ကျွန်တော် တို. တစ်တွေ ကျောက်မျက်ရတနာ ဆိုတဲ. အဓိပ္ပါယ် ဖွင်.ဆိုချက်လေးကို ဦးစွာ သိထားဖို. သင်.ပါတယ်။ ကျောက်မျက်ရတနာ ဆိုသည်မှာ
(၁) လှပခြင်း (Beauty)
(၂) တာရှည်ခံနိုင်ခြင်း (Durability)
(၃) ရှားပါးခြင်း (Rarity)
(၄) နှစ်လိုဖွယ်ရှိခြင်း (Desirable) စသည်.အချက်များနှင်. ပြည်.စုံမှသာ ကျောက်
မျက်ရတနာလို. ခေါ်ဆိုနိုင်မည်။ ကျနော်ပြောမည်. ကျောက်စိမ်းကလည်း ထိပ်တန်း ထည်းမှာပါတယ်။ ပတ္တမြား၊နီလာ၊စိန်တို.နှင်. တစ်တန်းစားတည်း သတ်မှတ်ထားသော ကျောက်မျက်ရတနာ ပါ။ ကျောက်စိမ်း
ထည်းမှ ကိုမှ ဂျေဒိုက် ( Jadeite jade ) နှင်. နက်ဖရိုက် (Nephrite jade)ဟူ ၍ ထပ်ခွဲထားသေးပါတယ်။
ကျောက်စိမ်းနဲ. ဆင်တူယိုးမှား အစိမ်းရောင်ရှိသော ကျောက်ကလည်း ရှစ်မျိုးခန်. ရှိတယ်တဲ.။ ငါကောက်
ရတဲ.ကျောက်လေး စိမ်းနေတယ်ဆိုပြီး ကျောက်စိမ်းထင်ကာ လျှောက်လည်းမကြွားနဲ.အုန်းနော်။ ဟဲဟဲ
ကျနော် ဖြစ်မှာ ဆိုးလို. ပြောတာ။ ကိုယ်တွေ.လေးပါ။
နွေရာသီကျောင်းပိတ်ရက် ဥရုချောင်းလည်း ရေနည်း သော အချိန် ကျနော်တို.
အပေါင်းအပါတွေ ရေသွားချိုးကြတာပေါ. ။ ရေချိုးရင်းနဲ. ကျောက်ခဲလေး တစ်လုံးကို စမ်းမိလိုက်တယ်။
အဲ.ကျောက်လေးကို အမှတ်မထင်ကြည်.မိလိုက်တော. တစ်ခုလုံး စိမ်းနေတာနဲ. ကျောက်စိမ်းပေါ.။
သူငယ်ချင်းတွေတောင် မပြောဘဲနဲ. အိမ်ကိုယူလာပြီး ဆိုင်မှာအမြဲတမ်း ထမင်းလာစားတတ်တဲ. ကျောက်
သမား ဦးလေးကြီးကိုပြဖို. သေချာသိမ်းထားတယ်။ အမေ.ကိုတောင်မပြောသေးဘူး။ ပိုက်ဆံတွေရမှ ပြော
မယ်ပေါ.။နောက်တစ်နေ. ကောက်ရတဲ.ကျောက်ကလေးကို ပြကြည်တော. ဦးလေးက ပြုံးပြီး မင်းကျောက်
က လမ်းခင်းကျောက် လုပ်ရင်ကောင်းမယ်တဲ.။ မျှော်လင်.ချက်လေးတွေ ပျောက်ဆုံးသွားသလိုပါဘဲ ။
လျှောက်မပြောထားတာ တော်သေးတာလို.ဘဲ ပြောရမှာပေါ.။ အမှတ်တရလေးပါဘဲ။
အဲ.တုန်းကတော. ချောင်းရေက ကြည်လင်နေတာဘဲ အခုများနဲ.ကွာပါ.။ သောက်ဖို.ရေတောင် ခပ်လို.ရတယ်။ ခုများတော. သောက်ဖို.မပြောနဲ. ချိုးဖို.တောင်တော်တော်လေးကို စဉ်းစားရယူရမယ်. အခြေအနေ ဖြစ်နေပြီ။
ဂျေဒိုက် ကျောက်စိမ်းသည် အမျိုးအစားကောင်းမွန်သဖြင်. ရှားပါးသော တော်ဝင်အရည်ကျောက်
များရရှိနိုင်ပြီး နက်ဖရိုက် ကျောက်စိမ်းမှာ အရည်အသွေးအမျိုးအစား ညံ.သော ကျောက်စိမ်းဖြစ်ပါသည်။
မြန်မာ.ကျောက်စိမ်းသည် အရောင်စုံသလို အရည်အသွေးအရလည်း မျိုးစုံလှပါသည်။ အသုံးဝင်
မှုတွင်လည်း လက်ဝတ်ရတနာ၊ အဆင်တန်ဆာ၊ ရုပ်တုရုပ်ထွင်း အသုံးအဆောင်စသည်ဖြင်. အမျိုးစုံအသုံး
ဝင်သော ရတနာ ဖြစ်ပါတယ်။ တူးဖော်ရရှိသော အရွယ်အစား တွင်လည်း ကွမ်းသီးလုံးခန်. အရွယ်မှ ၃၃
တန်၊ ၁၁၅ တန်၊ တန် ၃၀၀၀ စသည်ဖြင်. တွေ.ရှိရပါသည်။ ကမ္ဘာ.အကြီးဆုံး ကျောက်စိမ်းမှာ မြန်မာနိုင်
မှ တူးဖော်ရရှိထားသော ကျောက်စိမ်းဖြစ်ပါတယ်။
ဖားကန်.ရတနာနယ်မြေသည် ကမ္ဘာကျော် ကျောက်စိမ်းရတနာများ ထွက်ရှိရာဒေသဖြစ်ပါတယ်။
ဖားကန်.ရတနာနယ်မြေမှ ထွက်ရှိသော ကျောက်စိမ်းမှာ ဂျေဒိုက်အမျိုးအစားဖြစ်ပြီး ကမ္ဘာပေါ်တွင်
မြန်မာ၊ ဂျပန်၊အမေရိကန်၊ရုရှား နှင်. ဂွါတီမာလာ ငါးနိုင်ငံတွင်သာ တွေ. ရှိနိုင်ပါတယ်။ ထိုးငါးနိုင်ငံထည်း
တွင်လည်း မြန်မာနိုင်ငံက တန်ဖိုးကြီး ကျောက်စိမ်း အများဆုံးတွေ.ရသော နိုင်ငံဖြစ်ပါတယ်။ ဂျေဒိုက်
ကျောက်စိမ်းကို ဖားကန်.ရတနာနယ်မြေ၊ ခန္တီးရတနာနယ်မြေ၊ မော်လူးမော်ဟန် ရတနာနယ်မြေတို.တွင်
တူးဖော် ရရှိနိုင်ပါတယ်။
မြန်မာနိုင်ငံမှ ထွက်ရှိသည်. ကျောက်စိမ်း၊ ကျောက်မျက်နှင်. ပုလဲတို.ကို မြန်မာ.မြေ ၌
ကြိုက်နှစ်သက်သော ဈေး ဖြင်.ရောင်းချနိုင်ရန် မြန်မာ.ကျောက်မျက်ရတနာပြပွဲကို ၁၉၆၄ခုနှစ်မှ စတင်ကျင်းပခဲ.တာကိုလည်း မှတ်ထားကြအုန်းနော်။
လေးစားစွာဖြင်. ( မောင်မောင် )
ကျမ်းကိုး။ 28 6 2011 ထုတ် မြန်မာ.အလင်းသတင်းစာ
0 comments:
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။