Wednesday, 29 February 2012

မောင်. ချစ်သူ



မျက်ခုံးလေးက ထူ
နှုတ်ခမ်းလေးက ဆူ
တစ်မူ လှတဲ. မောင်.ချစ်သူလေးမို.
မောင်.ရင်မှာ အသွင်မတူ ဘ၀င်ဆူ
ပိုပို ချစ်ပါတယ် ချစ်သူရယ်----

တာဝန်တွေက များ
ဂရုဏာတွေ မရှား
ဖြူစင်စိတ်ထားရှိ သူလေးမို.
မောင်.ရင်.မှာ   အကြင်နာတွေ
ပိုမိပါတယ် ချစ်သူရယ်---

ရေမြေတွေက ခြား
အခြေအနေတွေက ၀ါး
သံသယတွေ မပွားသူလေးမို.
မောင်.ရင်မှာ  မြတ်နိုး
ပုံအပ်ချစ်ပါတယ် ချစ်သူရယ်---

ဆုံချိန်တွေက ရှား
လွမ်းနေရသည်က များ
မျှော်မှန်းထားသောနေ.အမြန်ရောက်စေဖို.
မြတ်ဘုရားမှာ ဆုတောင်းနေပါတော.သည်
မြတ်နိုးရပါသော ချစ်သူ--- ။         
         
                                               မောင်မောင်(မြစ်ဆုံ)

ကျွန်တော်.ဘ၀မှာ မိန်ကလေး တစ်ယောက်အတွက် ပထမဆုံး ကဗျာဖွဲ.ဆို ရေးစပ်ခြင်း ဖြစ်ပါတယ်။ ပထမဆုံး ရေးဖွဲ.ခြင်းခံရသော မိန်းကလေးမှာလည်း မောင်မောင် မြတ်နိုးရသော ချစ်သူမို. ရင်မှာဘာနဲ.မှမတူအောင် ပျှော်ရွှင်မိပါတယ်။ 

12 comments:

  1. ကဗျာလေးလည်းကောင်းပါ၏
    ချစ်သူနဲ့ လည်းဆုံဆည်းရပါစေကွယ်

    ReplyDelete
  2. တစ်ထပ်တည်းပဲအစ်ကို..

    ReplyDelete
  3. အဟမ်း အဟမ်း အဟမ်း
    ရေလည်နူးညံ့နေတယ် မောင်မောင်တို့တော့း))))

    ReplyDelete
  4. ၀ါးးးးးးးးးးးးးးးးမောင်မောင်တို့က ပထမဆုံးရေးတာမို့ပဲ ကောင်းလိုက်တဲ့ကဗျာ
    အချစ်သည် ကဗျာတစ်ပုဒ်အသက်ဝင်စေ၏

    ReplyDelete
  5. မောင်မောင်ရဲ့ပထမဆုံး ကဗျာလေးကကောင်းလိုက်တာ ကဗျာဆရာပဲလုပ်ပါတော့

    ReplyDelete
  6. မျှော်မှန်းထားသော နေ့ အမြန်ရောပါစေကြောင်း ဆုမွန်တောင်းပါသည်

    ReplyDelete
  7. ကျေးဇူးပါဘဲ ချစ်စံအိမ် မေမြို.မိုး အစ်မမဒမ်ကိုး အစ်မဂျက် အစ်ကိုလွင်ပြင်

    ReplyDelete
  8. ကဗျာလေးက ချစ်ခြင်းမေတ္တာတွေ စီးဆင်းလို့ နူးညံ့နေလိုက်တာ ..

    ခင်တဲ့
    မြတ်

    ReplyDelete
  9. ရင်တွင်းခံစားချက်လေးကို ကဗျာလေးတစ်ပုဒ်အဖြစ်
    ဖန်တီးသွားတာပါလား မောင်မောင်ရေ။
    ကိုယ့်ချစ်သူအပေါ်ထာဝရတန်ဘိုးထားနိုင်ပါစေကွယ်။
    ကြည်လင်အေးမြတဲ့စိတ်ဓာတ်အမြဲပိုင်ဆိုင်ခွင့်ရပါစေ။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  10. စစ်သားမှာလည်း အသည်းနဲ့ပါ ပေါ့ ဟုတ်လား

    ခင်တဲ့အမ ပစ်ပစ်

    ReplyDelete
  11. သြော်...ချစ်တက်လိုက်တာ....ဒီမိန်းခလေး ကံကောင်းလိုက်ပါဘိနော်...:):)

    ReplyDelete
  12. ကဗျာလေးက ကောင်း၊ ခံစားချက်အပြည့်နဲ့ ရေးထားတာဆိုတော့ ချစ်သူလေးလည်း ဘဝင်ခိုက်မိမှာ အမှန်ပဲ။

    ReplyDelete

မိတ်ဆွေများရဲ. စကားတစ်ခွန်းဟာ ကျွန်တော်.အတွက် အားဆေးတစ်ခွက်ပင်ဖြစ်ပါတယ်။