လက်ဆောင်ပေးခြင်း
- အချို.သော အာရှယဉ်ကျေးမှု (အိန္ဒိယ၊ဂျပန်၊တရုတ်)တို.မှာ လက်ဆောင်ပေးရာတွင်
ကာယကံရှင် ရှေ.မှောက် ဖွင်.ပြတာမျိုး မလုပ်ကြပါဘူး။
- ဂျပန်တွေကတော.လက်ဆောင်အထုပ်တွေကိုအဖြူ(သို.မဟုတ်)အနက်ရောင်စက္ကူနဲ.ပတ်ထားရင်
အတိတ်နိမိတ်ကောင်းလို.မယူဆပါဘူး။တခြားအရောင်နဲ.ထုပ်ပိုးပြီးတစ်စိတ်တစ်ပိုင်း ဖြစ်ဖြစ်ဖုံးအုပ်ထား
ပါတယ်။
- တရုတ်တွေကတော. အဖြူရောင်ပန်းတွေကို ဝမ်းနည်းပူဆွေးခြင်း အထိမ်းအမှတ်အဖြစ် မှတ်ယူပါတယ်။
- လက်တင်နဲ.အရှေ.အလယ်ပိုင်းကတချို.ဟာအဝါရောင်ပန်းတွေကိုမကောင်းတဲ.
လက္ခဏာအဖြစ်မှတ်ယူတယ်။
- ဥရောပသားတွေက နှင်းဆီနီကို စိတ်ကူးယဉ်ဆန်မှုအဖြစ်မှတ်ယူတယ်။ ဥရောပမှာပဲ ဂန္ဓမာပန်းတွေကို
သေခြင်းတရားနဲ. ဆက်စပ် ပေးထားတယ်။
- မိန်းမတွေနဲ. အိမ်မွေး တိရစ္ဆာန်တွေနဲ. ပတ်သတ်တဲ. လက်ဆောင်တွေကို အရှေ.အလယ်ပိုင်းမှာမနှစ်မြို.
ကြဘူး။
- တရုတ်လူမျိုးတွေကို ငွေကြေးလက်ဆောင်ပေးမယ်ဆိုရင် စုံဂဏန်းဖြစ်ဖို.သတိထားပါ။ပြီးတော.လက်နှစ်
ဖက်နဲ. သေချာပေးဖို.လိုတယ်နော်။
- လက်တင်တွေကဓါးလက်ဆောင်ပေးတယ်ဆိုရင်အဆက်အသွယ်ဖြတ်တယ်လို.မှတ်ယူတယ်။
မှားပြီးတော. မပေးမိနဲ.အုန်း။ တစ်ခါတည်း ပြတ်သွားမယ်။
- ကိုရီးယားနဲ. ဂျပန်တွေကို လက်ဆောင်ပေးရာ မှာအရေအတွက် ကိန်းဂဏန်းက (၄)
ဂဏန်းဖြစ်မနေပါစေနဲ.။
- တရုတ်တွေကို နာရီလက်ဆောင်မပေးမိပါစေနဲ.။
- လက်ကိုင်ပဝါ လက်ဆောင်ပေးရင် ပူဆွေးသောက ရောက်ရတယ်လို. အရှေ.အလယ်ပိုင်းမှာ မှတ်
ယူတယ်။
အစားအစားများ
- အမေရိကန်တွေက အသားညှပ်ပေါင်မုန်.(Hotdog)၊ ကျောက်ပုဇွန်(Crawfish)၊
အချိုမှုန်. (Marshmallows)၊
ပြောင်းဖူးမုန်.(Cron-on-the-cob)၊ကန်ဇွန်းဥ စတာတွေ စားသောက်လေ.ရှိတယ်။
- များစွာသော အမေရိကန်နဲ. အင်္ဂလိပ်တွေဟာ ဒေသခံအစားအစာတစ်ချို.ကို နှစ်သက်တတ်ပါတယ်။
တရုတ်ပြည်က ပင်လယ်မျှော.၊ အရှေ.အလယ်ပိုင်းဒေသက သိုးမျက်လုံး၊သိုးအင်္ဂါ၊ စကော.တလန်က
သိုးအသည်း၊ ဂျပန်မှာ မြင်းသား၊ မက္ကဆီကိုမှာ နှံကောင်ကင် တို.ဖြစ်ပါတယ်။
- ပြည်ပ နိုင်ငံတွေကို ရောက်ရှိပြီး မစားဖူးတဲ. အထူးအဆန်းတွေကို တွေ.ရှိရင် ယဉ်ကျေး
စွာငြင်းပယ်ခြင်း သို.မဟုတ် မြည်းစမ်းကြည်.ခြင်းပြုနိုင်ပါတယ်။ အရသာ ဘယ်လိုနေသလဲလို.မေးလာ
ရင်တော. " အနံ. အရသာက ထူးခြားတယ်ဗျာ" ဆိုတာမျိုးဖြေမိပါစေ။
- စားသောက်ဖော်တွေရဲ. ဓလေ.သဘောထားကို လေးစားပါ။ သူတို.စိတ်ထိခိုက်စေမယ်. အရာမျိုးကို
ရှောင်ပါ။
- မူဆလင် ဘာသာဝင်တွေရဲ. အစားအသောက်ဓလေ.ကို သတိပြုပါ။ဝက်သား ၊ဝက်ဆီတွေကို ရှောင်ပါ။
မူဆလင်တွေဟာ အရက်သေစာ သောက်သုံးခြင်းကို ရှောင်တဲ.အပြင် အရက်နဲ. ချက်လုပ်တဲ. အစား
အစားတွေကိုလည်း ရှောင်တယ်။
- စားသောက်တဲ.အခါမှာ သင်.ရဲ. တူနှစ်ချောင်းကို ကိုင်ပြီး တစ်စုံတစ်ခုကို ညွှန်ပြတာ မျိုးမလုပ်ပါနဲ.။
တူတွေကို ပါးစပ်နဲ. မစုပ်ပါနဲ.။ ထမင်းထဲကို သင်.တူတွေ ထိုးစိုက်ပြီး ထောင်မထားပါနဲ.။ ကံမကောင်း
စေတတ်ဘူးလို. ယူဆကြပါတယ်။
- ဂျူးတွေကတော. အမဲသား၊ ကြက်သားတွေကို စားတတ်ပေမယ်. ဝက်သားနဲ. ဂဏန်း၊ပုဇွန်တွေကို
စားလေ. မရှိဘူး။
ဆရာချစ်နိုင်(စိတ်ပညာ)၏အောင်မြင်သူတို.ရဲ.အပြုအမူ စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖော်ပြထားပါတယ်။
0 comments:
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။