* လူကို စိတ်ကအုပ်ချူပ်၏၊ စိတ်ကိုဥာဏ်ပညာက အုပ်ချူပ်၏၊ဥာဏ်ပညာကို ဗဟုသုတကအုပ်ချူပ်၏။သို.ဖြစ်၍ ဗဟုသုတ ရှိအောင် စာအုပ်စာတမ်းအမျိုးမျိုးကို ဖတ်ကြကုန်လော.။
---- ဆရာကြီးပီမိုးနင်း
*စာဖတ်ခြင်းသည် မိမိအိမ်တံခါးများကို ဖွင်.သည်မည်၏။ စာမဖတ်ဘဲနေခြင်းသည် အိမ်တံခါးကို ပိတ်ထားသည်နှင်.တူ၏။
--- ဆရာကြီးဦးပဂျီငို
*အနားမှာစာအုပ်မထားခဲ.သော် ဘဝတံခါးကြီးပိတ်နေလိမ်.မည်။
---ဆရာကြီးဒဂုန်ဦးစန်းငွေ
*စာအုပ်စာပေသည် ငြီးငွေ.နေလျှင် ပျော်ရွှင်စေ၏။ ဗဟုသုတ ပေးဝေငှ၏။ စိတ်အားငယ်က တက်ကြွစေ၏။ မာန်လွန်ကဲလျှင် သတိနှင်.ယှဉ်၏။တရား ဓမ္မလမ်းညွှန်ပြ၏။ လောကုတ်လောကီ အဆီအနှစ်၊ အသစ်အကောင်း စုပေါင်းပညာ၊ ဝေဖြာ ရောက်လင်း၊အမှောင်ခွင်း၏။
--- ဆရာကြီးမန်းတင်
*စာအုပ်သည် အကောင်းဆုံးမိတ်ဆွေ၊စာအုပ်ကို လေ.လာလိုလျှင်စာအုပ်များစုဝေးသည်.စာကြည်.တိုက်ကို အသုံးပြုရ၏။ပညာပေါင်းစုံလေ.လာနိုင် သောနေရာဖြစ်သည်.စာကြည်.တိုက်သည်အကောင်းဆုံးတက္ကသိုလ်ဖြစ်၏။
--- ဆရာကြီးဦးသော်ကောင်း
ကျနော်.၏အမြင်ကိုပြောရမည် ဆိုပါက စာဖတ်ခြင်းအလေ.အထကို လူတိုင်းပြိုးထောင်သင်.သည်။ စာအုပ်များတွင် အမှန်တရားများစွာ ရှိ၏။ လူတစ်ယောက် စာဖတ်ခြင်းကို နှစ်သက်ပါက ထိုလူသည် တိုးတက်ဖို.လမ်းစ တွေ.နိုင်မည်ဖြစ်သည်။ စာအုပ်များကို ကြောင်ပုဇွန်ကြွတ်ကြွတ်ဝါးသကဲ.သို. ကြေညက်အောင် ဖတ်သင်.ပါတယ်။ စာအုပ်ဖတ်ရာတွင်လည်း အချိန်ကို ကုန်ဆုံးစေချင်သောအလို.ငှာမဖတ်သင်.ပါ။ စာအုပ်ဆိုရာမှာလည်း အမျိုးမျိုး ရှိပါတယ်။ ရာသစာပေ ဗဟုသုတ အတွေးအခေါ် ဘာသာ ပြန် သမိုင်း စသည်ဖြင်. အမျိုးအစားစုံလင်စွာ ရှိပါတယ်။ စာအုပ်ကို ယခုမှစတင်၍ဖတ်သော လူတစ်ယောက်အတွက် သတင်းစာကို ဦးစွာ ဖတ်သင်.တယ် လို.ထင်ပါတယ်။

2 comments:
ဟုတ်ကဲ့ဗျာ။။ စာအုပ်တွေ အနားမှာမထားနိုင်လို့ အွန်လိုင်းမှာပဲ
လိုက်ဖတ်နေပါတယ်။။။
အဓိက စာဖတ်ဖို.ပါဘဲ အစ်ကို ။ဘယ်မှာဘဲ ဖတ်ဖတ်ကောင်းပါတယ်။ အွန်လိုင်းဆိုတာလည်း ရတနာသိုက်တစ်ခုပါဘဲ သုံးတတ်မယ်ဆိုရင်။
Post a Comment
မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။