Friday 11 March 2011

***** သတိ ****

အကြောင်းလှ၍  ဖမိစုံညီ

ရွှင်ကြည်ချမ်းမြေ. မွေ. ပျော်ရကောင်း

ချိန်မနှောင်းခင်မှာ အမှားပြင်၍

ဆင်ခြင်တတ်သိ ဝေဖန်ကြည်.ပါ

တို.မိတို.ဖ အိုမင်းလှပြီ

လူ.ပြည်နေရ တစ်ခဏမှာ

ကြင်နာသမှု ကုသိုလ်ပြုပါ

စားမှုနေမှု အစုစုတွက်

အသက်အိုမင်း ဇရာခင်းလည်း

နာခြင်းမွေ.လျှော် စက်မပျော်ရှာ
ဘာဝနာပွား သောကများတဲ.

သနားစဖွယ် ဖနှင်.မယ်ကို

ရင်ဝယ်မြတ်နိုး အသိတိုး၍

ရိုကျိုးလိမ္မာကြပါတော.။

              (ခင်ယုယ)


       ဒီကဗျာလေးကိုရေးသားတဲ.သူကတော. (ခင်ယုယ) ဖြစ်ပါတယ်။ ကဗျာခေါင်းစဉ်က အစ အကုန်လုံး ကောင်းပါတယ်။ ကျနော်လည် ဖတ်ပြီးတော.နည်းနည်းလေးကွန်.ချင်တဲ. စိတ်လေးဖြစ်လာလို. ပြန်လည် ရေးသားထားပါတယ်။
        လောကမှာ အစားထိုးလို.မရတာ နှစ်ခုဘဲ ရှိပါတယ်  မိဘ နဲ. အချိန် ပါ။  မိဘများက ကိုယ်.သားသမီးတွေကို လူ.လောကထည်းမှာ     မျက်နှာမငယ်ရအောင် ပညာတွေသင်ပေး၊ ပြုစု ပျိုးထောင်ပေးခဲ.ကြသော်လည်းသားသမီးများထံမှပြန်လည်ရယူခြင်သောမိဘများမှာမရှိသလောက်ပင်ဖြစ်သည်။ မိဘများအတွက် ပီတိ သာလျှင် အားဆေး တစ်ခွက် ဖြစ်ပါတယ်။ ငါ.သားကတော. ခုဘာဖြစ်နေပြီ--- ငါ သမီးကတော. ဘယ်တက္ကသိုလ် ကြီးမှာတက်နေတာ-- အစရှိသည်ဖြင်. စပ်မိစပ်ရာလူများကို ပြောပြကာ ကြည်နူးတတ်ကြတာ မိဘတိုင်း၏ သဘော သဘာဝပါ ။  သားနဲ.သမီးကတော.ကျောင်းပြီးလို.  ဘွဲ.တွေရ  အလုပ်တွေရရင်  အမေ နဲ.  အဖေကို  လုပ်ကျွေးမှာ နော်-- ဒီလိုစကားတွေ ပြောခဲ.ကြသော်လည်း   အတောင်အလတ်တွေလည်းစုံကြာယာဖက် တွေလည်း ရ တော. မိဘများကို မေ.သွားကြလေသည်။ 
         တစ်ချို. သော သားသမီးများမှာ မိမိ တို.၏ရင်ဝယ် ၌  ပြန်လည် ကျေးဇူးဆပ်ရမည်ကို သိကြသော်လည်း မိမိတို.၏ တစ်အိုး တစ်အိမ် နှင်.ပင် လုံးချာ ပတ်ချာလိုက်နေကာ တစ်နှစ်မှာ တစ်ခါတောင်ပြန်မကန်တော. နိုင်ကြတော.ပါ။  အင်မတန်မှ ဝမ်းနည်းဖွယ် ဖြစ်ပါတယ်။ချစ်သူ အတွက်အမှတ်တရ ပစ္စည်းတွေမျိုးစုံဝယ်ပေးတတ်ကြသော်လည်း မိဘအတွက် စိတ်ပုတီးလေ တစ်ကုံးတောင် ဝယ်ပေးဖူးကြရလား။ အဝေးရောက်နေတော.လည်း ချစ်သူတွေရည်စားတွေထံကိုတော. ဖုန်းတွေနာရီနဲ.ချည်ပြီးဆက်ပေမယ်.အမေနဲ.အဖေကိုတော.10မိနစ်လောက်တောင်အချိန်ပေးမဆက်ကြနိုင်သော သူများ ဒုနှင်.ဒေးပါ ။ကိုယ်.မိန်းမအတွက် စိန်နားကပ်ဝယ်ပေးဖို. လက်မတွန်.ကြသော်လည်း  အမေ.အတွက် ပါတိတ်ထမိန်လေး တောင်မဝယ်ပေးနိုင် ကြပေ။ ဘယ်မိဘမှ ငါ.ကိုတော. ဘာနဲ. လာကန်တော.လို ပြောမှာ မဟုတ်ဘူး။ သိတတ်သေား သား၊သမီး များဖြစ်ကြဖို.သာလိုပါတယ်။
       မိဘကို သိတတ်နားလည် ပြီး ကျေးဇူးဆပ်နေကြသေား သူများလည် ဒီခေတ်မှာ အများကြီးပါ။ မိဘကို အနားမှာ ထားပြီး ပြုစုစောင်.ရှောက်နေကြသောသူများ ရှိသလို အဝေးကနေပြီး လိုသမျှကို ပံပိုးပေးနေသော သူများလည်း ရှိပါတယ်။ အိမ်ထောင်ကျ လျှက်နဲ. မိဘကို အနည်းနဲ. အများ ကျေးဇူး ဆပ်နေကြသော သူများ လည်း ရှိတာဘဲ။ အိမ်ထောင်ကျသွားလို.  ကျနော် ကျမတို.ကတော. မိဘတွေကို 
မလုပ်ကျွေးနိုင်တော.ဘူး လို. မထင်လိုက်ပါနဲ.။ လစာ တစ်လကို 7 သောင်းဘဲ ရတယ် ဆိုပါအုန်း 5000 ဖိုးလောက် စားဖွယ်သောက်ဖွယ် လေး နဲ. ဆေးဝါးလေး ပြန်လည် မကန်တော.နိုင်တော.ဘူးလား --စဉ်စားကြပါအုန်း  တစ်ခြားလုပ်ပေးနိုင်တာတွေလည်း အများကြီးပါ။ အနည်းဆုံး တော. ညအိပ်ရာဝင်တိုင်း မိဘတွေကို ကန်တော.ကာ မြင်.မိုရ်တောင်မက ကြီးမှားလှတဲ. ကျေးဇူးတရားတွေကို သတိရနေဖို.တော. လိုပါတယ်။
     သား၊သမီး တိုင်း မိဘကျေးဇူးကို ဆပ်နိုင်ကြပါစေ။
                                                              ရိုသေလေးစားစွာဖြင်.(မောင်မောင်)

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။