Monday 31 January 2011

Spyware



မည်သည်. software မဆို အသုံးပြုသူ တစ်ဦး၏ သတင်းအချက်အလက်များကို အခြားသော  source တစ်ခုဆီသို. ထိုအသုံးပြုသူမသိဘဲ လျှို.ဝှက်စွာပို.လွှတ်ပေးနိုင်သော  software ကိုခေါ်ပါတယ်။
တစ်ချို.သော adware များဟာ marketing purpose အတွက် မိမိရဲ. ဋ္ဌာနေ site ဆီသို. information များဖြင်. ပြန်ပို.တတ်ကြပါတယ်။ ဒါကြောင်. adware များဟာလည်း  spyware  တစ်မျိုးပါလို. ပြောချင်ရင်လည်း ပြောနိုင်ပါတယ်။
spyware တွေ မိမိရဲ. စက်ထဲကို ဘယ်လိုရောက်သလဲဆိုတာကို အမျိုးအစားလိုက် ခွဲခြား ကြည်.မယ်ဆိုရင် ပထမ အမျိုးအစားက spyware ကို တစ်ဦးတစ်ယောက်အတွက် ရည်ရွယ်ပြီး (သို.) သူရဲ. ကွန်ပျူတာ တစ်လုံးအတွင်း လျှို.ဝှက်စွာတင်ထားပြီး ထိုကွန်ပျူတာ အသုံးပြုသူ၏  information များ၊  password များ၊ file များ၊ chat ပြောဆိုမှု များ၊ email ပို.လွှတ်မှုများ စသည်တို.ကို ခိုးကြောင်ခိုးဝှက် ရယူ ထောက်လှမ်းခြင်းပဲ ဖြစ်ပါတယ်။
spyware များ ဝင်ရောက်နိုင်တဲ. နောက်တနည်းကတော. အင်တာနက်ပေါ်မှာ  freeware များနှင်.     shareware များကို download ရယူအသုံးပြုခြင်းနှင်. website များကို   browse လုပ်ကြည်.ခြင်းဖြင်.တိုမှလည်း ဝင်ရောက်နိုင်ပါတယ်။ အင်တာနက်ပေါ်မှာ  freeware ( သို.) shareware program တစ်ခုကို install လုပ်တဲ. အခါမှာ  main program အပြင် secondary program တစ်ခုကိုပါ အသုံးပြုသူ မသိဘဲ install လုပ်ရန်ထည်. ပေးလိုက်ပါတယ်။ ထို secondary program မှ user  ၏ ကိုယ်ရေးသတင်း အချက်အလက်များ နှင်.သွားရောက် ကြည်.ရူလေ.ရှိသော website များကို ဋ္ဌာနေ site သို. လျှို.ဝှက်စွာ ပြန်ပို.တတ်ပါတယ်။
spyware များ မိမိရဲ. ကွန်ပျူတာ ထဲမှာ ရှိနိုင် မရှိနိုင်ဆိုတာကို အောက်ပါ အချက်များအတိုင်း စစ်ဆေးနိုင်ပါတယ်။
1) ကွန်ပျူတာ တွင်  pop-up windows များ မကြာခဏ ပေါ် လာခြင်း
2) Browser program တွင် မိမိ ထည်.သွင်းပေးလိုက်သော  website သို.မဟုတ်ပဲ အခြား website တစ်ခုခု သို.လမ်းကြောင်း လွှဲပြောင်းခံရခြင်း
3) Browser program တွင် မိမိ install မလုပ်သော toolbar အသစ်များပေါ်လာခြင်း
4) Browser program  ရှိ homepage အပြောင်းခံရခြင်း
5) Browser program ထဲတွင် keyboard မှ အချို.သော key များ အသုံးပြု ၍ မရတော.ခြင်း
6) တစ်ကြိမ် နှင်.တစ်ကြိမ် မတူညီသော windows error message များ ကျဘမ်း ပေါ်နေခြင်း
7) program များဖွင်.ခြင်း၊ file များ save လုပ်ခြင်း အစရှိသော လုပ်ငန်းများ လုပ်ဆောင်ရာတွင် ကွန်ပျူတာ၏ စွမ်းဆောင်ရည် ကျဆင်းပြီး ရုတ်တရက် နှေးကွေးလာခြင်း
အထက်ပါ အချက်များမှ တစ်ချက်ချက်နှင်. ကိုက်ညီနေပြီဆိုလျှင် spywareတစ်ခု သို.မဟုတ် များစွာသော   spyware များ ဝင်ရောက်ကပ်ညိနေသည်မှာ သေချာသလောက်ပင် ဖြစ်ပါတယ်။
ဖေါ်ပြပါ အချက်အလက်များသည် ကျနော် ဖတ်ဘူး မှတ်ဘူး သည်. စာအုပ်စာပေးများထည်းမှ တစ်ဆင်. လက်ကမ်းဝေငှ ခြင်းသာဖြစ်ပါသည်။  လေ.လာလိုက်စားလိုသူများအတွက် တစ်စုံတစ်ခု အထောက်အကူ ဖြစ်မယ်လို. မျှော်လင်.ပါတယ်။ လေးစားစွာဖြင်.–

2 comments:

အရူးလွယ်အိပ် said...

လာလည်သွားပါတယ်နော်သူငယ်ချင်းပိုမိုအောင်မြင်မူများရှိပါစေ။

အရူးလွယ်အိပ် said...

လာလည်သွားတယ်နော်သူငယ်ချင်း။ပိုမိုအောင်မြင်ပါစေ။

Post a Comment

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။