Friday 27 May 2011

ခင်ပွန်းကြီး ၁၀ ပါး ကန်တော.နည်း

  မသိသေးသော သူများအတွက်ပါ ပြန်လည်မျှဝေ ကုသိုလ် လုပ်ခြင်းဖြစ်ပါတယ်။

ဘုရားတပည်.တော်သည် သံသရာအစမှစ၍ ယနေ.တိုင်အောင်
 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးတို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင် ကိုယ်တော်မြတ်ကြီးတို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော အဂ္ဂသာဝက၊မဟာသာဝက ရဟန္တာ အရှင်မြတ်ကြီးတို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ရဟန္တာ အရှင်မြတ်ကြီးတို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော မိခင်တို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော ဖခင်တို.အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်း ပြ၍ ဆုံးမတတ်သော
     ဆရာသမားတို.၏ အပေါ်၌

 *  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော သီလဂုဏ်၊ပညာဂုဏ် တို.ကို ဆည်းပူးဖြည်.ကျင်.လျက်ရှိကြကုန်
     သော လူပုဂ္ဂိုလ်၊ ရဟန်းပုဂ္ဂုလ်တို.၏အပေါ်၌

*  ဂုဏ်ကျေးဇူး ကြီးမားကြကုန်သော တရားဓမ္မတို.ကို ဟောပြောပြသ ဆုံးမတတ်သော ဆရာသမားတို.၏
    အပေါ်၌

*  ထမင်းတစ်လုပ်၊ ရေတစ်မှုတ် စသည်ဖြင်.ပေးကမ်းချီးမြှင်. ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို.၏
    အပေါ်၌


         ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးသော ကံတို.ဖြင်. ပြစ်မှားမိခဲ.သည် ရှိခဲ.ပါသော် ထိုအပြစ်တို.ကို ပျောက်ပါစေခြင်း အကျိုးငှာ ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ ဘုရား--။
         ဤသို. ရှိခိုး ပူဇော် ဖူးမြော် မာန်လျှော. ကန်တော.ရသော ကောင်းမှုကံ စေတနာတို.
ကြောင်. အလုံးစုံသော ဘေးရောဂါ အန္တာရာယ် အပေါင်းတို.မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရား
ရှင် ဟောကြားတော်မူသော သစ္စာလေးပါး မြတ်တရားကို ကောင်းစွာ သိမြင်၍ နိဗ္ဗာန်သို.ဝင်နိုင်
သောကိုယ် ဖြစ်ရပါစေသား အရှင်ဘုရား။

         လောကီမင်္ဂလာ အဖြာဖြာတို.သည်လည်း စိတ်ကြံတိုင်း တောင်းတတိုင်း လွယ်ကူလျင်မြန်စွာ
ပြည်.စုံ၍၊နှလုံးစိတ်ဝမ်း အေးချမ်းရပါစေသား အရှင်ဘုရား--။
         

         ခင်ပွန်းကြီး ၁၀ ပါးအား ပြစ်မှားသူတို.ကြုံရမည်.ဒဏ် ၁၀ပါး

၁။ ပြင်းထန်သော ဦးခေါင်းနာ စသည်. ဝေဒနာများဖြစ်ခြင်း

၂။ ပိုင်ဆိုင်သောဥစ္စာပစ္စည်းများ ဆုတ်ယုတ်ပျက်စီးခြင်း

၃။ လက် ခြေပြတ်ခြင်း ၊ ကိုယ်အင်္ဂါ ပျက်စီးခြင်း

၎။ ကုသ၍ မရနိုင်သော ကြီးလေးသည်. ရောဂါများ ဖြစ်ခြင်း

၅။ ရူးသွပ်ခြင်း ၊စိတ်မတည်မငြိမ်ဖြစ်ခြင်း

၆။ မင်းပြစ် မင်းဒဏ် ခံရခြင်း

၇။ မတရားသဖြင်. စွပ်စွဲခံရခြင်း

၈။ ဆွေမျိုးကောင်း၊ မိတ်ဆွေကောင်းမရရှိခြင်း

၉။ စည်းစိမ်ဥစ္စာ အခြွေအရံများ ပျက်စီးခြင်း

၁၀။ နေရာ တိုက် အိမ် မီးလောင်ပျက်စီးခြင်း

     ပစ္စုပ္ပန်ဘဝ၌ ထိုဒဏ် ၁၀ ပါးသင်.မည်.အပြင် သေလွန်သောအခါ၌လည်း အပါယ်ငရဲသို.
ကျရောက်နိုင်ပါသည်။

    
         ခင်ပွန်းကြီး ၁၀ ပါးပူဇော်ခြင်း အကျိုး

၁။ အစားအစာ မရှားပါးခြင်း

၂။ ရောက်ရာအရပ်၌ လေးစားပူဇော်ခံရခြင်း

၃။ ရန်သူမျိုးငါးပါးနှင်. ကင်းဝေးနိုင်ခြင်း

၎။ လူချစ်လူခင် ပေါများခြင်း

၅။ ပရိတ်သတ်အလယ်၌ တင်.တယ်စွာ နေနိုင်ခြင်း

၆။ ကောင်းသတင်းဂုဏ် ကျော်စောခြင်း

၇။ အခြွေအရံ များခြင်း

၈။ စီးပွားဥစ္စာ ဖွံဖြိုးတိုးတက်ခြင်း

၉။ ဘေးဒုက္ခကြုံသော် အကူအညီရရှိခြင်း

၁၀။ သားကောင်း သမီးကောင်း ရရှိနိုင်ခြင်း

 
                                                            ရိုသေလေးစားစွာဖြင်. (မောင်မောင်)









0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။