Monday 7 March 2011

 တကယ့်အဖြစ်အပျက်မှန်
ငွေချမ်းသာတွေကိုငွေရင်းပြီးပညာသားပါပါလိမ်လည်သူ ပညာသည်

gold.jpgprado.jpg

 ဒီသတင်းလေးကရေငုံနူတ်ပိတ်ထား
တယ်လို့ယူဆမိပါတယ်။ပြောပြ
ချင်နေတာပါသူငယ်ချင်းတွေကိုပေါ့၊  ကြာတော့ကြာပြီလို့ဆိုရမှာပေါ့။
နီးစပ်ရာသူငယ်ချင်းတွေကတော့ပြောပြပြီးပါပြီ။တကယ့်အဖြစ်အပျက်
အမှန်ပါ၊ လုပ်သွားတဲ့သူကငွေအရင်းအနှီးနဲ့သေချာလေ့လာပြီးမှလုပ်
ခဲ့တာပါ။ဇာတ်လမ်းကရန်ကုန်တရုပ်တန်းမှာဖြစ်သွားခဲ့တာပါ၊
    တရုပ်တန်းကရွှေဆိုင်ရှေ့သို့ပြောင်လက်နေသော ပါဂျဲလိုးကားကြီး
တစ်စီးပေါ်မှရုံးဆင်းချိန်လောက်ရောက်ရှိလာပါတယ်၊ကိုရွှေချောကြီး
တစ်ယောက်လက်ပွေ.အိတ်တစ်လုံး၊မျက်မှန်အနက်၊ ဂိုက်ကောင်း
ကောင်းနဲ့ဆိုင်ထဲဝင်လာတော့၊ဧည့်ကြိုများ ပြူပြူငှာငှာဖြင့်နေရာထိုင်
ခင်းပေးရင်း
            လူကြီးမင်းဘာအလိုရှိပါသလဲဟုမေးရင်း
             ထိုလူကြီးက "ဒီနေ့ရွှေဘယ်ဈေးလဲ" မေးရာ
 အရောင်းစာရေးမ များကသူဌေးဖက်သို့လှည့်ကြည့်ကာသူဌေးဖြေ
မည့်အဖြေကိုခေတ္တစောင့်ဆိုင်းပြီးမှ ကျွန်မတို့ဆိုင်က15ပဲရည်က
5သိန်း8သောင်းဈေးပါ။ အခေါက်က 6သိန်း5သောင်းပါဟုဖြေကြား
လိုက်သည်။

.  ထိုသူက တချက်စဉ်းစားဟန်ဖြင့် ယူမှာက အခေါက်ရွှေပါ။
 အရောင်းစာရေးမ က ဟုတ်ကဲ့ ရပါတယ်၊ လူကြီးမင်းဘယ်လောက်
ယူမှာလဲဟုပြောလိုက်ရာ ထိုသူမှ ခက်တာဘဲ တပိသာလိုချင်တာ၊
ငွေကသိန်းခြောက်ရာဘဲပါလာတာ၊ ဘဏ်တွေလဲပိတ်ပြီ။ ကျွန်တော်
ကအခုမှ ကုမ္ပဏီကအလုပ်များနေတော့ထုတ်ဖို့
မမှီတော့ဘူးဟုပြော
ရာ၊ ရွှေဆိုင်မှသူဌေးက မျက်မှန်ကြားမှပင့်ကြည့်ကာဝင်ပြောပါတော့
သည်၊ ရပါတယ်သိန်းခြောက်ရာပါလာတာဘဲ ။ ကုမ္ပဏီကကောဘယ်
မှာလဲဟုမေးရာ ထိုသူမှ လိပ်စာကပ်ပြားတစ်ခုဖြင့် တာမွေဘက်က
Export & Import သစ်တွေရောင်းတာပါဟုနံမည်ပါကတ်ပြားပေးလိုက်
ရာ၊ သူဌေးမှ ကျန်တဲ့ငွေအချို.မနက်ဖန်ဘယ်အချိန်လောက်လာပေး
မလဲဟုမေးလိုက်ရာ ထိုသူမှ ဘဏ်ထုတ်ပြီး11နာရီဝန်းကျင်လောက်
ဆိုလိုသည်။ ထိုအခါသူဌေးမှ ထိုလူကြီးအား အားပေးတာကျေးဇူးတင်
ပါတယ်၊ ဒါပေမဲ့အထောက်အထားတစ်ခုလောက်ပေးခဲ့ပါလားဟုပြော
ရာ၊ ထိုသူမှချက်ခြင်း ကားဝိသက်ယူထားဗျာ ငွေလာပေးတော့ပြန်ပေး
ပေါ့ဟုဆိုရာ၊ သူဌေးမှ သိန်းခြောက်ရာပါသူကိုယုံကြည်၍ရောင်းချပေး
လိုက်သည်။
     ထိုသူမှာေ၇ွှချောင်းတုံး4တုံးကိုရသည်နှင့်ဘောက်ချာနှင့်အတူဆိုင်
မှထွက်လာပြီးတဖက်ကားလမ်းသို့ကူးသွားလေသည်။ တဖက်ကားလမ်း
မှ ကြီးမားသောရွှေဆိုင်သို့ဝင်သွားပြီး၊ ရွှေရောင်းချင်လို့ပါဟုဆိုကာထိုင်
ခုံတွင်ဟိတ်ဟန်အပြည့်နှင့်ထိုင်နေသည်။ ထိုအခါအရောင်းစာရေးမက
ကျွန်မတို့ကအပြင်ရွှေမ၀ယ်ပါဘူးဟုဆိုရာ
      ထိုသူက ဆိုင်နံမည်နှင့်ဝယ်လာသောဘောက်ချာနှင့်ရွှေချောင်းတုံး
ကိုစားပွဲပေါ်တင်ကာ၊ အရူံးခံပြန်ရောင်းမယ်ဟုဆိုရာ
      အရောင်းစာရေးမ များက သူဌေးဆီအကျိုးအကြောင်းသွားပြော
ရင်း၊ ရွှေဘောက်ချာတစ်လှည့်၊ ရွှေတုံးတစ်လှည့်ကိုကြည့်ရင်း၊ သူဌေး
တစ်ခုခု ဆုံးဖြတ်လိုက်ကာ ထိုသူဝယ်လာသောရွှေဆိုင်ထံဖုန်းလှည့်ကာ
မေးပါလေတော့သည်။ ဟိုဖက်ရွှေဆိုင်မှလည်းမျက်လုံးပြူးမျက်ဆံပြူး
ဖြင့်သိန်းငါးဆယ်ကျန်ခဲ့တယ်။ လိမ်တာဖြစ်မယ်ဟုပြောရာ၊ ဖုန်းဆက်
သူ သူဌေးကချက်ချင်းရဲစခန်းထံသို့ဖုန်းလှည့်ပါလေတော့သည်။
    ထိုသူမှာ သူဌေးကဖုန်းတစ်လုံးဖြင့်အလုပ်ရူပ်နေသည်ကိုမှင်သေသေ
ဖြင့်သေချာကြည့်ကာ ဟန်မပျက်ထိုင်နေတော့သည်။ များမကြာမှီ စခန်း
မှရဲများရောက်လာကာ၊ သူဌေးထံသို့ တွေ့ရာ ရွှေဆိုင်သူဌေးမှ ထိုသူထိုင်
ရာသို့လက်ညိုးထိုးကာ၊ ဟိုလူဘဲ ဟိုလူဘဲဟုဆိုရာ
    ရဲများကထိုသူထံသို့ရောက်လာပြီး လူကြီးမင်း စခန်းလိုက်ခဲ့ပါဟုဆိုရာ
ထိုသူကစကားတစ်ခွန်းမှမဆို ရဲခေါ်ရာနောက်သို့လိုက်ပါသွားသည်
    ဆိုင်မှတာဝန်ခံတစ်ယောက်လည်းလိုက်ပါသွားရာ၊ စခန်းရောက်သည်
နှင့် ရဲက အကျိုးအကြောင်းနားထောင်ပြီး ထိုသူကိုမေးလေသည်။
    ခင်ဗျားဒီရွှေကိုဟိုဆိုင်က၀ယ်လာတာဆို
 ထိုသူမှ ဘောက်ချာနှင့်ု  ၀ယ်လာသည်မှာဟုတ်မှန်ကြောင်း အေးဆေးစွာ
ဖြေသည်။
    ဒီဆိုင်ကိုအရူံးခံလာရောင်းတယ်ဆိုတာကရော
     ဟုတ်ပါသည်ဟု အေးဆေးစွာ ဆိုလိုက်သည်။ထိုအခါစခန်းမှူးက ဆိုင်
တာဝန်ခံအား ဘာအမှုနဲ့တရားစွဲမှာလဲဟုမေးရာ ဆိုင်တာဝန်ခံက လိမ်လည်
မူလို့ပြောလိုက်တာဘဲဟု ဆိုရာ
   စခန်းမှူးက ဒါကလိမ်လည်မူ မမြောက်သေးဘူးဟု တာဝန်ခံအားတီးတိုးစွာ
ဆိုလိုက်ရာ တာဝန်ခံက သူဌေးဆီဖုန်းဆက်လိုက်၍ စခန်းမှူးပြောသည့်အတိုင်း
လိမ်လည်မူ မကျူးလွန်သေးကြောင်းဆိုရာ သူဌေးမှ ဒါဆိုရင်ဟိုလူကိုတောင်း
ပန်ပြီး ပြန်လာခဲ့ဟုဆိုလေသည်။
goldshop.jpggold stick.jpg


  သူငယ်ချင်းများခင်ဗျား
  ဇာတ်လမ်းကအခုမှစပါပြီ။ သူငယ်ချင်းတို့ကောဘယ်လိုထင်ကြမလဲ?
   ထိုအကြောင်းအရာအား ဗဟုသုတ အဖြစ် ပြောပြချင်လွန်း၍သာယခုမှ သူငယ်
ချင်းကိုဇာတ်စုံခင်းနေခြင်းဖြစ်ပါသည်။ဟုတ်ပါပြီ တွေးပြီးရင်တော့အောက်မှာဆက်
ဖတ်၍သာကြည့်ပါ
   ရွှေဆိုင်တာဝန်ခံမှ စခန်းမှူး၏အရှေ့တည်တည်ကြီးဖြင့်ထိုင်နေသော ထိုပုဂ္ဂိုလ်
အား တောင်းပန်တယ်နော် ဆရာသမား။
  အမှန်မှာ ထိုသူသည်ယခုချိန်ထိလိမ်လည်မူ့လုံးဝမမြောက်သေးပါ။
  ဟိုဖက်ဆိုင်မှ အကြွေးကျန်ဝယ်လာသည်။ ဒီဖက်ဆိုင်တွင်ပြန်ရောင်းသည်။
 ရွှေ သည်လည်းအစစ်ပင်ဖြစ်သည်။ ဘောက်ချာသက်သေလည်းရှိသည်။
  ထိုအကွက် ၀င်လာသောထိုပုဂ္ဂိုလ်က မင်းတို့သူဌေးနဲ့ဘဲပြောမည်ဟုဆိုရာ
 ရွှေဆိုင်တာဝန်ခံမှ သူဌေးထံ ဖုန်းဆက်ကာ သူဌေးနဲ့ဘဲပြောမည်ဟုဆိုရာ
 သူဌေးမှာ ထိုသူဖုန်းကိုင်သည်နှင့်အလျင်အမြန်
    တောင်းပန်လေတော့သည်။
  ထိုသူကအေးဆေးတည်ငြိမ်စွာဖြင့် ခင်ဗျားတို့ရွှေဆိုင်ကို
   အသားရေဖျက်မူနဲ့ တရားစွဲမည်ဟု တည်တည်ငြိမ်ငြိမ်ပြောလိုက်ရာ
  သူဌေးမှာ
               ငယ်ထိပ်မြွေပေါက်ခံရသည့်ပမာ
  မလုပ်ပါနဲ့လူကြီးမင်းရာဟု အားငယ်စွာပြောရာ
  ထိုသူမှ ဒါါဆိုလဲ ဒီလောက်ရော်ကြေးပေးရမည်ဟုဆိုလေသည်။
  သူဌေးမှာ နေရင်းထိုင်ရင်း အမူလာပတ်ပြီဟုရိပ်မိကာ ထိုသူနှင့်ညှိရင်း အမောက်
တစ်ခုဖြင့်တည့်သွားပါလေတော့သည်။


     သူငယ်ချင်းတို့အားလုံးတို့ရေ ဆိုင်၏ဂုဏ်သိက္ခာ နှင့် အမူမပတ်လိုသော ထို
ရွှေဆိုင်မှ သူဌေး ဟိုလူက ပညာသားပါပါဖြင့် အရယူသွားပြီမဟုတ်ပါလား?

  ရွှေဆိုင်နံမည်များအားချန်လှပ်ထားပါသည်။    တကယ်ဖြစ်ခဲ့တာပါ

                                                                  ခင်မင်လျက် jeffy

 forward mail  ထည်းမှ တစ်ဆင်.ပြန်လည် ကူးယူ ဖော်ပြထားခြင်းဖြစ်ပါတယ်ခင်ဗျာ။

0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။