Friday 18 March 2011

ရွှေမှုန်နဲ. နွားချေး ရွေးတတ်တဲ. စိတ်ထား

     
   စိတ်တည်ကြည်မှု မရှိသူကို လူမိုက်တွေက ချီးမွမ်းကြတယ်။ အဲ.ဒီချီးမွမ်းမှုဟာ အခြေအမြစ်မရှိတဲ. ချီးမွမ်းမှုပဲ။ အကြောင်းကတော. စိတ်တည်ကြည်မှု ရှိမနေလို.ပါပဲ။
        စိတ်တည်ကြည်မှုကောင်းစွာရှိသူကို လူမိုက်တွေက ကဲ.ရဲ.ကြတယ်။ အဲ.ဒီကဲ.ရဲ.မှုဟာ အခြေအမြစ်မရှိတဲ. ကဲ.ရဲ.မှုပဲ။ အကြောင်းကတော. ကဲ.ရဲ.ခံရတဲ.ပုဂ္ဂိုလ်မှာ စိတ်တည်ကြည်မှု ကောင်းကောင်းရှိနေလို.ပါပဲ။
      မသိဘဲ၊ မစူးစမ်းဘဲ ပြောဆိုတဲ. ပညာမဲ.သူတွေရဲ. ကဲ.ရဲ.မှု၊ ချီးမွမ်းမှုတွေဟာ ပမာဏမဟုတ်ကြပါ။ .
အရှင်သိရိမာရဲ. အထက်မှာ ဖော်ပြခဲ.တဲ. အတွေးအခေါ်၊ အမြော်အမြင်၊ စိတ်နေသဘောထားဟာ အင်မတန်ပဲ မှတ်သားစရာ ကောင်းလှပါတယ်။ အရှင် သိရိမာ ရဲ. ညီရဟန်းက အရှင် သိရိဝဎု ဖြစ်ပါတယ်။ ညီရဟန်းက လာဘ်လာဘ ပေါများလှပါတယ်။ ရဟန်း၊ ရှင်၊ လူတွေရဲ. အလေးအမြတ် အပြုခံရပါတယ်။ ဈာန်၊ မဂ်၊ ဖိုလ်တရားထူးကိုတော. မရသေးပါဘူး။ နောင်တောင်ရဟန်းဖြစ်တဲ. အရှင်သိရိမာမှာတော. လာဘ်လာဘ နည်းပါတယ်။ လူအများရဲ.ချီးမွမ်းမှုကို မခံရပါ။ သမထ၊ ဝိပဿနာ အားထုတ်လို. မကြာခင်ပဲ ရဟန္တာ ဖြစ်သွားပါတယ်။
     အရှင်သိရိမာကို ရဟန္တာလို. မသိကြလို. ပုထုဇဉ်တွေက လာဘ်လာဘ နည်းပြီး လောကကအလေးမထားကြ ကဲ.ရဲ.ကြပါတယ်။ အရှင် သိရိဝဎုကိုတော. လာဘ်လာဘပေါများပြီး လောကက အလေးထားကြလို. ချီးမွမ်းကြပါတယ်။ အရှင်သိရိမာက ဒီလို မှတ်ချက်ချပါတယ်။  ကဲ.ရဲ.ထိုက်သူကို ချီးမွမ်းတာ ချီးမွမ်းထိုက်သူကို ကဲ.ရဲ.တာဟာ ပုထုဇဉ်အဖြစ်ရဲ. အပြစ်ပဲ။
       အရှင် သိရိဝဎုလည်း နောင်တော်.စကားကို ကြားနာရလို. သံဝေဂ ဖြစ်ပြီး ဝိပဿနာ အားထုတ်ရာ မကြာခင်ပဲ သူ.အကျိုးကို ပြည်.စုံစေပါတယ်။ ကဲ.ရဲ.တဲ.ပုဂ္ဂိုလ်တွေလည်း အရှင်သိရိမာကို တောင်းပန်ကြပါတယ်။ (ထေရဂါထာ၊ ဋ္ဌ ၊ ၃၅၉) 
   ပညာမဲ.သူတွေရဲ. ကဲ.ရဲ.မှု၊ ချီးမွမ်းမှုကို အလေးမပြုတဲ.၊ ဂရုမစိုက်တဲ. အရှင်သိရိမာရဲ. စိတ်ထားဟာ မှတ်သား အတုယူစရာ ကောင်းပါပေတယ်။ ပညာမဲ.သူတွေဟာ အပေါ်ယံ ရွှေမှုန်ကြဲ၊ အတွင်းက နွားချေးခံ အတန်းအစားတွေကို ဖူးဖူးမှုတ်နေ တတ်ကြပါတယ်။ ရွှေမှုန်နဲ. နွားချေးကို ခွဲခြားပြီး မတွေးတတ်ကြပါဘူး။ ပညာ ရှိတွေက ရွှေမှုန် နဲ. နွားချေး ကို ခွဲခြားပြီး မတွေးတတ်ကြပါဘူး။ ပညာရှိတွေက ရွှေမှုန်နဲ. နွားချေးကို ခွဲခြားပြီး မြင်တတ်၊ တွေးတတ်၊ သုံးသပ် တတ်ကြပါတယ်။


သာမဏေကျော်၏ အတုယူဖွယ်ရာ စိတ်ထားများစာအုပ် မှ ပြန်လည် ဖော်ပြထားချင်းဖြစ်ပါတယ်။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။