Friday 11 February 2011

အကောင်းနဲ.အဆိုးဆိုတာဒွန်တွဲးနေပါတယ်

   


        လူတိုင်း လူတိုင်းမှာ အကောင်းဖြစ်ဖို.ရာလိုလားကြပြီး အဆိုးကိုမှု မည်သူတစ်ဦး တစ်ယောက်မှ မလိုလားကြပေ။ သို.သော် လူ.ဘဝတွင် အကောင်းဘဲ ဖြစ်ဖို.ရန်မှာ လုံးဝမဖြစ်နိုင်ပါ။ ကျန်းမာရေး၊ စား ဝတ် နေ ရေး ၊ ပညာရေး  စသော လိုအပ်ချက်ပေါင်းများစွား အမှုအခင်းများစွာ တို.နှင်. ကျင်လည်နေရသည်မှာလည်း လူ.ဘဝ၏ အစိတ်အပိုင်းပင်ဖြစ်ပေသည်။ လောကဓံ ကို ဒေါကန်နေ၍ မရပါဘူး။ ကံဆိုးပြီးလျှင် ကံကောင်းခြင်းမှာ လိုက်လာတော.မည်ဖြစ်သည်။ ရယ်မော ခြင်းပြီးရင်လည်း ငိုရတတ်သည်။   ကြုံလာရသမျှ လောကဓံကို မတုန်မလှုပ်၊တည်တည်ငြိမ်ငြိမ်နှင်. ဖြေရှင်းနိုင်ဖို.သာလျှင် ပဓာနကျပေသည်။ ကောင်းလာရင်လည်း ဆိုးလာတတ်သလို၊ ဆိုးလာတာကလည်း ကောင်းဖို.ရာ ဖြစ်လာခြင်းတတ်သည်ကိုဤ တရုတ်ပုံပြင်လေးကို ဖတ်ကြည်.နော်။
      တရုတ်ပြည်ရဲ. ကျေးလက်အစွန်အဖျား၊ မဟာတံတိုင်းကြီးအနီးနားက ရွာတစ်ရွာမှာနေထိုင်တဲ. အဖိုးအိုတစ်ယောက်ရှိသတဲ.။ တစ်နေ.တော. သူ.ရဲမြင်းဟာ ထွက်ပြေးသွားတာ ဖမ်းလို.မမိဘူး၊ ပျောက်သွားပါလေရော။
     ဒီသတင်းလည်းကြားတော. သူ.မိတ်ဆွေတွေ၊ ဆွေမျိုးတွေက မြင်းတစ်ကောင် ဆုံးရှုံးရတာ စိတ်မကောင်းကြောင်း၊ ဒါကို သိပ်နှမြော မနေပါနဲ. စသည်ဖြင်. လာပြီး အားပေးကြတာပေါ.။ အဖိုးအိုက ဘာပြန်ပြောသလဲဆိုတော. ကိစ္စမရှိပါဘူး၊ ဒါဟာကောင်းဖို.ရာ ဖြစ်လာတာ ဖြစ်ချင်ဖြစ်မှာပါတဲ.။ သူက စိတ်ညစ်ပုံ မပြပါဘူး။
   လ အတော်လေး ကြာလာတဲ.အခါ ပျောက်သွားတဲ. မြင်းက ပြန်ရောက်လာတယ်။ အခြားအဖော် မြင်းတစ်အုပ် တောင် ခေါ်လာခဲ.သေးတယ်။ တော်တော်ကြန်အင်္ဂါကောင်း တဲ.မြင်းထီး မြင်းမတွေတောင် ပါသေးသတဲ.။ ဒီအခါ အဖိုးအို ရဲ. မိတ်ဆွေတွေ၊ ဆွေမျိုးတွေ စုပြီး မြင်းဇောင်းကို လာကြည်.ကြပြန်တယ်။ ဟန်ကျတာပဲ၊ ဝမ်းသာစရာပဲစသည်ဖြင်.အားရစကားတွေပြောကြပြန်တာပေါ.။အဖိုးအိုကံကောင်းတယ်ပေါ.။
            အဖိုးအိုက   ဝမ်းသာရွှင်မြူးလှတယ် မရှိပါ။ သူက "ဟ-- ဘယ်သူမှ အသေအချာ မပြောနိုင်ဘူး။ ဒါဟာကံဆိုးစရာ ဖြစ်ချင်လည်း ဖြစ်လာနိုင်တာပဲ" တဲ.ဗျ။ အဖိုးအိုမှာ  သားတစ်ယောက်     လူငယ်လူရွယ် ရှိတယ်။ သူကတော ရလာတဲ. မြင်းတစ်အုပ်ကို သိပ်သဘောကျ နေပြီး အဲ. အထည်းက မြင်းတစ်ကောင်ကို မနက်တိုင်းလိုလို စီးစီးနေတော.တာပဲနော်။
   တစ်နေ.တော. သားတော်မောင်ဟာ မတော်တဆ မြင်းပေါ်က ချော်ကျပါလေရော။ ခြေကျိုးသွားခဲ.ကာ ဒဏ်ရာ အနည်းငယ် ရရှိခဲ.ပါတယ်။  လူတွေက  လာကြည်.ကြပြီး  အားပေးစကားပြောတာပေါ.လေ။ အားမငယ်ပါနဲ.၊သက်သာ သွားမှာပါ၊ စသဖြင်ပေါ.။ အဖိုးအိုက ဘာပြောသလဲ သိလား "ကိစ္စမရှိပါဘူး၊
ဒီလိုဖြစ်တာဟာ ရုပ်ဖျက်လာတဲ. မင်္ဂလာ မဟုတ်ဘူးလို. ဘယ်သူပြောနိုင်မလဲ"  သူကတော. စိတ်ဆင်းရဲ ပုံမပေါ်။
    တစ်နှစ် လောက်ကြာလာတဲ.အခါ   မဟာတံတိုင်းရဲ. အပြင်ပမှ  လူနည်းစု  လူမျိုး   တစ်ချို.ဟာ ဆူပူထကြွပါလေရော သူတို.ဟာ မဟာတံတိုင်းကြီးရဲ. ဒီဘက်ကိုပါ ကျူးကျော်ပြီး  ဖျက်ဆီးတာတွေ ရှိလာတယ်။ ဒီအခါမှာ နယ်စွန်နယ်ဖျားမှာ နေထိုင်ကြတဲ. ရပ်ရွာတွေက လူငယ်လူရွယ် သန်စွမ်းသူမှန် သမျှ
 အားလုံးလိုလို စစ်သားအဖွဲ. စုဆောင်းခေါ်ယူခြင်းကို ခံရ၊  လိုက်ပါသွားကြရတယ်။  အဖိုးအိုရဲ. သားတစ်ယောက်ကတော. (ခြေထော.ကျိုး) မသန်မစွမ်းသူမို. အခေါ်မခံရပါဘူး။ စစ်ထဲပါသွားကြတဲ. ရွာသူရွာသား သန်သန်စွမ်းစွမ်း လူငယ်များဟာ ဆယ်ပုံကိုးပုံလောက် စစ်ပွဲမှာ သေဆုံး၊ ကျဆုံးခဲ.ကြတယ်။
ကိုယ်.ရပ်ရွာသို. ပြန်မလာကြတော.ပါဘူး။ အဲ.ဒီ စစ်ကြီးပြီးတဲ.အထိ အဖိုးအိုရဲ. သားကတော. မြင်းပေါ်က ကျလို.မသန်မစွမ်းဖြစ်တာကြောင်.စစ်ထဲသို.မပါဘဲအသက်ရှည်ပြီး သားအဖနှစ်ယောက်အတူနေကြရတယ်။
   အဖိုးအိုပြောသလို ခြေကျိုးတာဟာ မသေဖို. ဖြစ်လာတဲ. သဘောဆိုရင် ရုပ်ဖျက်လာတဲ. မင်္ဂလာလို.ဆိုရမယ်။  မြင်းတစ်ကောင်ပျောက်ဆုံးခဲ.ပေမယ်. မြင်းတစ်အုပ် အဖေါ်ခေါ်လာတာမို. သူတို.မှာ
မြင်းတွေအများကြီးပိုင်ခဲ.ရပါတယ်။ မြင်း ကောင်းကောင်းတွေရှိတော. စီးမိကာ မတော်တဆလိမ်.ကျ၊ ခြေကျိုးရ။ ဟော--မြင်းတွေပေါတာ ကောင်းတယ်ဆိုပေမယ်.သားဖြစ်သူဒုက္ခိတဖြစ်ရပြီ။ အကောင်းထည်းမှာ အဆိုးလည်း ရှိတတ်တယ် ကိုတွေ.ရပါတယ်။ ချမ်းသား ဆင်းရဲဆိုတာတွေအားလုံးဟာဘာမှမမြဲကြပါ။ ရေပွက်ပမာ-ခဏတာ။
  စိတ်လှုပ်ရှားလွယ်ခြင်း၊ စိုးရိမ်သောကများခြင်း၊ ပူပန်ကြောင်.ကျတတ်လွန်းခြင်းဟာ စိတ်ခွန်အားနည်းပါး နုနယ်တဲ.သဘောပါပဲ။ တည်ကြည်ခြင်း၊အေးဆေးခြင်း၊ မခက်ထန်ခြင်း၊ ပြာလောင်မခတ်ခြင်း၊ တွေ.လာတဲ. အခြေအနေ အပေါ်မှာ စိတ်ကိုတည်ငြိမ်အောင် ထားနိုင်ခြင်းတို.ဟာ စိတ်ဓါတ်ရင်.ကျက်တဲ. လက္ခဏာပဲ။ 
အသက် အရွယ် ကြီးတာ ငယ်တာနဲ. မဆိုင်ဘူး။ ဘဝအမြင်.၊လောကအမြင် ကြည်လင်ပြီး အနိမ်.အမြင်. အတက်အကျတွေကို ခံနိုင်ရည် ရှိရမှာပါလားရယ်လို. နားလည်သိမြင်၊ခံယူ၊ ကျင်.သုံးတတ်ခြင်း အပေါ်မှာသာ မူတည်ပါတယ်။
အားလုံးလောကဓံကို ရင်ဆိုင်နိုင်ကြပါစေ   ( မောင်မောင် )
ကျနော်အရမ်းလေးစားရပါသော ဆရာ ချစ်နိုင်(စိတ်ပညာ)၏ "အောင်မြင်သူတို.၏ အပြုအမူ"
စာအုပ်ထည်းမှ ပြန်လည်ကောက်နုတ်ဖော်ပြထားချင်းဖြစ်ပါတယ်။
















0 comments:

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။