Tuesday, 14 February 2012

တန်ဖိုးရှိသော အဆိုအမိန်.များ

ဘာမှ မလုပ်တဲ. သူမှာ  ဘာအရည်အချင်းမှ အကောင်အထည် မပေါ်တဲ.အတွက်ကြောင်. ၊ ကိုယ်.ကိုယ်ကိုလေးစားမှု၊ ယုံကြည်မှု အင်မတန်နည်းတယ်။

အကောင်းဆုံးဖြစ်အောင် လုပ်ချင်ရင် ကိုယ်နဲ. အကိုက်ညီဆုံးကို လုပ်မှ အကောင်းဆုံး ဖြစ်တယ်။ ကိုယ်နဲ. အကိုက်ညီဆုံးကို မလုပ်ဘဲနဲ. သူများ အထင်ကြီးတာကို လုပ်ရင် အကောင်းဆုံးဖြစ်ဖို.ရာ မလွယ်တော.ဘူး။

အပျော်အပါးကို ဦးစားပေးပြီးတော. ရေရှည်မှာ အကျိုးရှိမယ်.အလုပ်ကို မလုပ်တဲ.သူဟာ ရေရှည်မှာ မပျော်နိုင်တော.ဘူး။ ပူပင်သောက များမယ်။

မလုပ်တတ်ကြောင်း  များများပြောလေ မလုပ်တတ်လေ ဖြစ်မှာပဲ။

အဖိုးတန်ပစ္စည်းတွေ ၀ယ်ထားရုံနဲ.၊ အဖိုးတန်ပစ္စည်းတွေ သုံးနေရုံနဲ. လူ.အဖိုးတန် မဖြစ်ဘူး။ လူ.အဖိုးတန်
ဖြစ်ချင်ရင် လူတွေကို ကောင်းကျိုးပြုတဲ.အလုပ်ကို လုပ်မှပဲရတယ်။

ကိုယ်.စိတ်ကို သူများက ၀မ်းနည်းအောင် ၀မ်းသာအောင် လုပ်လို.ရနေပြီဆိုရင် ကိုယ်က  သူတို.လက်ခုပ်ထဲက ရေဖြစ်သွားပြီ၊ ဒါဆိုရင် ကိုယ်ဟာ လွတ်လပ်တဲ.သူ ဟုတ်သေးရဲ.လား။  

အရိုးသားဆုံးနည်းနဲ. အခက်ခဲတွေကို ဖြေရှင်းနိုင်တဲ.သူ ဖြစ်လာရင် ပိုပြီးရင်.ကျက်တဲ.သူ မြင်.မြတ်တဲ.သူ ဖြစ်လာလို. ကိုယ်.ဘ၀ကို ပိုပြီးကျေနပ်အားရတယ်။ 


ကိုယ်.ဘ၀ကို ပြည်.စုံအောင် အဓိပ္ပါယ်ရှိအောင် တခြားဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ်.ဟာကိုယ် လုပ်ယူမှပဲရမယ်။ 

မနေ.က ငါထက် ဒီနေ.ငါက ပိုပြီး စိတ်ထား ကောင်းမှသာ ငါ.ဘ၀ကို ငါကျေနပ်နိုင်မယ်။


ဘ၀ကိုမျှောမလိုက်ပဲ ၊ ပဲ.ကို သေသေချာချာ ကိုင်ပြီးတက်နဲ.အားရပါးရ လှော်မှ လိုရာကိုရောက်မယ်။


ဆရာတော် ဦးဇောတိက ၏ တစိမ်.စိမ်.တွေးမယ် စာအုပ်မှ ကောက်နှုတ်ဖော်ပြထားခြင်းဖြစ်ပါတယ်။

                                                                                     
မောင်မောင်(မြစ်ဆုံ) 

9 comments:

  1. တန်ဖိုးရှိတဲ့ စာလေးတွေပါ ကိုမောင်မောင် ခင်ဗျာ.... ဖတ်ခွင့်ရလို့ ကျေးဇူး အထူး :)

    ReplyDelete
  2. မနေ.က ငါထက် ဒီနေ.ငါက ပိုပြီး စိတ်ထား ကောင်းမှသာ ငါ.ဘ၀ကို ငါကျေနပ်နိုင်မယ်။

    ဟုတ်တယ်မောင်မောင်ရေ အဲလိုဆုံးမစာတွေအဆိုအမိန့်တွေက မကြာမကြာဖတ်ပေးသင့်တယ်

    ခင်မင်လျှက်

    အမဂျီး
    မဒိုးကန်

    ReplyDelete
  3. မှတ်သားစရားလေးတွေပါမြစ်ဆုံရေကျေးဇူးပါနော်

    ReplyDelete
  4. အကုန်ကောင်းတယ်ဗျာ သတိပေးနေသလိုပဲ.....စိတ်ထဲစွဲအောင်မှတ်..ကူးမှတ်ထားလိုက်ပါတယ်

    ReplyDelete
  5. မောင်မောင်ရေ
    မှတ်သားစရာတွေများပေမယ့်လဲ အားလုံးမှတ်ခဲ့တယ်

    ReplyDelete
  6. ကျေးဇူးပါမောင်လေးရေ မှတ်သားစရာ လေးတွေအတွက်.

    ReplyDelete
  7. တကယ့် မှတ်သားစရာတွေပါပဲ မောင်မောင်

    ReplyDelete
  8. ဘာမှ မလုပ်တဲ. သူမှာ ဘာအရည်အချင်းမှ အကောင်အထည် မပေါ်တဲ.အတွက်ကြောင်. ၊ ကိုယ်.ကိုယ်ကိုလေးစားမှု၊ ယုံကြည်မှု အင်မတန်နည်းတယ်။
    အဲဒါ...ငါ့ကိုပြောတာဟ :P
    အဖိုးတန်တဲ့...ဆုံးမစာလေးတွေအတွက်
    ကျေးဇူးပါမောင်မြစ်ရေး)

    ခင်မင်လျှက်

    ReplyDelete
  9. ယဉ်သူဝင့်22 February 2012 at 17:04

    I like so much all of ur post however I I pefer like "ကိုယ်.ဘ၀ကို ပြည်.စုံအောင် အဓိပ္ပါယ်ရှိအောင် တခြားဘယ်သူမှ လုပ်မပေးနိုင်ဘူး။ ကိုယ်.ဟာကိုယ် လုပ်ယူမှပဲရမယ်။ "
    Thz u so much မြစ်ဆုံ...

    ReplyDelete

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။