီလိုပါဘဲ၊ ကျနော်တို.ဘဝမှာ အဆင်မပြေနိုင်တာတွေ၊ကျရှုံးတာတွေ၊ မျှော်လင်.သလို မဖြစ်လာတာတွေကိုတွေ.မြင် ဆုံဆည်းနေရတဲ.အခါမှာ ရှေ.ဆက်ပြီး ကြိုးစားချင်စိတ် ကုန်သွားတတ်ပါတယ်၊ အားမာန် သတ္တိတွေလျော.ကျသွားတတ်ပါတယ်။ 

"ငါတော. ဒီအခြေအနေက ကျော်နိုင်တော.မှာ မဟုတ်ပါဘူး၊ ကျပါပြီ ၊ ရှုံးပါပြီ၊ ဒီဘဝ ဒီမျှနဲ.ပဲ ပြီးပါပြီ " ဆိုတဲ. အားလျှော.မှုတွေ ဖြစ်တတ်ပါတယ်။ ဒီလို အားလျှော.စရာတွေကိုပဲ ပြန်ကြည်.နေ-- ငုံ.ကြည်.နေယင်
တော. ပိုပိုပြီး အားလျော.မိ၊ စိတ်ပျက်မိတာက လွဲလို. ဘာအောင်မြင်မှုမှ ရမှာမဟုတ်ပါဘူး။ 
 ဒီတော. ဘယ်လို အဆင်မပြေတာတွေနဲ.ပဲ ကြုံနေကြုံနေ---- ဒါတွေကို ပြန်ပြန် ငုံ.ငုံ.ကြည်.မနေပဲ ကိုယ်
မျှော်လင်.ထားတဲ.၊ မြင်.မြင်.မားမား ချမှတ်ထားတဲ. ပန်းတိုင်ဆီကိုဘဲ မော်ကြည်.ပြီး --- ပြောချင်တာက
တော.--အပေါ်ကိုဘဲ ကြည်.ပြီး သတိဝီရိယတွေနဲ. လုပ်သင်.တာ တွေကို ဆက်လုပ်ဖို.လိုပါတယ်။

ဆရာနန္ဒာသိန်းဇံ ၏ ခရောင်းလမ်းကိုဖြတ်ကျော်ခြင်း စာအုပ်မှပြန်လည်ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

1 comments:

မေထား said...

အားတက်သွားပီ...ကျေးဂျူးတင်ပါတယ်...:)))

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။