Tuesday, 7 August 2012

ဆရာကံချွန်၏ မှတ်သားသင်.သောဆုံးမစကားများ


၁။လူ့ဘဝမှာ မကြုံကြိုက်သင့်ဆုံး အရာဟာ "နောင်တ"ပါ။

မလုပ်သင့်ဆုံး အရာဟာ "အမှား"ပါ။

မရှိသင့်ဆုံး အရာဟာ "မကောင်းမှု"ပါ။


၂။"မရှိကို အရှိမလုပ်မိပါစေနဲ့။

အရည်အချင်းဆိုတာ ကိုယ့်မရှိဘဲနဲ့ သူများဆီက ငှါးထားလို့ မရပါဘူး။"


၃။"လောကကြီးမှာ ရိုးသားလို့ အထင်သေးခံရတယ် ဆိုတာ မရှိပါဘူး။

မရိုးသားလို့ အထင်သေးခံရတယ်ပဲ ရှိပါတယ်။"


၎။"စိတ်မထိန်းနိုင်လို့ ပြောမိတဲ့ စကားတစ်ခွန်းကြောင့် မိတ်ဆွေစစ်တွေ ဆုံးရှုံးရတာ၊

အခွင့်အရေးတွေ ဆုံးရှုံးရတာ၊ ရပိုင်ခွင့်တွေ ဆုံးရှုံးရတာ အများကြီး ရှိပါတယ်။

ဒီလိုပဲ စိတ်ကို ထိန်းနိုင်လို့ အောင်မြင်မှု ရတာတွေလည်း အများကြီးပါဘဲ။

စိတ်ကို ထိန်းနိုင်တဲ့လူဟာ လောကဓံ တရားကို ဣနြေ္ဒရရ ရင်ဆိုင်နိုင်ပါတယ်။"


၅။"မပိုင်ဆိုင်ရသေးတာကို ပိုင်ဆိုင်ဖို့ ကြိုးစားနေချိန်မှာ

ပိုင်ဆိုင်ပြီးသားတွေရဲ့ တန်ဖိုးကို မမေ့ဖို့ပါဘဲ။"


၆။"ကောင်းတဲ့ အလုပ်လုပ်တယ်ဆိုတာ အဖော်ပါသည်ဖြစ်စေ၊ မပါသည် ဖြစ်စေ လုပ်ရမှာဗျ။

သူများ လုပ်ခြင်း မလုပ်ခြင်းဟာ ကိုယ်နဲ့ မဆိုင်ဘူး။

ပြီးတော့ ကောင်းတဲ့ အလုပ်ကို သူများ မလုပ်တာနဲ့ ကိုယ်ပါ မလုပ်ဘူးဆိုရင်

ကိုယ် အသိညဏ် နည်းတာပဲ။"


၇။"ပြိုင်ဘီး မဝယ်နိုင်လို့ မစီးနိုင်လို့ စက်ဘီးပြိုင်ပွဲ မဝင်နိုင်ရင်

ကိုယ့်မှာ ခြေထောက် ပါတာပဲ။

အပြေးပြိုင်ပွဲ ဝင်လို့ရတယ်ကွ။

ရုပ်ပိုင်းဆိုင်ရာ မပြည့်စုံလို့ အားငယ်စိတ်၊ သိမ်ငယ်စိတ် မရှိစေရဘူး။"

8 comments:

  1. ကူးပြီါ်သိမ်းထားလိုက်တယ်အစ်ကို..။ အရမ်းကောင်းပါတယ်...။

    ReplyDelete
  2. မှတ်ထားသင့်တဲ့စာစုလေးပါမောင်မောင်ရေ...
    ကျေးဇူးပါကွယ်.....

    ReplyDelete
  3. ကောင်းတယ်ဗျာ..
    သိပ်ကိုကောင်းတဲ့ စကားတွေပါပဲ

    ကူယူဖေါ်ပြပေးတဲ့ အတွက်ကျေးဇူးပါဗျာ။

    ReplyDelete
  4. မောင်လေးရေ..ကော်ပီယူသွားတယ်လို့ ကျေးဇူးပါလို့...

    ReplyDelete
  5. တန်ဘိုးရှိ မှတ်သားစရာတွေပဲ မောင်မောင်ရေ။ နမူနာယူစရာ လက်တွေ့ သာဓကတွေလည်း မနည်းဘူးလေ။ မှတ်သားသွားတယ်နော်။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  6. ငယ်ငယ်ကတည်းက ဆရာကံချွန်ကိုအရမ်းကြိုက်တယ် မောင်မောင်ရေ
    ကော်ပီလေးကူးပရစေနော်

    ReplyDelete
  7. အရမ်းကောင်းပါတယ်
    မှတ်သားနာယူဖွယ်ပါရှင်...

    ReplyDelete
  8. ကော်ပီသွားပါတယ် အကို
    အကို့ရဲ့ ဘလောခ့်ကိုလဲshare ခွင့်ပေးပါ

    ReplyDelete

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။