Sunday 27 March 2011

မြန်မာနိုင်ငံ ရှမ်းပြည်နယ် တာလေမြို့အနီး အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၀ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်



ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီးတွင် ဗဟိုပြုပြီး အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ တရားဝင်သတင်း ထုတ်ပြန်သည်။ အဆိုပါငလျင်ကြောင့် သက်ရောက်မှု ခံစားရသောဒေသများ၌ လူသေဆုံးမှုနှင့် ပျက်စီးဆုံးရှုံးမှု များပြားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းငလျင်သည် အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၀ အဆင့်ရှိ အင်အားပြင်းထန်သော ငလျင်ဖြစ်ပြီး ၂၀၁၁ မတ်လ ၂၄ရက်နေ့ ည ၈နာရီ ၂၉ မိနစ်ခန့်က လှုပ်ခတ်ခဲ့ကာ ၁၉၅၆ ခုနှစ်က အင်အားရစ်ခ်ျတာစကေး ၇ ဒသမ ၀ ဖြင့်လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ပြီးနောက် နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ၌ ရစ်ခ်ျတာ စကေး ၇ အဆင့်ဖြင့် ပထမဆုံး လှုပ်ခတ်သည့် ငလျင်ဖြစ်လာခဲ့သည်။


 မတ်လ ၂၄ ရက်နေ့က လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ဆိုင်ရာ အချက်အလက်များ
ဖြစ်ပွားသည့် နေ့ရက်နှင့်အချိန် - ၂၀၁၁ မတ်၂၄ ရက်နေ့ မြန်မာစံတော်ချိန်ည၈နာရီ ၂၉မိနစ်၃၀စက္ကန့်

ဗဟိုပြုသည့်နေရာ - ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီး

ငလျင်အင်အားနှင့် အဆင့် - ရစ်ခ်ျတာစကေး ၇ ဒသမ ၀ (အင်အားပြင်းထန်သောငလျင်)

အဓိကသက်ရောက်သည့်ဒေသများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊

မိုင်းလင်းကျေးရွာ၊ မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာ စသည့်ဒေသများ

ပျက်စီးဆုံးရှုံးမှုများ - တာချီလိတ်မြို့၊ တာလေမြို့၊ နားယောင်းကျေးရွာ၊ မိုင်းလင်းကျေးရွာ၊

မိုင်းကိုးကျေးရွာအုပ်စု ကျကူနီရွာတို့တွင် စုစုပေါင်းအိမ်ခြေ ၂၂၄ လုံးပျက်စီးခဲ့ပြီး ခြောက်ခန်းတွဲ

လူနေလိုင်းခန်းတစ်ခု၊ သာသနိကအဆောက်အအုံ ၁၁ ခု၊ ဌာနဆိုင်ရာအဆောက်အအုံကိုးလုံးပျက်စီး (မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)
သေဆုံး၊ ဒဏ်ရာရရှိမှု - သေဆုံးသူ ၇၃ ဦး၊ ဒဏ်ရာရရှိသူ ၁၂၅ ဦး(မတ်လ ၂၆ ရက်နေ့ထုတ်ပြန်မှုအရ)

ငလျင်ကို သိရှိခံစားခဲ့ရသည့် နေရာများ - မြန်မာနိုင်ငံရှမ်းပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီးနှင့် ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံနယ်စပ်ဒေသများ

၂၀၁၁ နှစ်ဆန်းပိုင်းအတွင်း လှုပ်ခတ်ခဲ့သော ငလျင်အချို့
ရက်စွဲ  ဖြစ်ပွားရာဒေသ ပမာဏ(ရစ်ခ်ျတာစကေး)
၂၈-၁-၁၁         စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ မြို့သစ်မြို့နယ်ခွဲအနီး ၄ ဒသမ ၇
၎-၂-၁၁                  စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၏အရှေ့မြောက်ဘက် ၃၅ မိုင်ခန့်အကွာ ၆ ဒသမ ၎
၁၅-၂-၁၁       ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၏ အနောက်မြောက်ဘက် မိုင် ၉၀ ခန့်အကွာ ၄ ဒသမ ၈
၂၄-၂-၁၁              မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့၏  အနောက်တောင်ဘက် ငါးမိုင်ခန့်အကွာ ၄ ဒသမ ၈
၂၄-၃-၁၁        ရှမ်းပြည်နယ်ကျိုင်းတုံမြို့မှ အရှေ့တောင်ဘက် ၃၅ မိုင်ခန့်အကွာ လွယ်မွေမြို့အနီးဗဟိုပြု၍    ၇ ဒသမ ဝ

့မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်အချို့
ရက်စွဲ   ဖြစ်ပွားရာဒေသ ပမာဏ(ရစ်ခ်ျတာစကေး)
၅-၅-၁၉၃၀ ပဲခူးမြို့အနီး  ၇ ဒသမ ၃ (ပဲခူးတွင် လူ ၅၀၀ ခန့်၊ ရန်ကုန်တွင် လူ ၅၀ ခန့်သေဆုံးသည်)
၃-၁၂-၁၉၃၀     ညောင်လေးပင် ၇ ဒသမ ၃ (ရထားလမ်းများ ကွေးကောက်သည်။ လူ ၃၀ ဦးခန့်သေဆုံးသည်)
၂၇-၁-၁၉၃၁      အင်းတော်ကြီးအရှေ့ဘက်ဒေသ ၇ ဒသမ ၆ (အက်ကြောင်းများ၊ အပျက်အစီးများရှိသည်။)
၁၆-၇-၁၉၅၆              စစ်ကိုင်း ၇ ဒသမ ၀ (စေတီများစွာ ပြင်းထန်စွာ ထိခိုက်သည်။ လူ ၄၀ မှ ၅၀ ထိသေဆုံးသည်)
၈-၇-၁၉၇၆     ပုဂံ     ၆ ဒသမ ၈ (ပုဂံမြို့ဟောင်းရှိ စေတီပေါင်းများစွာ ပြိုကျပျက်စီးသည်။ လူတစ်ဦးသာ သေဆုံးသည်)
၂၂-၉-၂၀၀၃    တောင်တွင်းကြီး ၆ ဒသမ ၈ (အဆောက်အအုံများ ပြင်းထန်စွာ ထိခိုက်ပျက်စီးသည်။ လူ ခုနစ်ဦးသေဆုံးသည်)

 ဖော်ပြပါ သတင်းအချက်အလက်များကို www.news-eleven.com မှ ကူးယူထားပါသည်။ နိုင်ငံခြားသတင်းဋ္ဌာနများမှ ထုတ်ပြန်ချက် ဗီဒီယို ဖိုင်များကိုဆက်လက်ကြည်.ရှုနိုင်ပါတယ်။
 အောက်ပါ သတင်းကို  (http://www.newsru.com/world/26mar2011/mnb.html ) မှ ရရှိပါတယ်။


အောက်ပါဓါတ်ပုံများကိုတော. ဖေ.ဘုတ်ထည်းမှ ကူးယူထားပါတယ်။( https://www.facebook.com/photo.php?fbid=1480525592386&set=a.1480423869843.53075.1811197028#!/photo.php?fbid=1480525632387&set=a.1480423869843.53075.1811197028&pid=852531&id=1811197028)









































0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။